Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇူလိုင် ၂၀

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ်မှ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး H.E. Mr. Indrika Ratwatte ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ မန္တလေးငလျင်ဘေးဖြစ်ပွားစဉ်အတွင်း ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ လူသားချင်း စာနာမှုအကူအညီများ ပေးအပ်နိုင်ရေးကိစ္စ၊ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံနိုင်ရေးဆောင်ရွက် ထားရှိမှုများ၊ AHA Centre နှင့် ဝန်ကြီးဌာနအကြား ပူးပေါင်းဆောင်ရွက်နေမှုများ၊ မိုင်းအသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် UNOCHA အဖွဲ့တို့အကြား လက်မှတ်ရေးထိုးထားရှိသည့် သဘောတူညီမှုစာလွှာ (Letter of Agree-ment - LoA) ပါ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် မှုကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်