Skip to main content

၁၃၈၈ (၂၀၂၆ ခုနှစ်) (၃၂) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ

နေပြည်တော် ဇူလိုင် ၁၃

သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၁၃၈၈ (၂၀၂၆ ခုနှစ်)၊ (၃၂) ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲကြီးကို တစ်ပြည်လုံးရှိ ခွင့်ပြုစာဖြေဌာန ၇၈ ဌာနတို့၌ ၂၀၂၆ ခုနှစ် ဇွန် ၅ ရက် (သောကြာ) နေ့မှ ဇွန် ၉ ရက် (အင်္ဂါ) နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပခဲ့သည်။

ယင်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ပုဂ္ဂိုလ်ဦးရေ ၁၉၃၀၂ ပါးရှိပြီး ဖြေဆိုသည့် ပုဂ္ဂိုလ်ဦးရေမှာ ၁၃၇၉၇ ပါးဖြစ်၍ ကျမ်းစဉ်အလိုက် အောင်မြင်သူဦးရေ စုစုပေါင်းမှာ ၆၇၄၇ ပါး ဖြစ်ရာ ၄၈ ဒသမ ၉၀ ရာခိုင်နှုန်းအောင်မြင်ကြသည်။

အုပ်စု (၁) ခုဒ္ဒကနိကာယ (ဝိနယပိဋက) ဝိနည်းငါးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် ငါးကျမ်းအောင် ၁၀၅၉ ပါး၊ လေးကျမ်းအောင်အပါး ၇၉၀၊ သုံးကျမ်းအောင် ၇၀၄ ပါး၊ နှစ်ကျမ်းအောင် ၉၇၄ ပါး၊ တစ်ကျမ်း အောင် ၁၅၂၂ ပါးတို့ဖြစ်ပါသည်။ ဝိနည်းငါးကျမ်းအောင် ၁၀၅၉ ပါးတို့တွင် ပထမ၊ ဒုတိယ၊ တတိယ၊ သီလရှင်ပထမရရှိသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)    ခုံအမှတ် စိန်/၁၂၂၊ ရှင်ပညာနန္ဒာစာရာလင်္ကာရ အသက် (၂၀) နှစ်၊ အဘ ဦးဌေးလှိုင်၊ ကြာအင်းကျေးရွာ၊ ဇလွန်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ (ပထမ)

(ခ) ခုံအမှတ် မုံ/၂၂၊ ရှင်ကုဝေရ၊ အသက် (၂၁)နှစ်၊ အဘ ဦးသိန်းနိုင်၊ ထန်းပုရွာ၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ သာသနာ့ရောင်ခြည်ကျောင်းတိုက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။ (ဒုတိယ)

(ဂ) ခုံအမှတ် စက/၃၀၄၊ ရှင်ကဝိန္ဒာစာရ၊ အသက် (၁၇) နှစ်၊ အဘ ဦးအေးဘ၊ ကွင်းသာရွာ၊ တောင်တွင်းကြီးမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ မဟာစကြာကျောင်းတိုက်၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။ (တတိယ)

(ဃ) သီလရှင်ပထမခုံအမှတ် မန်း/အမဇ/၁၂၈၊ မပညေသီ၊ အသက် (၃၂) နှစ်၊ အဘ ဦးမောင်ထူး၊ ချောင်းဆုံရွာ၊ တောင်သာမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ဓမ္မဝိဟာရီသီလရှင်စာသင်တိုက်၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး။

အုပ်စု (၂) ဒီဃနိကာယ (သုတ္တန္တပိဋက) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင်အပါး ၉၀၊ နှစ်ကျမ်းအောင် ၂၂၉ ပါး၊ တစ်ကျမ်းအောင် အပါး ၂၁၀ တို့ဖြစ်ပါသည်။ သုံးကျမ်းအောင်အပါး ၉၀ တို့တွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်း ဖြစ်သည်-

(က) ခုံအမှတ် ဒဂရ/၇၊ အရှင်စန္ဒသာရာလင်္ကာရ၊ အသက် (၃၅) နှစ်၊ အဘ ဦးကျော်ဝင်း၊ ဒူးယားမြို့သစ်၊ ဟင်္သာတမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ (ပထမ)

(ခ)     ခုံအမှတ် ဒဂန/၁၊ အရှင်အဂ္ဂသီလ၊ အသက် (၄၂) နှစ်၊ အဘ ဦးကံမြင့်၊ ရွာသာရွာ၊ ခင်ဦးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိပိဋကနိကာယကျောင်းတိုက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ (ဒုတိယ)

(ဂ) ခုံအမှတ် ဒဂရ/၅၊ အရှင်ပညာသာမီလင်္ကာရ၊ အသက် (၃၅) နှစ်၊ အဘ ဦးသောင်းညွန့်၊ ရွှေအိုင်ရွာ၊ တန့်ဆည်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ (တတိယ)

အုပ်စု (၃) မဇ္ဈိမနိကာယ (သုတ္တန္တပိဋက) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင် ၄၆ ပါး၊ နှစ်ကျမ်းအောင် ၃၃ ပါး၊ တစ်ကျမ်းအောင် ၂၆ ပါးတို့ဖြစ်သည်။

အုပ်စု (၄) သံယုတ္တနိကာယ (သုတ္တန္တပိဋက) သုံးကျမ်းဖြေဆိုကြသောပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင် ၂၅ ပါး၊ နှစ်ကျမ်းအောင် ၁၇ ပါး၊ တစ်ကျမ်းအောင် ကိုးပါးတို့ဖြစ်သည်။

အုပ်စု (၅) အင်္ဂုတ္တရနိကာယ (သုတ္တန္တပိဋက) သုံးကျမ်းဖြေဆိုကြသောပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင် ၂၈၃ ပါး၊ နှစ်ကျမ်းအောင် အပါး ၂၁၀၊ တစ်ကျမ်းအောင် ၁၇၈ ပါးတို့ဖြစ်ပါသည်။ သုံးကျမ်းအောင် ၂၈၃ ပါးတို့တွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ခုံအမှတ် မှော်/၄၆၊ ရှင်စန္ဒကိတ္တီလင်္ကာရ၊ အသက် (၁၈) နှစ်၊ အဘ ဦးဇော်ဦး၊ ပင်စိမ်းပင်ရွာ၊ ပင်းတယမြို့နယ်၊ ရှမ်းပြည်နယ်၊ ဖားအောက်တောရစာသင်တိုက်၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ (ပထမ)

(ခ)     ခုံအမှတ် စက/၁၉၊ အရှင်ပညာပဇ္ဇောတာလင်္ကာရ၊ အသက် (၂၁) နှစ်၊ အဘ ဦးအောင်လင်း၊ လိန်တောရွာ၊ ရေဦးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြစကြာကျောင်းတိုက်၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။ (ဒုတိယ)

(ဂ)     ခုံအမှတ် မင်္ဂလာ/၁၇၊ အရှင်ကဝိနန္ဒ၊ အသက် (၂၂) နှစ်၊ အဘ ဦးမြင့်ကျော်၊ အုပ်ကြီးရွာ၊ မလှိုင်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မြရွှေပင်သဒ္ဓမ္မသုခပရိယတ္တိစာသင်တိုက်၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ (တတိယ)

အုပ်စု (၆) ခုဒ္ဒကနိကာယ (၁) (သုတ္တန္တပိဋက) ဖြေဆိုကြသောပုဂ္ဂိုလ်တို့တွင် ငါးကျမ်းအောင် ခုနစ်ပါး၊ လေးကျမ်းအောင် (-) ပါး၊ သုံးကျမ်းအောင် (-) ပါး၊ နှစ်ကျမ်းအောင်လေးပါး၊ တစ်ကျမ်းအောင် (-) ပါးတို့ ဖြစ်သည်။

အုပ်စု (၇) ခုဒ္ဒကနိကာယ (၂) (သုတ္တန္တပိဋက) ဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် ငါးကျမ်းအောင် တစ်ပါး၊ လေးကျမ်းအောင် (၁) ပါး၊ သုံးကျမ်းအောင် (၂) ပါး၊ နှစ်ကျမ်းအောင် (-) ပါး၊ တစ်ကျမ်းအောင် (-) ပါးတို့ ဖြစ်သည်။

အုပ်စု (၈) ခုဒ္ဒကနိကာယ (အဘိဓမ္မပိဋက) (ပထမပိုင်း) နှစ်ကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် နှစ်ကျမ်းအောင် ၁၅၅ ပါး၊ တစ်ကျမ်းအောင် ၁၂၇ ပါးတို့ဖြစ်သည်။ နှစ်ကျမ်းအောင် ၁၅၅ ပါးတို့တွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော အထူးအောင်ပုဂ္ဂိုလ်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) ခုံအမှတ် ဒဂရ/၁၊ အရှင်အာစာရာလင်္ကာရ၊ အသက် (၄၂) နှစ်၊ အဘ ဦးအောင်ဒင်၊ အင်းကြီးရွာ၊ ရွာငံမြို့နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တိပိဋကမဟာဂန္ထဝင်နိကာယ်ကျောင်းတိုက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ (ပထမ)

(ခ)     ခုံအမှတ် စိန်/၁၊ အရှင်စန္ဒသိရီလင်္ကာရ၊ အသက် (၂၅) နှစ်၊ အဘ ဦးစိုင်းကော်ခမ်း၊ လွိုင်စုံရွာ၊ တန့်ယန်းမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရွာမပရိယတ္တိစာသင်တိုက်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ (ဒုတိယ)

(ဂ)     ခုံအမှတ် စက/၁၂၊ အရှင်စန္ဒိမာလင်္ကာရာဘိဝံသ၊ အသက် (၂၉) နှစ်၊ အဘ ဦးကြည်ဝင်း၊ တာဝရွာ၊ ယင်းမာပင်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြစကြာကျောင်းတိုက်၊ စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး။ (တတိယ)

အုပ်စု (၉) ခုဒ္ဒကနိကာယ (အဘိဓမ္မပိဋက) (ဒုတိယပိုင်း) လေးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် လေးကျမ်းအောင် (၃) ပါး၊ သုံးကျမ်းအောင် (၄) ပါး၊ နှစ်ကျမ်းအောင် (-) ပါး၊ တစ်ကျမ်းအောင်တစ်ပါးတို့ ဖြစ်သည်။     

အုပ်စု (၁) ခုဒ္ဒကနိကာယ (ဝိနယပိဋက) ဝိနည်းအဋ္ဌကထာ (မဟာဝိဒူတန်း) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင်ရှစ်ပါး၊ နှစ်ကျမ်းအောင်ရှစ်ပါး၊ တစ်ကျမ်းအောင် ရှစ်ပါးတို့ဖြစ်သည်။

အုပ်စု (၂) ဒီဃနိကာယ (သုတ္တန္တပိဋက) ဒီဃနိကာယ်အဋ္ဌကထာ (မဟာဝိဒူတန်း) သုံးကျမ်းဖြေဆို ကြသောပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင်လေးပါး၊ နှစ်ကျမ်းအောင်နှစ်ပါး၊ တစ်ကျမ်းအောင် တစ်ပါးတို့ဖြစ်သည်။

အုပ်စု (၄) သံယုတ္တနိကာယ (သုတ္တန္တပိဋက) သံယုတ္တနိကာယ်အဋ္ဌကထာ (မဟာဝိဒူတန်း) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် အောင်မြင်သူမရှိ။

အုပ်စု (၅) အင်္ဂုတ္တရနိကာယ (သုတ္တန္တပိဋက) အင်္ဂုတ္တိုရ်အဋ္ဌကထာ (မဟာဝိဒူတန်း) သုံးကျမ်းဖြေဆို ကြသောပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင်တစ်ပါး၊ နှစ်ကျမ်းအောင်သုံးပါး၊ တစ်ကျမ်းအောင်နှစ်ပါးတို့ဖြစ်သည်။

အုပ်စု (၇) ခုဒ္ဒကနိကာယ (အဘိဓမ္မပိဋက) အဋ္ဌကထာ (မဟာဝိဒူတန်း) သုံးကျမ်းဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် သုံးကျမ်းအောင် (-) ပါး၊ နှစ်ကျမ်းအောင်တစ်ပါး၊ တစ်ကျမ်းအောင် (-) ပါးတို့ဖြစ်သည်။

အုပ်စု (၈) ခုဒ္ဒကနိကာယ (အဘိဓမ္မပိဋက) အဋ္ဌကထာ (မဟာဝိဒူတန်း) နှစ်ကျမ်းဖြေဆိုကြသောပုဂ္ဂိုလ်တို့တွင် နှစ်ကျမ်းအောင် တစ်ပါး၊ တစ်ကျမ်းအောင် (-) ပါးတို့ဖြစ်သည်။

အုပ်စု (၉) ခုဒ္ဒကနိကာယ (အဘိဓမ္မပိဋက) အဋ္ဌကထာ (မဟာဝိဒူတန်း) ဖြေဆိုကြသော ပုဂ္ဂိုလ်တို့တွင် အောင်မြင်သူနှစ်ပါးဖြစ်သည်။

၁၃၈၈ (၂၀၂၆ ခုနှစ်)၊ (၃၂) ကြိမ်မြောက် နိကာယ်စာမေးပွဲအောင်စာရင်းကို ဝိဒူတန်းအုပ်စု (၉) အုပ်စုနှင့် မဟာဝိဒူတန်းအုပ်စု (၇) အုပ်စုတို့တွင် ကျမ်းစဉ်အလိုက် အောင်မြင်ကြသူပေါင်း ၆၇၄၇ ပါးဖြစ်သည်။

၁၃၈၈ (၂၀၂၆ ခုနှစ်)၊ (၃၂) ကြိမ်မြောက် နိကာယ်စာမေးပွဲအောင်စာရင်းအပြည့်အစုံကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ Website www.mahana.org.mm၊ သာသနာရေးဝန်ကြီးဌာန Website www.mora.gov.mm နှင့် သာသနာရေးဦးစီးဌာန Website www.dra.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

သတင်းစဉ်