Skip to main content

Feb 02, 2023

“စည်းလုံးညီညာ အောင်ကြောင်းဖြာ”၊ “စည်းလုံးခြင်းသည် အင်အား”၊ “ညီညာမှ ပြည်သာ”၊ “ညီညွတ်ခြင်းသည် စွမ်းပကား” စသည့်ဆိုစကားများအရ စည်းလုံးခြင်းသည် အရာရာတွင် အောင်ပန်းဆင်နိုင်သည်ဆိုသည်ကို နားလည်ထားကြသည်။ မြန်မာနိုင်ငံ သူတစ်ပါးနိုင်ငံလက်အောက် ကျွန်သပေါက်ဘဝသို့ ရောက်ရှိနေရာမှ လွတ်လပ်သောနိုင်ငံအဖြစ်သို့ ပြန်လည်ရောက်ရှိလာနိုင်ရန်အတွက် တစ်တိုင်းပြည်လုံး သွေးစည်းညီညွတ်မှုကို သက်သေထူပြနိုင်ခဲ့သဖြင့် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးအဖြစ် ခိုင်မြဲစွာရပ်တည်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 02, 2023

နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် သာမန်မဟုတ်သည့် အခြေအနေများကြောင့် နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို ဖေဖော်ဝါရီလ ၁ ရက်မှစ၍ နောက်ထပ် (၆)လ သက်တမ်းတိုးမြှင့်လိုက်သည်။ ဤသည်မှာ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF တို့က အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ အများပြည်သူဆိုင်ရာ နေရာများကို အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လက်နက်ကိုင်ခြိမ်းခြောက်အကျပ်ကိုင်ခြင်းတို့ကို သာမန်အခြေအနေထက် လွန်ကဲစွာ ပြုလုပ်လျက်ရှိပြီး နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှုနှင့် အကြမ်းဖက်မှုနည်းလမ်းများဖြင့် ရယူရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့် အခြေ အနေရှိနေဆဲဖြစ်ခြင်းကြောင့်ပင် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 01, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် (၇) ရက် သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်းသာယာမှု ရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုကို အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန် ရည်သန်လျက်ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတု တော်ထုံး၊ မြန်မာ့ရိုးရာတည်ထုံးများ၊ ဌာပနာပုံကျမ်း၊ ဗိသုကာကျမ်း၊ မဟာဗုဒ္ဓဝင်ကျမ်း အစရှိသော စာပေကျမ်းဂန်များနှင့်အညီ တည်ဆောက် ပူဇော်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 01, 2023

ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူ များ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည့် ယနေ့တွင် လပွတ္တာမြို့နယ်၊ ဘီတွတ်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၈၁၄ ဦးအား ၎င်းကျေးရွာရှိ သာသနာ့ဇေယျုံကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 01, 2023

အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက် သမားများသည် ၎င်းတို့၏ နိုင်ငံရေးလိုလားချက် ပြည့်ဝစေရန်အတွက် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ပြည်သူလူထုအား အကြမ်းဖက်တိုက်ခိုက်၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိပြီး ပြည်သူလူထုအကြောက်တရားလွှမ်းမိုးစေရန်အတွက် Social Media အပါအဝင် နည်းလမ်းပေါင်းစုံသုံး၍ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်