Dec 08, 2023
၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ချီးမြှင့်ပွဲအခမ်းအနားကို နေပြည်တော်၌ ၁၃-၁၂-၂၀၂၃ ရက်နေ့တွင် ခမ်းနားထည်ဝါ စည်ကားသိုက်မြိုက်စွာ ကျင်းပပေတော့မည်။
Dec 08, 2023
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုတွင် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သည့် စက်မှုလယ်ယာစနစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှ ပညာရှင်များကရှုထောင့်ပေါင်းစုံမှ သုံးသပ်ဆွေးနွေးဖော်ထုတ်နိုင်ကြစေရန် စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့်ကျင်းပသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၂၈) ကြိမ် မြောက် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေပိုင်းက အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
Dec 08, 2023
ဒီနေ့မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့တွေ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ပါတယ်။ သူရဘွဲ့ရရှိတဲ့ပုဂ္ဂိုလ် လေးဦးအပါအဝင် စုစုပေါင်း ၁၄၇ ဦးဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်များဟာ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်များသာမကဘဲ လုံခြုံရေးဆိုင်ရာတာဝန်ထမ်းဆောင်နေတဲ့ စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနဲ့ နိုင်ငံတော်ရဲ့ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ သာမန်ပြည်သူလူထုများပါဝင်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့ နိုင်ငံတော်ရဲ့လွတ်လပ် ရေးကြိုးပမ်းမှုကာလကတည်းက တပ်မတော်နဲ့ပြည်သူလက်တွဲပြီး လွတ်လပ်ရေးရရှိအောင် အသက်ပေါင်းများစွာစတေးပြီး၊ ဘဝပေါင်းများစွာစတေးပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာလည်း ရန်ကုန်အစိုးရလို့ပဲ ကွက်ကွက်ကလေးခေါ်ရတဲ့ အင်းစိန်အထိတောင်မှပဲ သောင်းကျန်းသူများ လှုပ်ရှားစိုးမိုးနေတဲ့ နေရာကနေပြီး တပ်မတော်သားတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ တာဝန်သိပြည်သူလူထုတွေပူးပေါင်းပြီး နိုင်ငံတော်လွတ်လပ်ရေးတည်တံ့ ခိုင်မြဲအောင်ဆောင်ရွက်လာတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ခဲ့လို့လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုတာ ယခုလက်ရှိမြေပုံ ပေါ်မှာရှိနေတဲ့အတိုင်း ရှိနေတာပဲဖြစ်ပါတယ်။ ခေတ်အဆက်ဆက် နိုင်ငံတော်ရဲ့ကာကွယ်ရေး၊ လုံခြုံရေးတာဝန်၊ ပြည်ထောင်စုမပြိုကွဲရေးတာဝန်ကို ထမ်းဆောင်လာကြတဲ့ ပုဂ္ဂိုလ်များအားလုံး ဒီနေ့ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခံရတဲ့ ပုဂ္ဂိုလ်များအားလုံးကို အသိအမှတ်ပြုဂုဏ်ယူပါကြောင်း လေးနက်စွာပြောကြားလိုပါတယ်။ နိုင်ငံတော်ရဲ့ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် အရာရှိ၊ စစ်သည်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ရွပ်ရွပ်ချွံချွံထမ်းဆောင်နေတဲ့အချိန်ကာလမှာ ကောလာဟလ မျိုးစုံ ထုတ်လုပ်မှုဆိုတာကတော့ ရှိမှာပဲဖြစ်ပါတယ်။ အကြမ်းဖက်သမားများအနေနဲ့ကတော့ အကြမ်းဖက်သမားတွေရဲ့ လုပ်ရိုးလုပ်စဉ်သည် ပထမဦးစွာ ဘာကိုဆောင်ရွက်တာလဲဆိုရင် အကြမ်းဖက်မှုတစ်ခု ကို ဖြစ်မြောက်အောင် လုပ်ပြလိုက်တာပဲ။ အကြမ်းဖက်မှုတစ်ခုကို ဖြစ်မြောက်အောင်လုပ်ပြီးရင် သူနဲ့ပင်းဖက်တဲ့ မီဒီယာတွေနဲ့ပြီးရင် သူအကြမ်းဖက်လုပ်ခဲ့တာတွေကို ဝေဝေဆာဆာထုတ်ပြန်ပြီး လူထုရဲ့စိတ်ထဲမှာ အကြောက်တရား ဒါမှမဟုတ် လူထုရဲ့စိတ်ထဲမှာ ဂရုစိုက်မှုတစ်ခုရရှိလာအောင် သူကဆောင်ရွက်တာဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်မှုမျိုးတွေကို ဘယ်လိုမီဒီယာတွေ၊ ဘယ်လိုအဖွဲ့အစည်းတွေက ဆောင်ရွက်နေတယ်ဆိုတာ ပြည်သူများ လက်တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ပြောဆိုနေတဲ့ ဒီမိုကရေစီဆိုတဲ့စကား၊ ဖက်ဒရယ်ဆိုတဲ့ စကားတွေဟာ သူတို့ရဲ့စိတ်ဓာတ်နဲ့ သူတို့ရဲ့ပါးစပ်နဲ့တောင်မှ မလိုက်ဘူးလို့ပဲ ပြောချင်ပါတယ်။
Dec 08, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အကြိမ် (၂၀) မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲသို့တက်ရောက်ရန် အိန္ဒိယသမ္မတ နိုင်ငံနယူးဒေလီမြို့သို့ ဒီဇင်ဘာ ၄ ရက်မှ ၆ ရက်အထိ သွားရောက်ခဲ့ပြီး ယနေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
Dec 08, 2023
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) က ကြီးမှူးကျင်းပသော (၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ တပ်မတော်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ အင်းစိန်ရွာမပရိယတ္တိ စာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တတိလောကဘိဝံသအမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
Dec 08, 2023
အာဆီယံ အသိုက်အဝန်း ၂၀၂၅ ခုနှစ်အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (HLTF-ACV) ၏ (၁၂) ကြိမ်မြောက် အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၌ ဒီဇင်ဘာ ၄ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ၏ အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဝါဝါမောင် ခေါင်းဆောင်သည့် ကိုယ်စားလှယ် အဖွဲ့တက်ရောက်ကြသည်။
Dec 08, 2023
(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 08, 2023
အလုပ်သမားရေးရာ ကိစ္စရပ်များပူးပေါင်းဆောင်ရွက်နိုင်ရေး မြန်မာ-ထိုင်း နှစ်နိုင်ငံ အလုပ်သမားဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့်အတူ ယနေ့တွင် မြန်မာအလုပ်သမားများ အများဆုံးနေထိုင် အလုပ်လုပ်ကိုင် လျက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်တွေ့ဆုံအားပေးပြီး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity- CI)ထုတ်ပေးရေးစခန်း ဖွင့်လှစ်မည့်နေရာများသို့ သွားရောက်ကြည့်ရှုသည်။
Dec 08, 2023
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ကျင်းပသည့် (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီးမစ္စတာဆုပ်ဂျန်ဒါဆိုဖီးအာတို့သည် ယနေ့နံနက် ၉ နာရီတွင် ကျောက်ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးကြသည်။
Dec 08, 2023
ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ (၂/၂၀၂၃) အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Dec 08, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ဘားအံတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ်တို့မှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ သတင်းတုသတင်းမှား တိုက်ဖျက်ရေးကိစ္စရပ်များ ဆွေးနွေးပြောကြားသည်။
Dec 08, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူအားလုံး၏ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးအတွက် စဉ်ဆက်မပြတ် အားပေးဆောင်ရွက်လျက်ရှိရာတွင် “လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိဘူး”ဆိုသည့် မူနှင့်အညီ “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေး” ဆိုသည့် လူမှုရေးဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။
Dec 08, 2023
အဂတိလိုက်စားမှုက ကမ္ဘာလုံးဆိုင်ရာပြဿာနာဖြစ်သည်။ အဂတိလိုက်စားမှုသည် ရာဇဝတ်မှုကျူးလွန်ခြင်းနှင့် အကြမ်းဖက်တိုက်ခိုက်ခြင်းတို့ကိုအားပေးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေကာ တရားဥပဒေစိုးမိုးမှုနှင့် ဒီမိုကရေစီစနစ်ကို ထိခိုက်နိုင်စေသည်ဟု ကမ္ဘာ့နိုင်ငံကြီးတစ်နိုင်ငံကဆိုသည်။ ကမ္ဘာတစ်ဝန်းဖြစ်ပေါ်လျက်ရှိသည့်အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုပြဿနာကို ကမ္ဘာသူကမ္ဘာသားတို့ အလေးအနက်ဂရုပြုလာကြစေရန်နှင့် တားဆီးနှိမ်နင်းနိုင်ကြစေရန်ရည်ရွယ်၍ ကုလသမဂ္ဂက နှစ်စဉ် ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ထားသည်။
Dec 07, 2023
မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-2) ၌ ဒုတိယနေ့ ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းနှင့်အဖွဲ့သည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပိုစတာ(၂၇)စောင်ကို ကြည့်ရှုအား ပေးရာ စာတမ်းရှင်များက ရှင်းလင်းတင်ပြကြသည်။
Dec 07, 2023
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗြူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့တွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ကျောက်ယွိထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပပြုလုပ်သည့် (၈) ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။
Dec 07, 2023
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်သည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Dec 07, 2023
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သော ပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိသည်။
Dec 07, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Dec 07, 2023
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
