ရန်ကုန် ဇန်နဝါရီ ၂၆
ဆံတော်ရှင်ဆူးလေစေတီတော် (၁၀၈)ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲနှင့် ဆွမ်းဆန် စိမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် အဆိုပါ စေတီတော် ရင်ပြင်ရှိ ကျက်သရေဆောင်ခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင် မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသထံ မှ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များနှင့် စေတနာရှင် အလှူရှင်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်ကြသည့် ပရိတ်တရားတော်များ နာယူကြသည်။
ယင်းနောက် ဆံတော်ရှင်ဆူးလေ စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်း လောင်းလှူရေးအဖွဲ့ဥက္ကဋ္ဌ ဂေါပကအဖွဲ့ဝင် ဦးသန်းဆွေက ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် စပ်လျဉ်း၍ လျှောက်ထားသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင်ချုပ် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်း ကျောင်းဆရာတော် ဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်းအမျှပေး ဝေကြသည်။
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယ ကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ ဆံတော်ရှင် ဆူးလေစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါ စရိယ ဆရာတော်ကြီးများအပါအဝင် ပရိယတ္တိ စာသင်တိုက်ကြီးများမှ စာချစာသင် သံဃာတော်အပါး ၁၈၀ နှင့် ပရိယတ္တိစာသင်တိုက်များမှ စာချစာသင်သီလရှင်အပါး ၅၀ စုစုပေါင်း အပါး၂၃၀ တို့အား ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လမ်းမတော်မြို့နယ်နှင့် လသာမြို့နယ်များမှ စေတနာရှင် အလှူရှင်များက ဆွမ်းဆန်စိမ်းများ လောင်းလှူပူဇော်ကြကြောင်း သိရသည်။
သတင်းစဉ်