ဘားအံ ဇန်နဝါရီ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တက်ရောက်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဘားအံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၃၈၄၁)ဦး၊ အသက်(၂) နှစ် အောက် ကလေးသူငယ်(၆၇၁၆) ဦး၊ စုစုပေါင်း(၁၀၅၅၇) ဦးအတွက် ထောက်ပံ့ငွေ (၄၇၄၇၅၀၀၀ဝိ/-) ကျပ်နှင့် အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား (၁၇၁၄)ဦး အတွက် လူမှုရေးပင်စင်ထောက်ပံငွေ (၅၁၄၂၀၀၀ဝိ/-) ကျပ်အား ဘားအံမြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်စိုး ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပြည်နယ် ဥပဒေချုပ် တို့က အခမ်းအနားသို့ တက်ရောက်လာသော ဘားအံမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)