Skip to main content

မန္တလေးတက္ကသိုလ်တွင် သံဃာအပါး ၅၀၀ ဆွမ်းလောင်းပွဲ ကျင်းပ

မန္တလေး ဇန်နဝါရီ ၁

မန္တလေးတက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ် မေတ္တာမျက်ဝန်း လူငယ်ပရဟိတဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် သံဃာအပါး ၅၀၀ သံဃာဒါန ဆွမ်းလောင်းပွဲကို မန္တလေးတက္ကသိုလ် ပင်မဆောင်မျက်နှာစာ၌ ယနေ့ နံနက် ၇ နာရီတွင် ကျင်းပသည်။

လောင်းလှူ

ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအရှင်ဇောတိက က သီလပေးရေစက်ချ တရားဟောကြားခြင်း၊ သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ခြင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအရှင်ဇောတိကနှင့် IBEC ဆရာတော် ဒေါက်တာအရှင်သောဘိတ(စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင်)တို့က ဆုံးမဩဝါဒစကား မြွက်ကြားခြင်း၊ သံဃာတော်များအား ဆွမ်း၊ လှူဖွယ်ပစ္စည်းများ လောင်းလှူခြင်း စသည့်အစီအစဉ်များဖြင့် ကျင်းပခဲ့သည်။

ဆက်ကပ်လှူဒါန်း

အဆိုပါဆွမ်းလောင်လှူပွဲသို့ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဦးဆောင်သော ဆရာ ဆရာမ များ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ မန္တလေးတက္ကသိုလ် မေတ္တာမျက်ဝန်း လူငယ်ပရဟိတဖောင်ဒေးရှင်းအသင်းသားများ၊ အလှူရှင်များ လာရောက်၍ သံဃာတော်များအား ဆွမ်း၊ လှူဖွယ်ပစ္စည်း မျိုးစုံတို့ဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

တင်မောင်(မန်းကိုယ်ပွား)