Skip to main content

Sep 30, 2023

နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကိုထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများ၏ စားဝတ်နေရေးသက်သာ ချောင်လည်မှုရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လကျပ် ၃၀၀၀၀ (သုံးသောင်း) နှုန်းဖြင့် လစဉ်ခံစားခွင့်ပြုသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး ဦးဆောင်သည့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံပြီး ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

ယနေ့ လူမှုကွန်ယက် စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော ၅၀ ကျပ် (ငါးဆယ်ကျပ်) နှင့် ၁၀၀ ကျပ် (တစ်ရာကျပ်) တန် ငွေစက္ကူများကို ရုပ်သိမ်းကြောင်း တရားဝင်ငွေအဖြစ်မှ ရပ်ဆဲကြောင်း ထုတ်ပြန်ချက်များသည် မဟုတ်မမှန်သော သတင်းမှားများသာ ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

၂၀၂၃ ခုနှစ် “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (B) ရုံ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

Malaysia Anti-Corruption Academy (MACA) မှ ဖွင့်လှစ်ပို့ချခဲ့သည့် Investigation and Prosecution in Intelligence Based Investigation (IPIBI) Cases သင်တန်းသို့ အွန်လိုင်းစနစ် ဖြင့် တက်ရောက်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ အရာထမ်းတစ်ဦးက သင်တန်းအတွေ့အကြုံရှင်းလင်းပွဲကို ယနေ့တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ရဲနွယ်သမ ‘စံပြ’ကျေးရွာသို့ သွားရောက်ပြီး ရဲနွယ်စိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်း၏ ဆင်းသုခ မျိုးစပါးစိုက်ခင်း ၃၄၉ ဧကနှင့် GW-11 မျိုးစပါးစိုက်ခင်း ဧက ၁၀၀ စိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့၌ စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၈ ရက် အထိ ကျင်းပပြုလုပ်လျက်ရှိသည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့်အတူ မြန်မာအားကစားအဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Pan Feng ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ဒေသအတွင်း စိုက်ပျိုးရေနှင့် သောက်သုံးရေရှားပါးမှု ဖြစ်ပေါ်နိုင်ခြင်းနှင့် ဒေသအတွင်းလျှပ်တစ်ပြက်(Flash Flood)ရေကြီး၊ ရေလျှံမှုဖြစ်ပေါ်နိုင်သည့်အတွက် ကြိုတင်စီမံခန့်ခွဲနိုင်ရန်လိုကြောင်း၊ ရာသီဥတု ပြောင်းလဲလာမှုကြောင့် တိရစ္ဆာန်အစာရေစာများ ရှားပါးလာနိုင်​သဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက် ကြရန် ရေအလေအလွင့်မရှိစေရေးအတွက် မိုးကာလမကုန်မီ ရေရရှိနိုင်သလောက် စုဆောင်း၍ သိုလှောင်ထားကြရန် ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ရှိ ကျီးနီကန် ရေဝင်ရောက်မှုကို ကြည့်ရှုစစ်ဆေးစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction – IDDRR) အထိမ်း အမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများအနက် ၃၃ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၈၁ ဦးတို့က “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှမှုတွေ တိုက်ဖျက်စို့” “Fighting Inequality For A Resilient Future” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်း ဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်လာရေး အကောင်အထည်ဖော်ရာတွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်နှစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးလုပ်ငန်းစဉ်နှစ်ရပ်အဖြစ် မျက်ခြည်မပြတ် အကောင်အထည်ဖော်လျက်ရှိသည်။ ယင်းတို့ကို အကောင်အထည်ဖော်နိုင်ရန်အတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ကို ချမှတ်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

လူတို့၏ကိုယ်ရည်ကိုယ်သွေးသည် ပုဂ္ဂိုလ်ကိုလိုက်၍ တစ်ဦးနှင့်တစ်ဦးမတူဘဲ ကွဲပြားခြားနားကြသည်။ အချို့က သူတစ်ပါးအပေါ် မှီခိုစိတ် (Need Dependence)၊ အချို့က သူတစ်ပါးနှင့်ပူးပေါင်းလိုစိတ် (Need Affiliation)၊ အချို့က တစ်ဦးတည်းလွတ်လပ်စွာ လုပ်ကိုင်လိုစိတ် (Need Autonomy)၊ အချို့က သူတစ်ပါးအပေါ် လွှမ်းမိုးလိုစိတ် (Need Dominance) စသည်ဖြင့် လူချင်းတူကြသည့်တိုင် ကိုယ်ရည်ကိုယ်သွေးချင်းမတူညီကြ။ ယင်းသို့သော ကိုယ်ရည်ကိုယ်သွေးများအနက်မှ ရည်မှန်းချက်ပန်းတိုင်တစ်ခုကို မဖြစ်မနေ စွမ်းဆောင်လို သည့်စိတ်ဓာတ်(Need Achievement)သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အရေးပါပြီး နိုင်ငံသားများတွင် ၎င်းစိတ်ဓာတ် တိုးပွားလာစေရေးအတွက် ပတ်ဝန်းကျင်အခြေအနေများ ပြုပြင် ဖန်တီးခြင်းဖြင့် ရရှိနိုင်သည်ဟု သုခမိန်များက မိန့်ဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

မဲခေါင်-လန်ချန်း မီဒီယာဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အဖြစ် MLC သတင်းထောက်များအတွက် “မြစ်ကြောင်းမျှဝေ အနာဂတ်မျှဝေခြင်းနှင့် သတင်းမီဒီယာအခန်းကဏ္ဍမြှင့်တင်ခြင်း”ဆိုင်ရာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက က‌မ္ဘောဒီးယားနိုင်ငံ သီဟာနုပြည်နယ်ရှိ Sokha Beach Resort ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် စိုက်ပျိုးရေး တက္ကသိုလ်(ရေဆင်း)၌ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများကို ယနေ့နံနက်ပိုင်းက မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရေဆင်းစုဝေးခန်းမ၌ ကျင်းပရာ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း) ဒုတိယပါမောက္ခချုပ် ဒေါက်တာရဲထွဋ်အောင်၊ ပါမောက္ခများ၊ ဆရာဆရာမများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

နိုင်ငံတော်အစိုးရအနေဖြင့် ကော်ဖီထုတ်လုပ်တင်ပို့ခြင်းမှ နိုင်ငံခြားဝင်ငွေရရှိနိုင်မှုနှင့် လုပ်ငန်းရှင်များအတွက် စီးပွားရေးတွက်ခြေကိုက်မှု အလားအလာကောင်းများကို မှန်းဆပြီး ကော်ဖီ စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းအပေါ် ဘက်ပေါင်းစုံမှ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးကွက်၏ စံသတ်မှတ်ချက်များ၊ ကုန်သွယ်မှုဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများအပါအဝင် ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် အခြေအနေများအပေါ် ကော်ဖီတောင်သူများ၊ ကော်ဖီလုပ်ငန်းရှင်များ၊ ကော်ဖီအသင်းအဖွဲ့များအနေဖြင့် မှန်ကန်မျှတစွာ ရှုမြင်သုံးသပ်ပြီး မိမိတို့၏ ရေရှည်အကျိုး စီးပွားဖြစ်ထွန်းအောင်မြင်ရေး ကြိုးပမ်းကြစေလိုကြောင်း ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Ms. Noriko Takagi အား ယနေ့ နံနက် ၁၁နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး  ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ (ဦးလွင်) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2023

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၅/၂၀၂၃)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2023

 အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 29, 2023

တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ မြို့နယ်များမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်