Jun 25, 2026
သစ်အခြေခံစက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 25, 2026
အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၆) ကို နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 25, 2026
မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများနှင့်ပတ်သက်၍ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနများမှ ဗဟိုကော်မတီဝင်များနှင့် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ လူတွေ့မေးမြန်း အကဲဖြတ်ခံကြမည့် နိုင်ငံခြားသားများ တက်ရောက်ကြသည်။
Jun 25, 2026
ကမ္ဘာ့ MSME နေ့ (World MSME Day) ကျင်းပမည်
Jun 25, 2026
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ဇနီးဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မြိတ်တပ်နယ်နှင့် ကျွန်းစုမြို့ရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား သီးခြားစီသွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
Jun 25, 2026
“ဒီဂျစ်တယ်အခြေပြု မြန်မာ့အေအိုင်ခေတ်ဆီသို့” စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ခွဲတွင် နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
Jun 25, 2026
ဘယ်လာရုစ်နိုင်ငံ ဘရက်စ်မြို့၌ ကျင်းပပြုလုပ်သည့် 2 International Forum of the Union State " Great Heritage Common Future " ဖိုရမ် တက်ရောက်ရာမှ ပြန်လည်ထွက်ခွာလာသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၄ ရက် ဒေသစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ သုဝဏ္ဏဘုမ္မိလေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာလာရာ ည ၈ နာရီ ၁၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။
Jun 25, 2026
ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
Jun 25, 2026
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန်-မန္တလေးလမ်းပိုင်းအတွင်း ရန်ကုန်- နေပြည်တော်-ရန်ကုန် ရထားခရီးစဉ်နှင့် ရန်ကုန်-မန္တလေး-ရန်ကုန် ရထားခရီးစဉ်များအား လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားများဖြင့် ပြေးဆွဲပေးခဲ့ပြီး ခရီးသည်များကြိုက်နှစ်သက်၍ စီးနင်းမှုများသောကြောင့် ရန်ကုန်-မော်လမြိုင်လမ်းပိုင်းအတွင်း အမှတ် (၈၃) အဆန် ရန်ကုန်-မော်လမြိုင်ခရီးစဉ်နှင့် အမှတ် (၈၄) အစုန် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်များကို လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားများ အသုံးပြု၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစတင်၍ အောက်ပါအချိန်ဇယားအတိုင်း တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်။
Jun 25, 2026
ရန်ကုန်တိုင်းဒေသကြီးအတွင်း ညအခါအလင်းရောင်ကောင်းမွန်စွာရရှိစေရန်နှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အထောက်အကူပြုနိုင်စေရန်အတွက် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် နေရောင်ခြည်စွမ်းအင်သုံး (Solar) လမ်းမီးများကို ဝယ်ယူအစားထိုးလဲလှယ်တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
Jun 25, 2026
ရန်ကုန်မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ လမ်းမများနှင့်ယာဉ်ရပ်နားနိုင်သည့်နေရာများတွင် အတားအဆီးများချထားခြင်းမရှိစေရေးအတွက် မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထုတစ်ရပ်လုံးပူးပေါင်းပါဝင်မှသာ ပိုမိုအောင်မြင်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ပြောကြားသည်။
Jun 25, 2026
၁။ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ၂၈-၆-၂၀၂၆ ရက်နေ့ (တနင်္ဂနွေနေ့) နံနက် (၆:၀၀) အချိန်၌ ထုတ်ပြန်ကြေညာမည် ဖြစ်ပါသည်။
Jun 25, 2026
ဒုတိယသမ္မတ ဦးညိုစောသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Abhay Thakur ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတရုံးဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jun 25, 2026
နိုင်ငံတော်အနေဖြင့် ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်ပြီး စီးပွားရေးကောင်းမွန်လာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သို့သော် ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ထုတ်လုပ်မှုအရည်အသွေးနှင့် အရေအတွက်အားနည်းနေဆဲဖြစ်သည်။ နိုင်ငံတော်သမ္မတအနေဖြင့် ယခုလဆန်းပိုင်းတွင် အိန္ဒိယသမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့ပြီး လလယ်ပိုင်း၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့သည်။ အဆိုပါခရီးစဉ်များမှတစ်ဆင့် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုတိုးတက်ရေးနှင့် အရည်အသွေးကောင်းမွန်ရေးအတွက် အခွင့်အလမ်းကောင်းများရရှိခဲ့သည်။
Jun 25, 2026
“အလုပ်လုပ်လိုစိတ် (The Will to work)” သည် စိတ်ပိုင်းဆိုင်ရာ အရည်အသွေးဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်နေကြောင်း ပညာရှင်တို့က သုတေသနပြုတွေ့ရှိခဲ့ကြသည်။ အလုပ်လုပ်လိုစိတ်သည် လူမျိုးအလိုက်၊ ပတ်ဝန်းကျင်ဒေသအလိုက် ကွဲပြားခြားနားမှုများ ရှိသည်ဟုလည်းဆိုသည်။ အလုပ်လုပ်လိုစိတ်သည် စွမ်းဆောင်လိုစိတ်လည်းဖြစ်ပြီး နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားများအတွင်း ယင်းစိတ်ဓာတ်မြင့်မားလာချိန်တွင် တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်လာသည်။ ဟားဗတ်တက္ကသိုလ်မှ သုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ ဒေးဗစ် မက်ကလီလန်းက နိုင်ငံပေါင်း ၄၀ ကျော်ကို လေ့လာသုတေသနပြုခဲ့ရာတွင် စွမ်းဆောင်လိုစိတ်ပါဝင်မှုမြင့်မားသော နိုင်ငံများသည် စီးပွားရေးဖွံ့ဖြိုးမှု ပိုမိုရရှိကြသည်ကို တွေ့ရှိရသည်ဟုလည်းဆိုသည်။
Jun 24, 2026
နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ပြတ်ပြတ်သားသား နှိမ်နင်းတိုက်ဖျက်လျက်ရှိသည်။
Jun 24, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jun 24, 2026
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ဒဂုံမြို့နယ်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့်သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း၊ အတွင်းရေးမှူး ဦးနေဝင်းအောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
Jun 24, 2026
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အစားထိုး ဖြည့်စွက်ကြောင်း ကြေညာ
Jun 24, 2026
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
