Skip to main content

Apr 20, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိသည့် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများနှင့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားသည့် အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2025

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ရေဖူလုံမှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားအထိမ်းအမှတ် ဥယျာဉ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2025

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကော်မတီဒုတိယ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy ထိခိုက်ပျက်စီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2025

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၂)သို့ တက်ရောက်မည့် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများက ပုသိမ်တပ်နယ် အားကစားခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2025

ယခုအချိန်သည် ငလျင်ဒဏ် အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းအပြင် ပွင့်လင်းရာသီ ဖြစ်၍ နိုင်ငံတစ်ဝန်းတွင် ဆောက်လုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ထိုသို့တည်ဆောက်မှုလုပ်ငန်းများအတွက် ယခုကာလအတွင်း လိုအပ်သည့် ပြည်တွင်း ဘိလပ်မြေလိုအပ်ချက်ကို ပြည့်မီစေရန်နှင့် ပြည်တွင်းထုတ်လုပ်မှုကို အင်အားဖြည့် တင်းပေးနိုင်ရန်အတွက် ပြည်ပမှ ဘိလပ်မြေများကို တင်သွင်းခွင့်ပြုလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၈ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့ ဦးအောင်ဇေယျ (၅) လမ်းရှိ ကမ်းနားဆိပ်၌ စုပုံထားသော အကောက်ခွန်မဲ့လုပ်ငန်းသုံးပစ္စည်းလေးမျိုး စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၉၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2025

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်းသည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် အဆင့်မြင့်အရာရှိ ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်နိုင်ရန်အတွက် ဝန်ကြီးဌာနရုံးအနီးတွင် နှစ်ခန်းတွဲဘာရှာအဆောက်အအုံများ ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်ထားသည့် မြေနေရာသို့ သွားရောက်ကာ နှစ်ခန်းတွဲဘာရှာအဆောက်အအုံများ တည်ဆောက်ရန် နေရာချထားမှုများ၊ မြေညှိခြင်း ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပိုင် မြေနေရာ၌ သမဝါယမဦးစီးဌာနမှ ငလျင်ဒဏ်သင့်ဝန်ထမ်း ၈၀ နှင့် မိသားစုများ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်း ၆၀ နှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန် နှစ်ခန်းတွဲအိမ်ရာများ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မေလပထမပတ်အတွင်း ပြီးစီးအောင် တည်ဆောက်ကြရန်၊ ရေ၊ မီးရရှိရေးနှင့် မိလ္လာစနစ်ကောင်းမွန်စေရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2025

အဆောက်အအုံများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မဏိရတနာကျောက်စိမ်းခန်းမတို့သို့ သွားရောက်၍ ယာယီရုံးဖွင့်လှစ်ပြီး ရုံးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စစ်ကိုင်းမြို့ရှိ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများကို စစ်ကိုင်းမြို့ရှိ အသင်္ခရာ ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင်လည်းကောင်း၊ မန္တလေးမြို့ရှိ ခရိုင်အဆင့် တာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌လည်းကောင်း သီးခြားစီတွေ့ဆုံ၍ ငလျင်ဘေးဒဏ် ထိခိုက်မှုများကြောင့် ပျက်စီးမှုများအပေါ် ပြန်လည်ထူထောင် ရေးနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိ ကြီးများနှင့်အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ (အင်းဝ)တံတား ပြိုကျပျက်စီးခဲ့မှုနှင့် စစ်ကိုင်းမြို့အတွင်း ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့မှုအခြေအနေများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2025

မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပမာဏကြီးမားများပြားလှသည့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာတွင် စာသင်ကျောင်းပေါင်း ၂၅၁၄ ကျောင်းလည်း ပါဝင်သည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် လာမည့်ဇွန်လဆန်းတွင် ကျောင်းများပြန်လည်ဖွင့်လှစ် သွားရမည် ဖြစ်ရာ စာသင်ကျောင်းများ၏ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် အခြေအနေကိုလိုက်၍ အသေးစားပြင် ဆင်ခြင်း၊ အကြီးစားပြင်ဆင်ခြင်းနှင့် ပြန်လည်အသုံးမပြုနိုင်တော့သည့် အဆောက်အအုံကို ဖြိုချရှင်းလင်းပြီး အသစ်ပြန်လည် တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ရာတွင် ကျောင်းနေအရွယ် ကလေးများအားလုံး မပျက်မကွက် ပညာသင်ကြားနိုင်ရေးအတွက် မိမိတို့အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2025

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်လမ်းတံတား၊ အဆောက်အဦများ ထိခိုက်ပျက်စီးခဲ့ရသည့်နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်ပနိုင်ငံများမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုကူညီရေး အသင်း/ အဖွဲ့များနှင့် ဒေသခံပြည်သူများပူးပေါင်း၍ အချိန်နှင့်တပြေးညီကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2025

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၃ ရက်နေ့ ညနေ ၆ နာရီအချိန် လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ လွိုင်လင်တိုးဂိတ်တွင် ကျော်အာကာသိန်း မောင်းနှင်လာသည့် TOYOTA ALPHARD ယာဉ်နှင့် သက်နိုင် မောင်းနှင်လာသည့် TOYOTA ALPHARD ယာဉ်တို့ကို သတင်းအရ စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ကျော်အာကာသိန်း မောင်းနှင်သည့်ယာဉ်မှာ တောင်ကြီးဘက်သို့ မောင်းနှင်ထွက်ပြေးသဖြင့် ပိတ်ဆို့ဖမ်းဆီးခဲ့ရာ

ဆက်လက်ဖတ်ရှုရန်

Apr 19, 2025

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသော ကျန်းမာရေး လုပ်ငန်းများကူညီဆောင်ရွက်ပေးရန် ငလျင်ဘေးသင့်ဒေသများ၌ တရုတ်နိုင်ငံမှဆရာဝန် ၅၀ ဦးသည် ၎င်းတို့အသုံးပြုမည့်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်း ၅ တန်ကျော်နှင့်အတူ ယနေ့ ညနေ ၅ နာရီခွဲတွင် China Eastern လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2025

အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူအထိတ်တလန့်ဖြစ်စေရန်နှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်စေရန် ရည်ရွယ်၍ အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင် လျက်ရှိရာ ဧပြီ ၁၈ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်မှုကိုလိုလားသည့် အဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဧပြီ ၁၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ လေယာဉ်ခရီးစဉ်အမှတ် 8M-504/SF-3581 ဖြင့် လိုက်ပါလာသော မြန်မာနိုင်ငံသားခရီးသည်တစ်ဦး၏ ဝန်စည်များအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၈၀၀၀၀၀)ကိုလည်းကောင်း၊ ဧပြီ ၁၇ ရက် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လေယာဉ်ခရီးစဉ်အမှတ် 8M-504/SF-3581 ဖြင့် လိုက်ပါလာသော မြန်မာနိုင်ငံသားခရီးသည်တစ်ဦး၏ ဝန်စည်အတွင်းမှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်းတစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၀၀၀၀၀) ကိုလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၈၀၀၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2025

ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့ရှိ တပ်မတော်ဆေးရုံနှင့် ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းတို့၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2025

နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသည့် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် မြဝတီမြို့ ကျောက်ခတ်နယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေသည့် ပြည်ပနိုင်ငံသား ၂၇၈ ဦးကို ယနေ့တွင် ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်