Skip to main content

Jan 19, 2024

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရကျင်းပသည့် ဆွေးနွေးပွဲ အမှတ်စဉ် (၃၇) ကို “စာကြည့်တိုက်နှင့်စပ်လျဉ်း၍ သိကောင်းစရာများမျှဝေဆွေးနွေးခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2024

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ဘရာဇီးနိုင်ငံသံအမတ်ကြီး H.E. Mr. Gustavo Rocha de Menezes အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2024

၁။ မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်း Classic မော်တော်ယာဉ်များအား တန်ဖိုးထားထိန်းသိမ်းနိုင်ရေး၊ သမိုင်းဝင်ယာဉ်များအဖြစ် တရားဝင်မှတ်တမ်းတင်ခွင့်ပြုနိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ယခင်က မှတ်ပုံတင်ထားရှိပြီး သက်တမ်းတိုး ဆက်လက်ဆောင်ရွက်ခြင်း မရှိသည့်အတွက် မှတ်ပုံတင်ဖျက်သိမ်းပြီးဖြစ်သည့် 1980 Model နှင့် ၎င်းမတိုင်မီယာဉ်များအား ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2024

Asia-Pacific Institute For Broadcasting Development (AIBD) ကကြီးမှူး၍ “ပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်မှုအတွက် မီဒီယာအခန်း ကဏ္ဍဆိုင်ရာ (ပိုမိုစိမ်းလန်းစေရေးအတွက် ရေရှည်တည်တံ့သော အလေ့အကျင့်များ) Online ဆွေးနွေးပွဲ” ကို ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက Online မှတစ်ဆင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2024

စစ်ကိုင်းအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ကျောင်းတိုက်အနေဖြင့် ဂျပန်နိုင်ငံရှိ ပညာရေးနှင့်အလုပ်အကိုင် အခွင့်အလမ်းများအား မြန်မာနိုင်ငံသားများအတွက် ပိုမိုရရှိစေရန် ဆောင်ရွက်နေကြောင်း အဆိုပါကျောင်းတိုက်မှ သိရသည်။ စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးရှိ အဆိုပါကျောင်းတိုက်ကို IBEC ဆရာတော်ဟု လူသိများသည့် စတော့ဟုမ်း ငြိမ်းချမ်းရေးဆုရှင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာအရှင်သောဘိတက တည်ထောင်ထားခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2024

စည်းစနစ်ကြပ်မတ်ပြီး စည်းကမ်းမလိုက်နာသူ YBS ယာဉ်မောင်းများကို ထုတ်ပယ်မှုများ ဆောင်ရွက်နေသည့်အတွက် လိုအပ်နေ​သော ယာဉ်မောင်းနေရာများအတွက် အစားထိုးရန် YBS ယာဉ်မောင်းများခေါ်ယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2024

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး ကျေးရွာစာကြည့်တိုက် ငွေပဒေသာပင် ရန်ပုံငွေကြီးကြပ်မှုကော်မတီက ကြီးမှူး၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၃ ခုနှစ် ဓမ္မာစရိယစာမေးပွဲတွင် အောင်မြင်ခဲ့သော အစိုးရဓမ္မာစရိယသုံးကျမ်းအောင် ၁၃၀၃ ပါး၊ အစိုးရဓမ္မာစရိယ အထူးအောင် ၄ ပါး၊ ပါဠိဂုဏ်ထူးအောင် ၃ ပါး၊ မြန်မာဂုဏ်ထူးအောင် ၁၂ ပါး၊ ပါဠိပထမပြန်အထူးအောင် ၁၆ ပါး၊ နိကာယ်အထူးအောင် ၁၃ ပါး၊ မဟာဝိဒူအောင် ၁၆ ပါး၊ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်အထူးအောင် ၉ ဦးတို့ထံ ဘွဲ့တံဆိပ်တော်များနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းသည့် မဟာဘွဲ့နှင်းသဘင်အခမ်း အနားကို ၁၃၈၅ ခုနှစ် တပို့တွဲလဆန်း ၆ ရက်၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့၊ မွန်းတည့် ၁၂ နာရီတွင် မန္တလေးမြို့မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီး၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2024

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) က ကြီးမှူးပြီး အခြေခံမော်တာစက်ချုပ် သင်တန်းကို ဖွင့်လှစ်ပြီးနောက် အထည်ချုပ်လုပ်ငန်းရှင်နှင့် အထည်ချုပ်စက်ရုံ၌ လုပ်ကိုင်လိုသူများအကြား အလုပ်အကိုင်များ ချိတ်ဆက်ပေးလျက်ရှိရာ လူဦးရေသောင်းဂဏန်း ဝန်းကျင်အထိ အလုပ်အကိုင်ချိတ်ဆက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါသင်တန်းကျောင်းမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2024

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် ဦးဆောင်သောအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ တို့အရ ဇန်နဝါရီ ၁၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ အကျဉ်းဦးစီးဌာန ထုံးဘို ကျား (၁) ကုန်ထုတ်စခန်းနှင့် ကျား (၂)ကုန်ထုတ်စခန်းများ၊ ဇန်နဝါရီ ၁၇ ရက်တွင် ပုသိမ်ကြီးမြို့နယ်ရှိ အကျဉ်းဦးစီးဌာန ထုံးဘို (မ) ကုန်ထုတ်စခန်းနှင့် ပြင်ဦးလွင်မြို့နယ်ရှိ အကျဉ်းဦးစီးဌာန ၂၄ မိုင် ကုန်ထုတ်စခန်းများ၊ ယနေ့တွင် ပြင်ဦးလွင်မြို့ပေါ်ရှိ ရဲစခန်း အချုပ်ခန်းများနှင့် ချယ်ရီမြေ ဘိုးဘွားရိပ်သာတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်ပေးမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ် အာဟာရသုခဈေးအတွင်း သတ်မှတ်ပေးထားသောနေရာ၌ လယ်ဝေးမြို့နယ် ညိုပင်ကျေးရွာအုပ်စု ကွေ့ကြီးကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်မှ အသင်းသား တောင်သူများကိုယ်တိုင်စိုက်ပျိုးထားသော ပန်းဂေါ်ဖီအဖြူ၊ ပန်းဂေါ်ဖီအစိမ်းနှင့် မုန်လာဥများ ရောင်းချနေမှုကို ယနေ့နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2024

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2024

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2024

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုများအား ကန့်ကွက်ရှုတ်ချပွဲကိုဇန်နဝါရီ ၁၈ နံနက် ၈ နာရီတွင် သတ်မှတ်စုရပ်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2024

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယမန်နေ့ နံနက်ပိုင်းတွင် အစိုးရနည်းပညာကောလိပ် (မန္တလေး) သို့ရောက်ရှိပြီး တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဒေသတွင်း MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောနည်းပညာရှင်များကို စံနှုန်းများနှင့်အညီ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ ဒေသတွင်း ပြည်သူများ ဘဝရပ်တည်ချက်ခိုင်မာမှုနှင့် အလုပ်အကိုင် အခွင့်အလမ်းများရရှိမှုတို့ကို လက်တွေ့ကျကျ ဖော်ဆောင်ပေးမည့် သင်တန်းများကို ဖွင့်လှစ်သွားရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2024

နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2024

လောကလူမှုပတ်ဝန်းကျင်တွင် အကောင်းနှင့်အဆိုး နှစ်မျိုးဒွန်တွဲလျက်ရှိသည်။ လူ၏သဘာဝသိလိုစိတ်အရ ထူးခြားသည့်ကောင်းသတင်း၊ မကောင်းသတင်း အားလုံးတို့ကို သိလိုကြသော်လည်း သတင်းနယ်ပယ်၌ ကောင်းသတင်းထက် မကောင်းသတင်းကို လူတို့ပိုမိုစိတ်ဝင်စားသည်ဟုဆိုသည်။ မကောင်းသတင်းသည် သတင်းရေချိန်အရ မြင့်မားသော်လည်း အများပြည်သူတို့၏ စိတ်နှလုံးကို ထိခိုက်စေသဖြင့် သတိပြုဆင်ခြင်နိုင်ရန် လိုက်နာရမည့်ကျင့်ဝတ်များပြဋ္ဌာန်းထားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 19, 2024

မြန်မာနိုင်ငံတွင် ကျေးလက်ဒေသ၌ နေထိုင်သူများက နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်ရှိသည်။ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ မိသားစုဝင်ငွေတိုးပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် စီမံကိန်းများ ချမှတ်အကောင်အထည်ဖော်လျက်ရှိပြီး နည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းနှင့် ထူးချွန်သည့်သင်တန်းသား၊ သင်တန်းသူများကို လုပ်ငန်းများထူထောင်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများကိုပါပေးအပ်ခြင်းဖြင့် ကျေးလက်ဒေသများတွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ပေါ်ထွက်လာစေရန် နိုင်ငံတော်ကဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်