Oct 28, 2025
ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Oct 28, 2025
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့မှ မြန်မာတစ်နိုင်ငံလုံးအသက်အကြီးဆုံး အသက်(၁၂၁)နှစ်အရွယ် အဘွားဒေါ်ပန်းနွယ်အား ယနေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေ သွားရောက်ပေးအပ်ကြောင်းသိရသည်။
Oct 28, 2025
ဥပဒေရေးရာဝန်ကြီးဌာနသည် ဥပဒေဘာသာပြန်ကော်မရှင်က မြန်မာဘာသာသို့ ပြန်ဆိုပြီးသည့် ဥပဒေများကို စာအုပ်ထုတ်ဝေလျက်ရှိရာ ဘာသာပြန်စာအုပ် အမှတ်(၁၆)ကိုထုတ်ဝေပြီး ဖြစ်သည်။
Oct 28, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၂၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ၏ ဟောပြောစည်းရုံးမှုများကို အောက်တိုဘာ ၂၈ ရက် ည ၇ နာရီမှစတင်၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HD ၊ MRTV Parliament နှင့် ဆက်စပ်ရုပ်သံလိုင်းများဖြစ်ကြသည့် MWD HD ၊ MWD Variety HD တို့မှလည်းကောင်း၊ မြန်မာ့အသံရေဒီယို၊ သပြေရေဒီယို၊ သဇင် FM တို့နှင့် MRTV App: ၊ Radio App: အပါအဝင် MRTV Online Platform တို့မှလည်းကောင်း ထုတ်လွှင့်ပြသပေးမည်ဖြစ်သည်။
Oct 28, 2025
အမျိုးသမီးများကို တရုတ်အမျိုးသားများနှင့် ပေါင်းသင်းနေထိုင်စေပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ်စီချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှသိရသည်။
Oct 28, 2025
KNPP/ KNDF/PDF အကြမ်းဖက်သောင်းကျန်းသူများသည် ကယားပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် ကျေးလက်ဒေသများပါမကျန် သာသနိကအဆောက်အအုံများ၊ တက္ကသိုလ်များ၊ ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ အိုးအိမ်အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်းများကို ရက်စက်ယုတ်မာရိုင်းစိုင်းစွာ ပြုလုပ်ခဲ့ကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့/ရွာအေးချမ်းသာယာရေးအတွက် အဆိုပါနယ်မြေအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
Oct 28, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ကမ္ဘောဇသျှမ်းကျောင်းကြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ရောက်ရှိပြီး ကျောင်းအုပ် ဆရာတော်၊ ကျောက်မဲမြို့နယ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တပညောဘာသအား ဖူးမြော်ကြည်ညိုကာ ဘုန်းတော်ကြီးသင်ပညာရေးကိစ္စများ လျှောက်ထား၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
Oct 28, 2025
အလယ်အလတ်အဆင့် အရာထမ်းသင်တန်းအမှတ်စဉ်(၁၄)၏ သင် တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီ တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နီလာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးဆန်းမြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/ စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Oct 28, 2025
ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ ဝန်ထမ်းများတွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 28, 2025
၂၀၂၅ ခုနှစ် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ကရာတေး ပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ကျင်းပရာ တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
Oct 28, 2025
စွမ်းအင်ဝန်ကြီးဌာန စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် ရေနံနှင့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနတို့သည် စက်သုံးဆီများ တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာ စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေနှင့်အညီ စနစ်တကျစီမံ ဆောင်ရွက်လျက်ရှိသည့်အပြင် တရားမဝင်စက်သုံးဆီလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြောင်း စိစစ်တွေ့ရှိရပါကလည်း ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိသည်။
Oct 28, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ့ရုပ်မြင်သံကြားနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ်မှ Yunnan Media Group (YMG) တို့ ပူးပေါင်းရိုက်ကူးလျက်ရှိသည့် “လန်ချန်း-မဲခေါင် ရွှေရောင်အနာဂတ်များဆီသို့” ရုပ်သံမှတ်တမ်း အစီအစဉ်တွင် ပြန်ကြားရေးကဏ္ဍမှတစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နားလည်မှုတိုးမြှင့်လာစေရန် ဆောင်ရွက်ပေးမှုနှင့်စပ်လျဉ်း၍ ပူးပေါင်းရိုက်ကူးရေးအဖွဲ့၏ တွေ့ဆုံမေးမြန်းမှုကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံဖြေကြားသည်။
Oct 28, 2025
ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ မယ်တော်မိဖုရားကြီး Her Maje-sty Queen Sirikit သည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ကံတော်ကုန်သွားခဲ့ခြင်းအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် အမှတ် ၉၄၊ ပြည်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၌ ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်လက်မှတ်ရေးထိုးသည်။
Oct 28, 2025
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး သုံးလအကြာတွင် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲများကြောင့် လက်နက်ကိုင်ပဋိပက္ခများ စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်မှစတင်၍ လက်နက်ကိုင်ပဋိပက္ခများ ကာလရှည်ကြာဖြစ်ပေါ်လာခဲ့သည်မှာ ယနေ့အချိန်ဆိုလျှင် နှစ်ပေါင်း ၈၀ နီးပါးရှိလာပြီဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် လွတ်လပ်ရေးရပင်ရငြားသော်လည်း လွတ်လပ်ရေးအသီးအပွင့်များကို တန်းတူညီမျှမခံစားကြရသေးပေ။ ထိုမျှသာမက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွင်လည်း နှေးကွေးသွားခဲ့ပြီး ယနေ့အချိန်ဆိုလျှင် ဖွံ့ဖြိုးဆဲနိုင်ငံအချင်းချင်းနှိုင်းယှဉ်ပါက နောက်ကျကျန်နေသည်ကို တွေ့ရမည်ဖြစ်သည်။
Oct 28, 2025
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာထွက်ပေါ်လာခဲ့ပြီဖြစ်ရာ နိုင်ငံတော်၏ လက်ရှိလူဦးရေ၊ မြို့ပြနှင့် ကျေးလက်တို့တွင် နေထိုင်နေကြသည့် လူဦးရေ၊ နိုင်ငံသူနိုင်ငံသားတို့၏ ပညာရေးအဆင့်အတန်း၊ အလုပ်လုပ်ကိုင်နိုင်သည့် လူဦးရေနှင့် မည်သည့်အလုပ်များ လုပ်ကိုင်နေကြသည့်အခြေအနေ၊ ရွှေ့ပြောင်းသွားလာမှုအခြေအနေနှင့် လူမှုဘဝအခြေအနေတို့ကို ကိန်းဂဏန်း စာရင်းဇယားအချက်အလက်များဖြင့် တိတိကျကျသိရှိကြရပြီဖြစ်သည်။ အဆိုပါကိန်းဂဏန်း အချက်အလက်များက မိမိတို့နိုင်ငံတွင် ရေတိုရေရှည်ဆောင်ရွက် ရမည့်လုပ်ငန်းဆောင်တာများအတွက် ရည်ညွှန်းကိုးကားရန် အဖိုးတန်သည့် အရင်းအမြစ်လည်းဖြစ်သည်။
Oct 27, 2025
ချမ်းမြသာစည်မြို့နယ်၌ ငွေကြေးအခက်အခဲကြောင့် အဒေါ်ဖြစ်သူနှင့် တူမဖြစ်သူတို့ကို သံရိုက်တူဖြင့် ရိုက်နှက်ကာ ရွှေတုံးနှင့် ငွေများယူဆောင်ခဲ့သည့် အမျိုးသမီးအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
Oct 27, 2025
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၌ ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အခြေခံစစ်ပညာနှင့် တန်းမြင့်စစ်ပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့ရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ်၌ မိုးရာသီစခန်းချလေ့ကျင့်သင်တန်းတက်ရောက်လျက်ရှိသည့် တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။
Oct 27, 2025
တပ်မတော်က ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကို ဆောင်ရွက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့အား အလုံးစုံပြန်လည် ထိန်းချုပ်ရရှိပြီးချိန်တွင် အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပြန်လည်လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးစသည်တို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
Oct 27, 2025
KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလအစောပိုင်းမှစ၍ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ တပ်မတော်မှ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်/စခန်းများအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်းများပြုလုပ်၍ အဆိုပါဒေသအတွင်းရှိ ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူးမြို့နှင့် မရသိမ်ကျေးရွာအပါအဝင် အချို့မြို့/ရွာများတွင် ဝင်ရောက်နေရာယူကာ စာသင်ကျောင်းများ၊ ကျေးရွာဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီများတွင် အခြေပြု၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့်အပြင် ဒေသခံပြည်သူများအား ၎င်းတို့အပေါ် အကြောက်တရားလွှမ်းမိုးစေရန်အတွက် အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ အများပြည်သူသွားလာအသုံးပြုလျက်ရှိသော လမ်း/တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေးများ ဆောင်ရွက်၍ နယ်မြေခံလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
