Skip to main content

ပြည်ထောင်စုတည်ဆောက်ခြင်းနှင့် တရားသေအန္တရာယ်

၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့က နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံတော်သမ္မတကြီးက “ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို ရအောင်တည်ဆောက်မှာဖြစ်ကြောင်း၊ ဖက်ဒရယ်လို့ဆိုရာမှာ နယ်မြေဒေသကိုပေးသည့် ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ်မဟုတ်သည်ကို သိရှိနားလည်ရန်လိုကြောင်း” ထည့်သွင်းပြောကြားခဲ့တာကို တွေ့ရပါတယ်။ ဒီလို နိုင်ငံတော်သမ္မတကြီးက ပြောကြားခဲ့တဲ့ အပေါ်မှာ အွန်လိုင်းမီဒီယာအချို့က ဝေဖန်ပြောဆိုခဲ့တာကိုလည်း တွေ့ရှိရပါတယ်။ အွန်လိုင်းမီဒီယာတစ်ခုက “ဒေသအခြေခံဖက်ဒရယ်လို့ပြောဆိုချက်ဟာ တိုင်းရင်းသားတွေလိုလားတဲ့ လူမျိုးစုအခြေခံ ဖက်ဒရယ်မူနဲ့ ကွာဟနေတာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အခက်အခဲတွေ ဆက်ရှိနေဦးမှာဖြစ်ကြောင်း” ပြောဆိုရေးသားဖော်ပြခဲ့တာကို တွေ့ရှိရပါတယ်။
Subscribe to