Sep 19, 2025
မြန်မာနိုင်ငံ သဘင်အစည်းအရုံး(ဗဟို)က ကြီးမှူးကျင်းပသည့် စတုတ္ထအကြိမ်မြောက် သဘင်သက်ကြီးပူဇော်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ အင်းစိန်မြို့နယ် အင်းစိန်ဘူတာရုံလမ်းရှိ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို) မင်းဓမ္မယာယီရုံးသစ်၌ ကျင်းပသည်၊၊
Sep 19, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ Pre-sident of China Association for Military Science နှင့် Pre-sident of China Institute for International Strategic Studies တို့၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ကျင်းပမည့် (၁၂)ကြိမ်မြောက် ပေကျင်းရှန်းစန်းဖိုရမ် (12th Beijing Xiangshan Forum)သို့ တက်ရောက်ရန် ပေကျင်းမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပေကျင်းမြို့ ပါယိခန်းမ(Bayi Hall)၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ်ကြီးတုန်ကျွင်း (Admiral Dong Jun) နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ကဏ္ဍစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စစ်ဘက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်ရေး၊ လေ့ကျင့်ရေးနှင့်သင်တန်းသားများ စေလွှတ်ရေး၊ နှစ်နိုင်ငံဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
Sep 19, 2025
နိုင်ငံတော်ဝန်ကြီးချုပ်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့သည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်တင်ဘာ ၁၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီတွင် နန်နင်းမြို့ Wanda Vista ဟိုတယ်၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် တရုတ်-အာဆီယံ စက်မှုဝန်ကြီးများအဆင့် စားပွဲဝိုင်းဆွေးနွေးပွဲသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနဝန်ကြီး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့်အတူ တက်ရောက်သည်။
Sep 19, 2025
တီမောလက်စ်တေဒီမိုကရက်တစ်သမ္မတနိုင်ငံ နိုင်ငံခြားရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာဘန်ဒီတိုဒို့စ်ဆန်းတို့စ်ဖရိတ်တက်စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ အလုပ်သဘောခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
Sep 19, 2025
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့မွန်းလွဲပိုင်းတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ရောက်ရှိပြီး ငလျင်ဒဏ်ကြောင့် ကွဲအက်ခဲ့သည့် ကြမ်းခင်းနှင့်နံရံများ ပြုပြင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Sep 19, 2025
ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၅ ခုနှစ် တတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်နေ့တွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အနီး၌ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ယနေ့ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲသည် မြတ်စွာဘုရားအား ထာဝရပူဇော်နိုင်ရန်ရည်ရွယ်ပြီး အရောင်၊ အဆင်း၊ အနံ့နှင့်ပြည့်စုံသည့် နှစ်ရှည်ပင်များကို စိုက်ပျိုးခြင်းဖြစ်သည့်အတွက်ကြောင့် ရှင်သန်ဖြစ်ထွန်းအောင် အထူး စေတနာထား ဆောင်ရွက်သွားကြရန်” တိုက်တွန်းပြောကြားခဲ့သည်။
Sep 19, 2025
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကျင်းပရန် ရက်ပေါင်း(၁၀၀)အလိုသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပမည့်ရက်၊ ရွေးကောက်ပွဲစနစ်၊ မဲပေးပုံ စသည်ဖြင့် ထူးခြားသည့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားသည့် ရွေးကောက်ပွဲကြီးသည် မိမိတို့နိုင်ငံတော်ကြီး ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်း နိုင်ရေးအတွက် အရေးကြီးသည့် ရွေးကောက်ပွဲကြီးဖြစ်သည်။
Sep 18, 2025
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၏ ဖိတ်ကြားချက်အရ မြန်မာ-ထိုင်းနှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိစေရန်အတွက် Bilateral Engagement Activities ဆိုင်ရာလှုပ်ရှားမှုများဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ရောက်ရှိနေသော ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကမ္ဘာအေးဘုရားနှင့် ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး ဗိုလ်ချုပ်အောင်ဆန်းဈေးသို့ သွားရောက်လည်ပတ်ကြည့်ရှုခဲ့ကြသည်။
Sep 18, 2025
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးဖိုရမ် တက်ရောက်ခဲ့သော နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေနံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နန်နင်းမြို့မှ နေပြည်တော်သို့ ပြန်လည်ထွက်ခွာကြသည်။
Sep 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ အဆောက်အဦသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Sep 18, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား ထားဝယ်မြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများဆွေးနွေး ပြောကြားသည်။
Sep 18, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Sep 18, 2025
ရှမ်းပြည်နယ်မှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များသည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ အထင်ကရနေရာများဖြစ်သည့် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုပြီး နေပြည်တော်ရေပန်းဥယျာဉ်သို့ သွားရောက်လေ့လာကြသည်။
Sep 18, 2025
ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြု လက်မှတ်ကိုပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်းပြုနိုင်ပါသည်။
Sep 18, 2025
MSME ရန်ပုံငွေထူထောင်ထားရှိမှု၊ ချေးငွေလျှောက်ထားမှုများအား စိစစ်ထုတ်ချေးမှုအခြေအနေနှင့် ဆန်စက်၊ ဆီစက်ချေးငွေထုတ်ချေးမှုလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိစက်မှုဇုန် စီမံခန့်ခွဲရေးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ MSME ရန်ပုံငွေစီမံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှူး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ MSME ချေးငွေဆိုင်ရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ့စီးပွားရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူး၊ MSME လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Sep 18, 2025
တရားမဝင်ပြည်ပထွက်ခွာအလုပ်သမားများလျှော့ချနိုင်ရေး၊ အခြေခံအလုပ်သမားများ၏ လူမှုဖူလုံရေးနှင့် လုပ်ငန်းခွင်သက်သာချောင်ချိရေး၊ တိုင်းရင်းသားဒေသများမှ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ ထိခိုက်လွယ်အုပ်စုများအတွက် အလုပ်အကိုင်ဖန်တီးနိုင်ရေး နည်းလမ်းများနှင့် ပတ်သက်သည့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပသည်။
Sep 18, 2025
အဝေးသင် သင်တန်းများ စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း
Sep 18, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Sep 18, 2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်ငါးလုပ်ငန်းဦးစီးဌာနက (၂ဝ၂၅-၂ဝ၂၆) ခုနှစ်အတွက် သာယာဝတီမြို့နယ် မြစ်မခမြစ်သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက မြစ်မခမြစ်ဖိုးခေါင်တံတား (စံရွေးဘက်ခြမ်း)၌ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများတက်ရောက်၍ ငါးမျိုးစိုက်ထည့်ကြသည်။
Sep 18, 2025
ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ဖိတ်ကြားချက်အရ မြန်မာ-ထိုင်း နှစ်နိုင်ငံလေတပ်များအကြား ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရန်အတွက် Bilateral Engagement Activities ဆိုင်ရာလှုပ်ရှားမှုများ ဆောင်ရွက်ရန် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakul နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့တွင် ထိုင်းဘုရင့်လေတပ်မှ ATR-72 လေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိလာကြရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ် စစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
