နေပြည်တော် ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာ မြို့နယ်တွင် ဇူလိုင် ၃၀ ရက် ညပိုင်းကမိုးသည်း ထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုကြောင့် ငဝန်မြစ်ရေကာတာ ကျိုးပေါက်ကာ လေးမျက်နှာမြို့ပေါ် ရပ်ကွက်(၅)ခု မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၄၅ ရွာသို့ ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့သဖြင့် အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် နယ်မြေခံတပ်မတော် သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ စုပေါင်း၍ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ ရေဘေးသင့်ပြည်သူများအား ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးမှု၊ ပစ္စည်းများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းမှု၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ ဆောင်ပေးမှု၊ လိုအပ်သော ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးမှု၊ မြစ်ရေဝင်ရောက်မှုအား ကာကွယ်ရန် ရေရှိန်တားပြုလုပ်နေမှုနှင့် ရေကာတာတာပေါင် မြေဖို့ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့ကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများကသွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
