Skip to main content

Oct 19, 2023

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ကျောင်းတိုက်များမှ သံဃာတော် ၅၃ ပါးတို့ကိုလည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ တောရကျောင်းပရိယတ္တိစာသင်တိုက်မှ သံဃာတော် ၈၉ ပါးတို့ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ နဝင်းရပ်ကွက်ရှိ ဝင်္ကဘာတောရဘုန်းတော်ကြီးကျောင်းတိုက်မှ သံဃာတော် ၄၇ ပါးတို့ကိုလည်းကောင်း သတ်မှတ်နေရာအသီးသီး၌ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခု ထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်(၃)ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန စိုက်ပျိုးမွေးမြူရေးစခန်းသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၌ အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက် အထိ ကျင်းပခဲ့သည့် (၃၉) ကြိမ်မြောက် အာဆီယံ အရင်းအနှီးဈေးကွက်ဖိုရမ်ဥက္ကဋ္ဌများ အစည်းအဝေး နှင့် အပြည်ပြည်ဆိုင်ရာနှီးနှောဖလှယ်ပွဲ (39th ASEAN Capital Markets Forum – ACMF Chairs’ Meeting and International Conference) နှင့် (Technical Workshop) များသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ တွင် ငွေကြေးလုပ်ငန်းအုပ်ချုပ်မှုဌာန၏ ငွေစစ်ခန်းမ များနှင့် ငွေလဲကောင်တာ၌ ငွေကြေးလုပ်ငန်း စီမံ ဆောင်ရွက်နေမှု၊ စာရင်းဌာနမှ ဆောင်ရွက်လျက်ရှိ သော CBM Net System ဖြင့် နေ့စဉ်ဆောင်ရွက်နေမှု များ CTS (Cheque Truncation System) နှင့်ပတ်သက် ၍ ဘဏ်များအကြား စာရင်းရှင်းလင်းမှု လုပ်ဆောင် နေမှု၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက် လျက်ရှိသော ERS (Electronic Reporting System) ဖြင့် နေ့စဉ်သတင်းပေးပို့မှုစနစ်၊ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနက ဘဏ်များနှင့်ဆောင်ရွက် လျက်ရှိသော MIS (Management Information System) ၏ Reporting စနစ်များ စိစစ်ခြင်း အခြေအနေ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ရောက်ရှိပြီး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန (၄) ခုမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာန၏ မူဝါဒ၊ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး ပြည်ထောင်စုအဆင့်လုပ်ငန်းကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့် မန္တလေးမြို့သို့ ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်မြို့နယ် စက်မှုဆေးရုံဝင်းရှိ   လူမှုဖူလုံရေး - ကုဋေဌေး အထွေထွေရောဂါကုဆေးခန်းနှင့် အောက်ချိုင့်ရပ်ကွက် စုပေါင်းရုံးရှိ  လူမှုဖူလုံရေး - ဘေးမခ အထွေထွေရောဂါကု ဆေးခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဆေးခန်းမျက်နှာစာများ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်ရှိ ဇီဝိတဒါနသံဃာ့ဆေးရုံကြီး၌ ဇီဝိတဒါန သံဃာ့ဆေးရုံအုပ်ကြီး၊ ဆေးရုံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

၁၈ - ၁၀ - ၂၀၂၃ ရက်နေ့ တိုင်းဒေသကြီးနှင့် ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး  ဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

စာပေနှင့် အနုပညာမူပိုင်ခွင့်ဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ အာဏာတည်သည့်နေ့ရက် သတ်မှတ်

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ ပထမဆုံးအချက်တွင် “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထား ဆောင်ရွက်သွားမည်” နှင့် နိုင်ငံရေးဦးတည်ချက် တတိယအချက်တွင် “ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး”တို့ကို ချမှတ်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 19, 2023

နိုင်ငံ့စီးပွားတိုးတက်ရေးတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်ရန်လိုသည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက်ပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကလုပ်ကိုင်ကြပြီး စိုက်ပျိုးရေးနှင့် ဆက်စပ်လျက်ရှိသည့် ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိကြရာ စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့ကို မြှင့်တင်ပေးနိုင်သည်နှင့်အမျှ နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သော ပြည်သူများ၏ လူမှုအဆင့်အတန်းများလည်း ပြောင်းလဲတိုးတက် လာနိုင်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2023

ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနယ်မြေအတွင်း Online လိမ်လည်မှုများ၊ လူကို သွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ ခြောက်လှန့်တောင်းယူမှုများကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်နေသော ချန်ရန်ပန်(ခ) ပေါက်အိုက်ပန်းနှင့် ရှောက်ရန်ပန်(ခ)ဟော်ချင်ထင်တို့ကို ဥပဒေအရအရေးယူရန်အတွက် ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် ဟိုပန်ခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 18, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်