ပြီးခဲ့တဲ့လက မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံ၊ မြန်မာပြည်သူတွေနဲ့ တရုတ်နိုင်ငံ ဟေလုံကျန်းပြည်နယ်က ပြည်သူတွေ ထိစပ်မှုရှိစေဖို့ ရည်ရွယ်ချက်နဲ့ မီဒီယာ လေ့လာရေးခရီးစဉ်တစ်ခုမှာ လိုက်ပါခွင့်ရခဲ့ပါတယ်။ နာမည်ကျော် အေးမြတဲ့ ဒေသဟာဘင်းမြို့ကိုပါ။ လေ့လာရေး ခရီးစဉ်တစ်လျှောက် နာမည်ကျော်အထင်ကရနေရာတွေထက် စိတ်ထဲကို မှတ်မှတ်ထင်ထင်ဝင်ရောက်ခဲ့တဲ့ နေရာလေးတစ်ခုကို စာဖတ်သူတွေဆီ မျှဝေလိုပါတယ်။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုဆိုတာ လမ်းတံတား၊ အဆောက်အအုံတွေချည်း မဟုတ်ဘူးဆိုတာကို သက်သေပြရာနေရာ၊ နာမည်ကြီးနေရာမဟုတ်ဘဲ ရပ်ကွက်တစ်ခုသာဖြစ်ပါတယ်။ အိုင်ကျန်းရပ်ကွက်ဖြစ်ပါတယ်။ အဲဒီနေရာမှာ မြင်တွေ့ရတာတွေက အတော်လေးအံ့အားသင့်စေတယ်။