Skip to main content

Jun 13, 2024

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ (ယူအေအီး) သံအမတ်ကြီး H.E. Mr. Mutaz Abdullah Abdulijaleel Mohamed AI Faheem အား ယနေ့နံနက် ၁၀ နာရီတွင်လည်းကောင်း၊ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Imran Haider အား မွန်းလွဲ ၁ နာရီတွင်လည်းကောင်း နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနဧည့်ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

ဒီနတ်မောက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို ပြည်ပသာသနာပြုဆောင်ရွက်ခဲ့တဲ့ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလဆရာတော်ကြီး တည်ထောင်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ ဆရာတော်ကြီးမရှိတော့တဲ့နောက်မှာ ဦးဇင်းကပဲဆက်လက်တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဆရာတော်ကြီးရှိစဉ်ကတည်းက မဖွံ့ဖြိုးသေးတဲ့ တောင်ပေါ်ဒေသက တိုင်းရင်းသားကလေးငယ်တွေကို ပညာသင်ကြားပေးခဲ့ပြီး ရန်ကုန်မြို့မြို့နယ်တွေက ကျောင်းသားကျောင်းသူတွေလည်း လာရောက်ပညာသင်ကြားခဲ့ကြတာ ယနေ့အချိန်ထိပါပဲ။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ မူလတန်းဆိုရင် KG အတန်းမှာ ၁၁ ဦး၊ Grade-1 မှာ ၃၀ ၊ Grade -2 မှာ ၂၉ ဦး၊ Grade-3 မှာ ၂၅ ဦး၊ Grade-4 မှာ ၂၇ ဦးနဲ့ Grade-5 မှာ ၁၃ ဦးရှိပါတယ်။ အလယ်တန်းအဆင့်မှာဆိုရင် Grade - 6 မှာ ၂၅ ဦး၊ Grade-7 မှာ ၁၂ ဦး၊ Grade-8 မှာ ရှစ်ဦး၊ Grade-9 မှာ ၂၆၈ ဦးနဲ့ စုစုပေါင်း ၄၄၈ ဦးကို ဆရာဆရာမ ၁၈ ဦးက ပညာသင်ကြားပေးနေပါတယ်။ အထက်တန်းအဆင့်ကိုရင်၊ သီလရှင်တွေလည်းရှိတာကြောင့် တာဝန်ရှိသူများနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဆက်လက်ပညာသင်ကြားနိုင်အောင် စီမံဆောင်ရွက်ထားပါတယ်။ အထက်တန်းအဆင့်ဆိုရင်လည်း ကျောင်းသားကျောင်းသူ ၂၀၀ ကျော်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး Mrs. Ponnamperuma Arachige Prabashini Ponnamperuma ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားစနစ် တည်ငြိမ်တိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေးတို့နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်း (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ ခန္တီးဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တပညိန္ဒ၊ အေးမြချမ်းသာ သီလရှင်သင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာကြီး ဒေါ်ပါရမီနှင့် ရွှေစင်မင်း သီလရှင်သင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာကြီး ဒေါက်တာဒေါ်နန္ဒသိင်္ဂီတို့အား သွားရောက်ဖူးမြော်ကြည်ညိုပြီး နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကာ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ကျောင်းသားကျောင်းသူများ စာသင်ကြားနေမှုအခြေအနေကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်နှင့်အညီ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ရှိ ဒိုက်ဦးမြို့မရဲစခန်းအချုပ်ခန်းနှင့် ဒိုက်ဦးမြို့နယ်အတွင်းရှိ အကျဉ်းဦးစီးဌာန၊ ကျိုက်စကောစိုက်ပျိုးမွေးမြူရေးနှင့် အသက် မွေးမှုအတတ်သင်စခန်းတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

အမျိုးသားစီမံကိန်း ဥပဒေနှင့်ဒေသန္တရစီမံကိန်းဥပဒေများပါ လုပ်ငန်းစီမံကိန်းနှင့်လုပ်ငန်းများ အစီရင်ခံတင်ပြရာတွင် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေးနှင့် စီမံကိန်းအကောင်အထည်ဖော်မှုအခြေအနေ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အစီရင်ခံခြင်းစနစ် (PPMRS) ကို အသုံးပြု၍ အချက်အလက်များပေးပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၃၂) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် Snack & Bakery နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားသင်တန်းကျောင်း၌ကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် သန်းခါင်စာရင်းဆိုင်ရာ အုပ်ချုပ်မှုသင်တန်းတက်ရောက်နေသည့် သင်တန်းသားများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ သံအမတ်ကြီး Mr. Mutaz Abdullah Abduljaleel Mohamed Al Faheem အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

၂၀၂၄ ခုနှစ် ပြည်ထဲရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့တွင် နေပြည်တော်ဇမ္ဗူသီရိမြို့နယ် မြို့ပတ်လမ်းဘေးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းမြေနေရာ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ကွပ်ကဲမှုအောက်ရှိတပ်ဖွဲ့နှင့် ဦးစီးဌာနများမှ အရာရှိကြီးများနှင့်ဇနီးများ၊ တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး Mrs. Ponnamperuma Arachchige Praba-shini Ponnamperuma အား ယနေ့နံနက် ၁၁ နာရီ တွင် အဆိုပါဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရန်ကုန်မြို့အခြေစိုက်အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံ သံအမတ်ကြီး Mr. Mutaz Abdullah Abduljaleel Mohamed AL Faheem အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် သစ်လေးလုံးကျေးရွာ အုပ်စု ပုရွက်ဆိတ်ကုန်းရွာရှိ မိုးစပါး ငါးဧကစိုက်ခင်း၌ ထွန်စက်ကြီးဖြင့် တွဲဖက်သုံးမျိုးစေ့ချကိရိယာ လက်တွေ့စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Imran Haider ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှုဗဟိုကော်မတီနှင့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် သက်သေခံပစ္စည်းစီမံထိန်းသိမ်းမှုကော်မတီများ အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှုဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အဖွဲ့ဝင်များဖြစ်သော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်သက်သေခံပစ္စည်း စီမံထိန်းသိမ်းမှုကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က Online ဖြင့် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် သီရိလင်္ကာသံအမတ်ကြီး Mrs. Ponnamperuma Arachige Prabashini Ponnamperuma အား ယနေ့ညနေပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည် ချက် (၉) ရပ်ချမှတ်ကာ ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအပြည့် အဝရရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ၏ လူမှုစီးပွားဘဝ လုံခြုံစိတ်ချမှုရရှိစေရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်သူများလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါမှ လုံခြုံစိတ်ချမှုအပြည့်အဝရရှိမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 13, 2024

ယနေ့တိုင်းရင်းသားပြည်သူလူထုကြီးတစ်ရပ်လုံး၏ လိုလားချက်မှာ နိုင်ငံတော်တစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးပင်ဖြစ်သည်။ လက်ရှိကာလနိုင်ငံအတွင်း ဒေသအချို့မှာ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးသတ်ဖြတ်မှုများ ဖြစ်‌ပေါ်နေပြီး ယင်းတို့၏ဒဏ်ကို ဒေသတွင်းနေအပြစ်မဲ့ပြည်သူများက အဓိကခါးစည်းခံနေကြရသည်။ အကြမ်းဖက်အဖျက်လုပ်ရပ်များကြောင့် အသက်အိုးအိမ်ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးကြရသည့်အပြင် လူမှုဘဝများပါ ထိခိုက်နစ်နာကြရခြင်းအပေါ် သည်းမခံနိုင်ကြတော့သည့်အလျောက် အကြမ်းဖက်အဖျက်သမားတို့၏ လှုပ်ရှားမှုများ၊ လက်နက်ခဲယမ်းသယ်ဆောင်မှုများကို သတင်းပေးခြင်းအားဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်လာကြသည်။

ဆက်လက်ဖတ်ရှုရန်