Skip to main content

May 12, 2025

ဒီရုရှားနိုင်ငံရဲ့နှစ်(၈၀)ပြည့် မျိုးချစ်စစ်ပွဲကြီးက ရုရှားနိုင်ငံမှာပဲ ကျင်းပတာပေါ့။ အမှန်ကတော့ ဒီမျိုးချစ်စစ်ပွဲကြီးဆိုတာ ရုရှားနိုင်ငံတစ်နိုင်ငံတည်းအတွက် သက်ဆိုင်တာမဟုတ်ပါဘူး။ အရင်တုန်းကကမ္ဘာမှာ ဖက်ဆစ်စနစ်၊ နာဇီစနစ်ဆိုတဲ့ အစွန်းရောက် မှုတွေရှိခဲ့တယ်။ ဒီဖက်ဆစ်စနစ်၊ နာဇီစနစ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ကိစ္စပဲ။ ဖက်ဆစ်စနစ်၊ နာဇီစနစ်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ကိစ္စဆိုတာက ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်း ခင်ဗျားတို့ကျွန်တော်တို့သိတဲ့အတိုင်းပဲ၊ ဖက်ဆစ်စနစ်ရဲ့ဆိုးကျို

ဆက်လက်ဖတ်ရှုရန်

May 12, 2025

ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားစေတီ ပုထိုးများ၌ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ပွဲများနှင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်း လောင်းပူဇော်ပွဲများ ကျင်းပခြင်း၊ မန္တလေးမြို့လုံးအနှံ့တွင် ကုသိုလ်ရှင်များက ဆရာတော်သံဃာ တော်များအား ဆွမ်းဆန်တော်များ လောင်းလှူခြင်းနှင့် စတုဒိသာကျွေးမွေးလှူဒါန်း ကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2025

တပ်မတော်(ရေ)က ၂၀၂၅ ခုနှစ် ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၅) စခန်းပေါင်းစုံမှ သင်တန်းသား သင်တန်းသူများသည် ရန်ကုန်မြို့ရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်၌ စခန်းပေါင်းစုံ တွေ့ဆုံပွဲပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ ရင်ပြင်နီ၌ မေ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ခဲ့သည့် ဗိုလ်မှူးချုပ် မျိုးဆက်အောင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံမော်စကိုမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2025

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် လမ်းတံတား၊ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်း/ အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2025

ယနေ့သည် ဖွား၊ ပွင့်၊ ဟော၊ စံ ဗျာဒိတ်ခံသည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် ဘုရား၊ စေတီ၊ ပုထိုးများ၌ ဥပုသ်သီလဆောက်တည်ကြသူများ၊ ကုသိုလ်ဒါနကောင်းမှု ပြုကြသူများ၊ ညောင်ရေသွန်းလောင်းကြသူများဖြင့် အထူးစည်ကား များပြားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2025

ယနေ့ကျရောက်သည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့) နေ့ထူးနေ့မြတ်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုခြင်း၊ ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ စေတနာရှင်၊ ကုသိုလ်ရှင်များက သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲများ ကျင်းပခြင်းနှင့် စတုဒိသာ ကျွေးမွေးလှူဒါန်းကြခြင်းစသည့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယမန်နေ့က ၂၃၀ ကေဗွီ၊ ပျဉ်းမနားဓာတ်အားခွဲရုံရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် Switch Yard အတွင်းရှိ ဓာတ်အားလွှတ်ပစ္စည်းများ ပုံမှန်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနေမှု ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးခွန်သန့်ဇော်ထူးသည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယမန်နေ့ညနေပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသို့ သွားရောက်၍ ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပသည့် ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနပိုင် မြေနေရာ၌ ငလျင်ဒဏ်သင့်ဝန်ထမ်းများအတွက် ယာယီအဆောက်အအုံ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2025

၁၃၈၇ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့) ဓမ္မသဘင်မင်္ဂလာအခမ်းအနားကို ယနေ့ညပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်၌ ဆင်ယင်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2025

၁၃၈၇ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဆင်ယင်ကျင်းပပူဇော်သည့် မဟာမင်္ဂလာအခမ်းအနားသို့ ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၌ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာ အခမ်းအနားများကျင်းပရေး နာယကအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2025

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဖြစ်သော ယနေ့တွင် ကျရောက်သည့် ကဆုန်ညောင်ရေ သွန်းပွဲတော်တွင်ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က မဟာဗောဓိညောင်ပင်တော်ကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2025

​​​​​​​နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာ ပူတင်၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ မေလ ၇ ရက်နေ့မှစ၍ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား၊ ဆက်စပ်အခမ်းအနားနှင့် အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံ့ခေါင်းဆောင်အချို့နှင့် တွေ့ဆုံခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 12, 2025

​​​​​​​နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ မေ ၇ ရက်မှစ၍ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀) ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။ အဆိုပါခရီးစဉ်အတွင်း စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာကြသည့် နိုင်ငံခေါင်းဆောင်အချို့နှင့် အလွတ်သဘောတွေ့ဆုံခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းတို့ ပြုလုပ်နိုင်ခဲ့ရာ နိုင်ငံအတွက်ကောင်းမွန်သည့်ရလဒ်များ ဖြစ်ထွန်း ပေါ်ပေါက်‌‌‌‌‌စေခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2025

ရေဆင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် အပတ်စဉ်စနေနေ့တိုင်းကျင်းပသည့် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ၆၇ ကြိမ်မြောက် ကျင်းပပြီး သုတေသီပညာရှင်များ၊ စိုက်ပျိုးရေးပညာရှင်များ၊ နေပြည်တော်ကောင်စီ နယ်မြေမှတောင်သူ ၂၅ ဦး၊ zoon point ၁၀၀ မှ ပညာရှင်နှင့်တောင်သူ ၄၀၀ တို့က စိုက်ပျိုးရေး သုတေသနနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းစဉ်များတွင် AI နည်းပညာအား အသုံးချခြင်းခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2025

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2025

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့်ကုန်မျိုးစုံများ နှင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၄၁ ရက်မြောက်နေ့အဖြစ် ဈေးကားများဖြင့် လှည့်လည် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 11, 2025

ထိုသို့ ဆောင်ရွက်လျက်ရှိရာမေ ၈ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဟိုပုံးတပ်နယ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်လေးစီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၁၅ မျိုး၊ လုပ်ငန်းသုံးပစ္စည်း ၁၀ မျိုး၊ လူသုံးကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၄၁၀၀၁၆၅)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Mitsu-bishi Fuso Truck သုံးစီး၊ Nissan Diesel Truck တစ်စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၄၆၄၁၀၀၁၆၅ ကိုဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်