Skip to main content

အမျိုးသားလွှတ်တော်သို့ လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော် ဇန်နဝါရီ ၂၇

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘမျိုးသိန်း၏ မိတ်ဆွေခြောက်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဦး၏ မိတ်ဆွေတစ်ဦး၊ ကရင်ပြည်နယ် မြဝတီမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဗိုလ်၏မိတ်ဆွေ ၃၆ ဦးနှင့် အမျိုးသားလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဌေးဌေးဝင်း၏ မိတ်ဆွေသုံးဦး စုစုပေါင်း ၄၆ ဦး တို့သည် အမျိုးသားလွှတ်တော်အစည်းအဝေး ကျင်းပ နေမှုကို တက်ရောက်လေ့လာကြပြီး မွန်းလွဲပိုင်းတွင် တောင်ကြီးလူငယ်စင်တာ (Taunggyi Youth Center) မှ သင်တန်းသား သင်တန်းသူ ၅၂ ဦးတို့သည် အမျိုးသားလွှတ်တော်သို့ လာရောက်လေ့လာကြကြောင်း သိရ သည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး စတင်ကျင်းပသည့်ရက်မှ ယနေ့အထိ အမျိုးသား လွှတ်တော်သို့ လာရောက်သည့် ဧည့်သည် စုစုပေါင်းမှာ ပြည်တွင်းဧည့်သည် ၂၂၁၂၄ ဦးနှင့် ပြည်ပဧည့်သည် ၂၃၀၀ ရှိကြောင်း သိရသည်။

သတင်းစဉ်