Aug 31, 2021
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့် အကျဉ်းထောင်များ၌ ပြစ်ဒဏ်ကျခံနေသည့် အကျဉ်းသား၊ အကျဉ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆေးနှင့်ဆေးပစ္စည်းများကို တပ်မတော် လေယာဉ် များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။
Aug 31, 2021
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာ ရရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၆ ခုမှ အိမ်သုံးဆေးဝါး ၂၁၄ မျိုးက ရောင်းချပေးလျက်ရှိပြီး ၃၂ သိန်းကျော်တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ရောင်းချခဲ့သည်။
Aug 31, 2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာန ရုံးဝင်းအတွင်း၌ ဆောက်လုပ်ထားသည့် အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
Aug 31, 2021
ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများထားရှိရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများ၊ နယ်မြေခံသင်တန်းကျောင်းများ၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းများ၌ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်လျက်ရှိပြီး ပြီးစီးသည့်နေရာများတွင် စနစ်တကျလက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပရဟိတအဖွဲ့အစည်းများ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍လည်း သက်ဆိုင်ရာ မြို့နယ်များ၌ Quarantine Center များကိုလည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
Aug 31, 2021
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဩဂုတ် ၂၈ ရက် ည ၈နာရီ သတင်းအပြီးတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း သိကောင်းစရာ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Aug 31, 2021
အာဆီယံလူငယ်ဆိုင်ရာ ဖွံ့ဖြိုးမှုအညွှန်းကိန်းများ အစီအစဉ် (၂) (ASEAN Youth Development Index Phase II) မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်သည်။
Aug 31, 2021
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ရိုက်ကူးထုတ်လွှင့်ရေးလုပ်ငန်းများ၊ စတူဒီယိုခန်းမများ၊ သတင်းခန်းများ၊ နိုင်ငံတော်ဆိုင်းဝိုင်းနှင့် သံစုံတီးဝိုင်းတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားသည်။
Aug 31, 2021
လောကကြီး သာယာငြိမ်းချမ်းရေးအတွက် သင်္ဂဟတရားဖြင့် ချီးမြှောက်ရန် လိုအပ်၏။ သင်္ဂဟတရားဖြင့် ချီးမြှင့်သောပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြ၏။ တစ်ဖန် လောကတွင် မိတ်ဆွေစစ်များထွန်းကားလျှင် ချမ်းသာ၏။ လောကအေးချမ်း သာယာ၏။ သင်္ဂဟတရားများ၊ မိတ်ဆွေကောင်းများ ထွန်းကားသောနေရာဒေသသည် မည်မျှပင်အခက်အခဲ အနှောင့်အယှက်များ၊ ဖျက်ဆီးမှုများရှိသော်လည်း ငြိမ်းချမ်းသာယာသောလောကသို့ မလွဲမသွေရောက်ရှိမည်ဖြစ်၏။
Aug 31, 2021
ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း တစ်နေ့ထက်တစ်နေ့ ကျဆင်းလျက် ရှိရာ လက်ရှိအခြေအနေတွင် ၁၀ ရာခိုင်နှုန်းဝန်းကျင်ခန့်သာ ရှိတော့သည်ကို တွေ့ရသည်။ ဤသည်မှာ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့် စီမံခန့်ခွဲသည့်အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၏ တက်ညီလက်ညီဆောင်ရွက်မှုကြောင့် ရရှိလာသည့်ရလဒ်ကောင်း ဖြစ်သည်။ သို့ရာတွင် ကိုဗစ်-၁၉ သည် ကမ္ဘာတစ်ဝန်းတွင် ကူးစက်ပျံ့နှံ့နေသည့် ကပ်ရောဂါဖြစ်သည့် အလျောက် နိုင်ငံပြင်ပမှ ဝင်ရောက်ကူးစက်မလာရေးနှင့် ပြည်တွင်းကူးစက်မှုများကိုလည်း သတိ၊ ဝီရိယဖြင့် မပြတ်တမ်းစောင့်ကြည့်နေရဦးမှာ ဖြစ်သည်။
Aug 30, 2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် အများပြည်သူ အလုပ်ပိတ်ရက် တိုးမြှင့်သတ်မှတ်ခြင်း
Aug 30, 2021
ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၀)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Aug 30, 2021
မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရာတွင် နိုင်ငံတကာမှ လေကြောင်းခရီးစဉ်များဖြင့် ခရီးသည်များ ဝင်ရောက်လာမှုကို ကန့်သတ် ထိန်းချုပ်နိုင်ရေးမှာ များစွာ အရေးပါသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက (၂၉-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန် ခဲ့သော နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ (International Commercial Passenger Flights) မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို
Aug 30, 2021
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ တာဝန်ခံကျောင်းအုပ်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာဆရာမများနှင့် တွေ့ဆုံ၍ ကျောင်းများ ပြန်လည် ဖွင့်လှစ်သည့်အခါ အေးချမ်းစွာ ပညာသင်ကြား သင်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Aug 30, 2021
ဥတ္တရသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက်၌ ကျင်းပသည်။
Aug 30, 2021
တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုး မွေးမြူရေးနှင့် အခြားလူသုံးကုန်လုပ်ငန်းများ ကုန်ထုတ်လုပ်မှုရာနှုန်းပြည့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။
Aug 30, 2021
အကြမ်းဖက်သူများအနေဖြင့် နိုင်ငံတော်ပိုင် အဆောက်အဦများ၊ အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထုအချို့၏ နေအိမ်များ၊ အများပြည်သူသွားလာ လှုပ်ရှားနေသော လမ်းမကြီး များပေါ်တွင် လက်လုပ်ဗုံးများ ပစ်ဖောက်ခြင်း၊ ထောင်ထား ခြင်းများအားလုပ်ဆောင်လျက်ရှိရာ ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ သာယာဝတီကျေးရွာရှိ အစိုးရနည်းပညာတက္ကသိုလ် “မြမဉ္ဇူ” အမျိုးသမီးအဆောင်အား လက်လုပ် မိုင်း ၁ လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ပေါက်ကွဲမှုကြောင့် “မြမဉ္ဇူ”အဆောင်၏ ပြတင်းတံခါးမှန် ၅ ချပ်နှင့် အုတ်နံရံ ၁ ပေပတ်လည်ခန့် ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။
Aug 30, 2021
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံ၌ တည်ဆောက်ပြီးစီးသွားသည့် တန် ၂၀ my Liquid Oxygen Plant ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံ၌ ပြုလုပ်ရာ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက် ကြသည်။
