Feb 21, 2025
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်၊ ကော်မရှင်အဖွဲ့ဝင်ဦးကျော်စိုးနှင့် ကော်မရှင်အဖွဲ့ဝင်ဦးကျော်မြင့်တို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ဖေဖော်ဝါရီ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ မန္တလေးဗဟိုအကျဉ်းထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Feb 21, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးနှင့် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် မြို့တော်ဂေါက်ကွင်း (ငွေသော်တာ) သို့ ရောက်ရှိပြီး မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖလားဂေါက်သီးရိုက်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။
Feb 21, 2025
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာနီပေါနိုင်ငံ သံအမတ်ကြီးမစ္စတာ ဟာရီရှ်ချန်ဒရာဂီမီရေးအား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Feb 21, 2025
စိုက်ပျိုးရေးနှင့်မွေးမြူရေးဖွံ့ဖြိုးရေးကော်မရှင်၏ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပသည်။
Feb 21, 2025
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဆဋ္ဌမအကြိမ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ ပျော်ရွှင်စွာစုပေါင်းပါဝင်ကြသည်။
Feb 21, 2025
ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်ခ်မက်) အလှည့်ကျဥက္ကဋ္ဌတာဝန် အောင်မြင်စွာထမ်းဆောင်နိုင်ရေး ဝန်ကြီးဌာနများ၏ အခန်းကဏ္ဍနှင့် ပေါင်းစပ်ညှိနှိုင်းမှုမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
Feb 21, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် ဒေါက်တာဘရွှေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်ဟားခါးမြို့သို့ ရဟတ်ယာဉ်ဖြင့်ရောက်ရှိကြပြီး ဟားခါးတပ်နယ် အားကစားကွင်း၌ကျင်းပသည့် (၇၇) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်ကြသည်။
Feb 21, 2025
“လူသားတိုင်း အသက်ရှင်ရပ်တည်မှုအတွက် စားရေး၊ ဝတ်ရေး၊ နေရေးတို့သည် အဓိကအရေးကြီးသည့် အရာများဖြစ်ကြောင်း၊ ယင်းသုံးခုအတွင်းတွင် စားသောက်ရေးသည် အခြေခံကျပြီး နေ့စဉ်ကြုံတွေ့နေရမည့် မရှိမဖြစ်သည့်အရာဖြစ်ကြောင်း၊ အဆိုပါစားရေးကို အဆင်ပြေစေရန်အတွက် လိုအပ်သည့်စားသောက်ကုန်များသည် ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းကောင်းဖြင့် ဖြန့်ဖြူးပေးနိုင်မှသာ ပြည်သူများအတွက် အစားအစာဖူလုံမည်ဖြစ်သကဲ့သို့ ပြည်ပပို့ကုန်အဖြစ်လည်း အဆင့်မီမီ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်တွင်းစားသောက် ကုန်ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁၉ ရက် နေ့ကပြုလုပ်သည့် မြန်မာ့စားသောက်ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
Feb 21, 2025
ပြည်တွင်းဒေသအနှံ့အပြား၌ အကြမ်းဖက်တိုက်ခိုက်မှုများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် မတည်မငြိမ်မှုများဖြစ်ပေါ်နေခြင်းကို အခွင့်ကောင်းယူ၍ နိုင်ငံပိုင်သယံဇာတများကို ဥပဒေမဲ့ခိုးထုတ်မှုများ ပိုမိုမြင့်တက်လာခဲ့သည်။ ခိုးထုတ်မှုများ၌ ကာယကံမြောက်ပါဝင်ကြသူများမှာ ဝိသမလောဘသား စီးပွားရေးသမားများသာမက တော်လှန်ရေးအမည်ခံ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့များလည်းပါဝင်နေပြီး ခေါင်းဆောင်ပိုင်းများမှာ သယံဇာတခိုးထုတ်သည့်လုပ်ငန်းဖြင့်ပင် နှစ်အနည်းငယ်အတွင်း လွန်စွာကြီးပွားချမ်းသာလာကြသည်ဟုလည်း သတင်းများပေါ်ထွက်နေသည်။
Feb 20, 2025
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးလျက်ရှိသည်။
Feb 20, 2025
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျောက်ဆောက်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Feb 20, 2025
နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်သည်ကို ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်းပြဋ္ဌာန်းထားသည်။ ထို့အပြင် နိုင်ငံပိုင်သယံဇာတပစ္စည်းများအား စီးပွားရေးအင်အားစုများက ထုတ်ယူသုံးစွဲခြင်းကို ကွပ်ကဲကြီးကြပ်နိုင်ရန် လိုအပ်သည့်ဥပဒေပြဋ္ဌာန်းရမည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားချက်နှင့်အညီ နိုင်ငံပိုင်သယံဇာတပစ္စည်းများ၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေများလည်း ပြဋ္ဌာန်းထားရှိပြီး သယံဇာတထုတ်ယူခြင်းလုပ်ငန်းများကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်ခွင့်ပြုထားသည်။
Feb 20, 2025
နှစ် (၈၀) ပြည့်တပ်မတော်နေ့အထိမ်းအမှတ် (၃၁) ကြိမ်မြောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်တီးဝိုင်းပြိုင်ပွဲ (ခ) အဆင့်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ဆက်လက်ကျင်းပသည်။
Feb 20, 2025
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေများတွင် တရားမဝင် Online လောင်းကစားမှုများ၊ Online လိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိရာ ယနေ့တွင် ပြည်ပနိုင်ငံသား ၂၁၀ ဦးကို ထပ်မံထိန်းသိမ်းနိုင်ခဲ့သည်။
Feb 20, 2025
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျလွှဲပြောင်းပေးလျက်ရှိသည်။
Feb 20, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 20, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့များနှင့် တွေ့ဆုံသည်။
Feb 20, 2025
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပန်ကြပ်ဆီလပ်အဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ပန်ကြပ်ဆီလပ်နည်းပြနှင့် ဒိုင်သင်တန်းတွင် အင်ဒိုနီးရှားနိုင်ငံမှ နည်းပြ TITIH HAYATI က သင်တန်းသား သင်တန်းသူ ၃၆ ဦးတို့အား စာတွေ့ လက်တွေ့သင်ကြားပို့ချနေမှုများနှင့် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) တွင် စတင်စခန်းဝင်လေ့ကျင့်လျက်ရှိသည့် ခြင်းလုံးအားကစားအဖွဲ့၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးသည်။
Feb 20, 2025
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် မန္တလေးမြို့ မြို့တော်ခန်းမ၌ကျင်းပသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
Feb 20, 2025
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (၈၇) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း တက်ရောက်အမှာစကားပြောကြားသည်။
