Skip to main content

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် မြန်အောင်မြို့နယ် ရွှေကျင်နယ်မြေ မီးသတ်စခန်း ဖွင့်ပွဲနှင့် အ-ထ-က ငါးပိဆိပ်ကျောင်း အဆင့်တိုးမြှင့်ဖွင့်ပွဲအခမ်းအနားများ တက်ရောက်

မြန်အောင် ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ယမန်နေ့ နံနက်က မြန်အောင်မြို့နယ် ရွှေကျင်နယ်မြေ မီးသတ်စခန်းဖွင့်ပွဲနှင့် အ-ထ-က ငါးပိဆိပ်ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ရွှေကျင်နယ်မြေ မီးသတ်စခန်းအသစ်ကို ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးသယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်နှင့် တိုင်းမီးသတ်ဦးစီးမှူး ဦးမျိုးလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမှတ်တရ မှတ်တမ်း ဓာတ်ပုံ စုပေါင်းရိုက်ကူး၍ မီးသတ်စခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ အ-ထ-က ငါးပိဆိပ်ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်နှင့် တိုင်းပညာရေးမှူးတို့က အ-ထ-က ငါးပိဆိပ်ကျောင်း မုဉ်ဦးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြသည်။ အခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်ပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဒေသခံ ပြည်သူများနှင့်‌တွေ့ဆုံ၍ ပြည်သူများတင်ပြသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ရှိသူများက ပြန်လည်ရှင်းပြောကြားခဲ့ကြသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်သည် ရင်းတိုက်ကုန်းစာကြည့်တိုက်‌ ငွေပဒေသာပင်အတွက် အလှူငွေ လှူဒါန်းပြီး အ-မ-က(ခွဲ) ရင်း တိုက်ကုန်းနှင့်အ-မ-က(ခွဲ) ရေလဲကျောင်းတို့တွင် ‌ဒေသခံ ပြည်သူများနှင့်တွေ့ဆုံ၍ မြန်အောင်မြို့နယ် ကျွဲဂေါင်းကြီးတာ ရေထိန်းနံရံ၊ မြစ်ကမ်းထိန်းလုပ်ငန်း တည်ဆောက်ထားမှုအ‌ခြေအနေကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ဝင်းဗိုလ် (မြန်အောင်)