Skip to main content

Our Life Scholarship Program ပညာသင်ဆုဆိုင်ရာ ဟောပြောဆွေးနွေး

ရန်ကုန် ဇန်နဝါရီ ၂၇

Our Life Scholarship Program ပညာသင်ဆု ဆိုင်ရာ ဟောပြောဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်း က ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် Save The Library တည်ထောင်သူ ဆရာဦးမောင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် KAWI English and Business Institute မှ ဆရာရဲဖြိုးဟန်က Our Life Scholarship Program နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် Myanmar’s Land Institute မှ CEO ဒေါက်တာလင်းသိုက်ညွန့်က လူငယ်များအတွက် အသိပညာဗဟုသုတများအကြောင်း ဆွေးနွေးပြောကြားသည်။

ယနေ့ပြုလုပ်သည့် Our Life Scholarship Program ပညာသင်ဆုဆိုင်ရာ ဟောပြောဆွေးနွေးပွဲသို့ စိတ်ပါဝင်စားသူ လူငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်