Skip to main content

တိုက်ကြီးမြို့နယ်တွင် တောဆင်ရိုင်းတစ်ကောင် လူနေအိမ်တစ်လုံးဖျက်ဆီး

တိုက်ကြီး ဇန်နဝါရီ  ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဖလုံဘူတာကျေးရွာအုပ်စု ရွှေမြိုင်သာယာကျေးရွာ၏ အရှေ့ဘက်တစ်မိုင်ခန့်အကွာ တောစပ်ရှိ ဦးမင်းသိန်းမိသားစု နေထိုင်သည့် နေအိမ်အား ယမန်နေ့ နံနက် (၂) နာရီခွဲခန့်က တောဆင်ရိုင်း တစ်ကောင် ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်အား အလျား (၇)ပေ၊ အမြင့်(၈)ပေခန့်ရှိ အမဲရောင်ဆင်ထီး အစွယ်မရှိ (ဟိုင်းဆင်) တစ်ကောင် ဝင်ရောက် ဖျက်ဆီးခဲ့ကြောင်း၊ တောဆင်ရိုင်း ဝင်ရောက်စဉ် နေအိမ်ရှိ မိသားစုဝင်(၃)ဦးသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေသဖြင့် အသက်အန္တရာယ် ထိခိုက်မှုမရှိခဲ့ကြောင်းနှင့်  ၎င်းတောဆင်ရိုင်းမှာ တောထဲသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)