Skip to main content

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဆင့် ဆရာဝန်ရာထူးနှင့် ဆရာဝန် (သွားနှင့်ခံတွင်း) စတင်ခန့် အရာထမ်းရာထူးများအတွက် စိတ်အခြေအနေနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးနေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဇူလိုင်  ၂၃

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ဆရာဝန်ရာထူး ၁၆၀ နေရာနှင့် ဆရာဝန်(သွားနှင့်ခံတွင်း) ရာထူး ၄၂ နေရာတို့အတွက် လျှောက်ထားသူ ၁၄၂ ဦးအား စိတ်အခြေအနေစစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အထိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအမှတ် (၁၇) ၌ ဆောင်ရွက်လျက်ရှိသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁၇)၌ စိတ်အခြေအနေစစ်ဆေးရေးအဖွဲ့များက ရေးဖြေနှင့်လူတွေ့စိတ်စစ်ဆေးနေမှု၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်ပုဂ္ဂိုလ်များက လူတွေ့စစ်ဆေးမေးမြန်းနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စာမေးပွဲဖြေဆိုရန် ရောက်ရှိနေသူများအား နှုတ်ဆက်အားပေးစကားပြောကြားသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ပြည်သူ့အတွက်ကြိုးပမ်းဆောင်ရွက်အစီအစဉ်တွင် ပြည်သူများ  အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအကောင်အထည်ဖော်လျက်ရှိရာ လက်ထောက်ဆရာဝန်ရာထူးနေရာနှင့် လက်ထောက်ဆရာဝန်(သွားနှင့်ခံတွင်း) ရာထူးနေရာတွင် ခန့်ထားရန်အတွက် ပြန်တမ်းဝင်အဆင့်စတင်ခန့် အရာထမ်းရာထူးများကို နှစ်စဉ်ကြော်ငြာခေါ်ယူ၍ စနစ်တကျရွေးချယ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိပြီး ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ မြှင့်တင်ခန့်ထားရေးအတွက် ရွေးချယ်ရေးလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကျန်ရှိသော စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း သတ်မှတ်ထားသည့်အတိုင်း ဆက်လက်စစ်ဆေးရွေးချယ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်