Nov 06, 2023
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ထွက်ခွာလာသည့် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးကု ဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ
Nov 06, 2023
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင် လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ လာရောက်ဂုဏ်ပြု ပေးအပ်လျက်ရှိသည်။
Nov 06, 2023
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးတင့်၊ ဦးတင်ဟုန်၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမ အထူးအယူခံမှုအမှတ်၊ ၁၈/၂၀၂၃ (ရန်ကုန်)၊ ၅၈/၂၀၂၂ (ကရင်)၊ ၅/၂၀၂၃ (ရန်ကုန်)၊ ၁၆/၂၀၂၃ (ရန်ကုန်) နှင့် ၂၇/၂၀၂၃ (မကွေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှု တို့ကို စီရင်ချက်ချမှတ်သည်။
Nov 06, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတွင် ဖွင့်လှစ်သော လုပ်ငန်းခွင်အကြိုသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သင်တန်းကျောင်းခန်းမ၌ ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး တက်ရောက်၍ သင်တန်းဖွင့်မိန့်ခွန်း ပြောကြားသည်။
Nov 06, 2023
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံ အစိုးရတို့အကြား “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ၃ စောင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Nov 06, 2023
အမှတ်တံဆိပ်မှတ်ပုံတင် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ပေးပို့ရမည့်ပုံစံအား အောက်ပါ link တွင် ဝင်ရောက် download ရယူနိုင်ပါသည်-
Nov 06, 2023
ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့ရှိ အောင်မိသားစု Bamboo and Rattan Handmade Bags Production & Trading Centre မှ ဒေသထွက်ကြိမ်၊ ဝါး၊ ဗေဒါကုန်ကြမ်းများကို အသုံးပြု၍ ပြည်တွင်း၊ ပြည်ပဈေးကွက်ဝယ်လိုအားရှိသော မြန်မာ့လက်မှုရိုးရာ HandMade ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိပြီး ရေကြည်မြို့နှင့် ငါးသိုင်းချောင်းမြို့များသည် ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ လက်ရှိစီးပွားရေးလုပ်ငန်းရှင် လက်ကြီးသမား ၁၀ ဦးကျော်လုပ်ငန်းရှင်အသေး ၁၀၀ ကျော်နှင့် မြို့နယ်အတွင်းရှိ မြို့ပေါ်နှင့်ကျေးရွာပေါင်း ၅၀ ကျော်မှ ကျေးလက်နေဒေသခံပြည်သူ ၂၀၀၀ ကျော်အား MSME လုပ်ငန်းများဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်၊၊
Nov 06, 2023
စစ်ကိုင်းစက်မှုဇုန်၌ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံ(၉)ရုံရှိသည့်အနက် ကလေးများကြိုက်နှစ်သက်သည့် အာလူးချောင်းလေဖောင်းမုန့် ထုတ်လုပ်သော Oriental Family စက်ရုံသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။
Nov 06, 2023
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း ( သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၀-၂၀၂၃)
Nov 06, 2023
မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီအစည်းအဝေး(၂/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက နေပြည်တော် တိုင်းရင်းဆေးရုံကြီးခုတင် (၁၀၀)တွင်ကျင်းပရာ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီနာယက တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
Nov 06, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဝန်ကြီး H.E. Professor YIN Hejun နှင့် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Chongqing မြို့ရှိ Wyndam Chongqing Yuelai Hotel ၌ တွေ့ဆုံပြီး သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးသည်။
Nov 06, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် ကန်ပြောင်စံပြကျေးရွာသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် ကျေးရွာရှိ စိတ်တူကိုယ်တူ ဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းထူထောင်ပြီး စီးပွားဖြစ်လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် ကျေးရွာသူ ကျေးရွာသားများအားလုံး ပူးပေါင်းလုပ်ဆောင်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
Nov 06, 2023
နေပြည်တော် ဇမ္ဗူသီရိမြို့နယ်သမဝါယမအသင်းစု (လီမိတက်)၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ပွဲကို ဇမ္ဗူသီရိမြို့နယ် သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 06, 2023
မြန်မာနိုင်ငံ ဗမာတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံအခြေစိုက် ဗီယက်နမ် ကုန်သွယ်ရေးရုံးတို့ ပူးပေါင်းကျင်းပသော “ဗမာ-ဗီယက်နမ် ကုန်စည်ပြပွဲ ၂၀၂၃”(Bamar - Vietnam Trade Fair 2023) ကို ရန်ကုန်မြို့ Junction City Promotion Area တွင် နိုဝင်ဘာ ၁ ရက်မှ ၃ ရက်အထိ စည်ကားစွာကျင်းပသည်။
Nov 06, 2023
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရမ်းဗြဲမြို့နယ်ရှိ သဇင်တန်ပေါက်တံတားအနီး ချောင်းအတွင်းတွင် ဝါးဖောင်များဖြင့် စီးပွားဖြစ် မွေးမြူလျက်ရှိသော ကနုကမာနှင့် ကျောက်ငါးမွေးမြူရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခုအခါ ယင်းပင်လယ်စာ ရေထွက်ကုန်အား ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးတင်ပို့ ရောင်းချလျက်ရှိကြောင်း မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။
Nov 06, 2023
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ခဲ့သော ဥပဒေရုံးများ ပြန်လည်ပြုပြင်ရန်နှင့် ရေဘေးသင့်ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ထောက်ပံ့ငွေပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်း တွင် ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 06, 2023
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက မြေအောက်ရေဖြင့် ဆောင်းကြက်သွန်နီကို စတင်စိုက်ပျိုးနေကြကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
Nov 06, 2023
မြန်မာနိုင်ငံတွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဟူသည့် အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်တွင်ပါဝင်သော တိုးတက် ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများ အားပေး ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့် အချက်နှင့်အညီ စစ်ကိုင်းခရိုင်အတွင်း၌ ၂၀၂၃ ခုနှစ်အထိ မှတ်ပုံတင်ထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ၃၅၀ ခန့်ရှိကြောင်း ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။ ယင်းလုပ်ငန်းများ အနက် စိန်ကြည်ဂျုံခေါက်ဆွဲလုပ်ငန်းမှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။
Nov 06, 2023
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၃ ရက်က တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မြိတ်မြို့ ထားဝယ်စုရပ်ကွက် ရွှေနန်းတော်မုန့်တိုက် အရှေ့နဝရတ်လမ်းသွယ်အနီး၌ စုပုံထားသော အကောက်ခွန်မဲ့ပစ္စည်းများဖြစ်သည့် 888 Playing Cards ဖဲချပ် ၄၆၀၈ ထုပ်အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၂၈၉၆၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
