Mar 08, 2020
ရေး မတ် ၈
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီ ၃၀ အချိန်က ရေး မြို့နယ် နှစ်ကရင်ကျေးရွာအုပ်စု ၊ သပြေသစ်ကျေးရွာအနီးတွင် ရဲစခန်းအသစ် ၊ ဆေးပေးခန်း ကမ်းလွန်ပင်လယ်ပြင်ထောက်ပံ့ရေးစခန်း ဆောက်လုပ်မည့် နေရာတို့အား ပန္နက်တင် အခမ်းအနား ပြု လုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် SMDCo.ktd ဥက္ကဌ ဦးစိန်ဝမ်း တို့က အမှာစကားပြောကြားပြီး SMD Co.ktd မန်နေးဂျင်းဒါရိုက်တာ Mr.Tang WengFei က စီမံ ကိန်းဆိုင်ရာလုပ်ငန်းများကို ရှင်းလင်း ပြောကြားသည်။
Mar 08, 2020
ဘားအံ မတ် ၈
ဘားအံမြို့ပေါ်သန့်ရှင်းသာယာလှပရေး၊ အမှိုက်များ စည်းကမ်းမဲ့ စွန့်ပစ်နေမှုများ မရှိစေရေးအတွက် ရည်ရွယ် ပြီး အပတ်စဉ် စနေနေ့တိုင်း စုပေါင်းအမှိုက်ကောက်လျက်ရှိရာ ယမန်နေ့ (၆)နာရီခွဲအချိန်က ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်ပြီး ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် ဘားအံမြို့ပေါ်ကမ်းနားလမ်း တစ်လျှောက်တွင် စုပေါင်းအမှိုက်ကောက်ခဲ့ကြကြောင်း သိရသည်။
Mar 08, 2020
ရိခေါ်ဒါရ် မတ် ၈
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့သို့ လေ့လာရေးခရီးစဉ်ဖြင့် ရောက်ရှိလာကြသည့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီအခြေစိုက် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ် ဦးမိုးကျော်အောင် ဦးဆောင်သည့် အာဆီယံ သံအမတ်ကြီးများသည် ယမန်နေ့ ညနေပိုင်းက ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာကြရာ ချင်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ရိပြည်ထောင်စုရိပ်သာမုခ်ဦး၌ ကြိုဆိုကြသည်။
Mar 08, 2020
စေတုတ္တရာ မတ် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အများပြည်သူ ဘေးအန္တရာယ်ခိုလှုံနိုင်ရန် ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦဖွင့်ပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီ အချိန်တွင် ဘက်စုံသုံးဘေးဒဏ်ခံ Multi-Purpose Shelter အဆောက်အဦ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 08, 2020
လွိုင်ကော် မတ် ၈
ကယားပြည်နယ်လုံးဆိုင်ရာ (၁၉)ကြိမ်မြောက်၊ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်၊ နွားလဝိုးကျေးရွာအုပ်စု ပဒါးညေးကျေးရွာ၌ ကျင်းပပြုလုပ်ရာ ကယား ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်စည်ပင် သာယာရေးနှင့် လူမှုရေးဝန်ကြီး၊ ဗမာတိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကယားပြည်နယ်အတွင်းရှိ ပအိုဝ်းတိုင်း ရင်းသား / တိုင်းရင်းသူများ တက်ရောက်ကြသည်။
Mar 08, 2020
မြစ်ကြီးနား မတ် ၈
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မြစ်ကြီးနားပညာရေးကောလိပ်၏ (၂၂) ကြိမ်မြောက် ဆရာအတတ်ပညာ ဒီပလိုမာအပ်နှင်းပွဲကို ယနေ့ နံနက် (၈)နာရီခွဲတွင် ပညာရေးကောလိပ်၊ အာကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 07, 2020
ဒါရိုက်တာကြည်စိုးထွန်း တွေ့ဆုံမေးမြန်းသည်
ဒီတစ်ပတ် ရုပ်ရှင်စကားဝိုင်းကို ကျွန်တော်နဲ့အတူ ဆွေးနွေးမယ့် ပုဂ္ဂိုလ်ကတော့ ခင်ဇော်(ကေသီပန်)ဆိုပြီးတော့ နာမည်ရှိတဲ့သူ ပါပဲ။ အခုကတော့ ကျွန်တော်တို့ကတော့ ဆရာ ဦးခင်ဇော်လို့ ခေါ်ဆိုပါတယ်။ ဆရာ ဦးခင်ဇော်ဟာ နာမည်ကျော် လူငယ်ဒါရိုက်တာ မိုက်တီးရဲ့ ဖခင်ဖြစ်သလိုပဲ သရုပ်ဆောင် ချစ်ချစ်ဇော်တို့၊ လင်းဇာနည်ဇော်တို့ရဲ့ ဖခင်လည်း ဖြစ်ပါတယ်။
(၁၈-၂-၂၀၂၀ ရက်နေ့မှအဆက်)
ကြည်စိုးထွန်း ။ ။ ဟုတ်ကဲ့ဆရာ ဓာတ်ပုံတွေ့ဖူး
တယ်။
ဦးခင်ဇော် ။ ။ အဲဒီတော့ဟိုဘက်မှာ အောင်ဇေ
ယျ ရုပ်ရှင်က ခေတ်ကောင်းနေ တော့ ဦးခင်မောင် အပ်ပါးဘားမား။
Mar 07, 2020
နေပြည်တော် မတ် ၇
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ကော်မရှင် ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲ အခမ်းအနား တွင် ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက သင်တန်းဆင်းမိန့်ခွန်း ပြောကြားပြီး (ဝဲပုံ) အခြေခံလေ့ကျင့် ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၀) ၌ ပထမရရှိသော ဒေါ်အိရွှေဇင်အောင်၊ ဒုတိယရရှိသော ဒေါ်သိမ့်သီရိဆွေ၊ တတိယရရှိသော ဒေါ်မြတ်ပန်းဖြူ တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
Mar 07, 2020
ဘားအံ မတ် ၈
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း စိုက်ပျိုးဖြစ်ထွန်းသော ကျေးရွာများ ရောင်းဝယ်ဖောက်ကားမှု လျင်မြန်လွယ်ကူစေရေးအတွက် အကျိုးရှိစေမည့် ထုံးအိုင်-မိန်းမလှကျွန်း-ဖအွံ-ဖဲကတာလမ်းပေါ်ရှိ ဖအွံချောင်းအား ဖြတ်ကျော်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ထားသည့် တံတားပြီးစီးမှုနှင့် တံတားချဉ်းကပ်လမ်း ဆောင်ရွက်နေမှအခြေအနေများအား ယမန်နေ့ နံနက်ပိုင်းက ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၇-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ
Mar 07, 2020
နေပြည်တော် မတ် ၇
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် -
Mar 07, 2020
ရန်ကုန် မတ် ၇
(၈)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးဆုံးဖြတ် ချက်များ အကောင်အထည်ဖော်ရေးအတွက် အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ (NCA - S EAO)၏ နှစ်ဖက် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ဆက်လက် ကျင်းပသည်။
Mar 07, 2020
တရားမဝင် သစ်ဖမ်းဆီးမှုများကို သတင်းများ၌ နေ့စဉ်လိုလို တွေ့ရှိနေရသည်။ သစ်မှောင်ခိုလုပ်ငန်းသည် အကျိုးအမြတ်များသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အလျောက် သစ်မှောင်ခို ခုတ်လှဲ၊ ခွဲစိတ်၊ သယ်ယူ ရောင်းဝယ်မှုများကို အထက်၊ အောက် မြန်မာနိုင်ငံ အနှံ့အပြား၌ ဖမ်းမိနေခြင်းလည်း ဖြစ်သည်။
Mar 07, 2020
တပေါင်းလသည် မပူလွန်း၊ မအေးလွန်း ရာသီဥတု မျှတသောကာလ ဖြစ်ပါသည်။ ဥဒေါင်းငှက်အပေါင်းတို့ ပျော်မြူးတွန်ကျူးသောလ၊ တောပန်းတောင်ပန်းတို့ ဖူးပွင့်ဝေဆာရောင်စုံဖြာနေသောလဖြစ်သည်။ သဘာဝ အလှတရားများ ပြည့်စုံကြွယ်ဝနေသောလတွင် ကောင်းခြင်းမင်္ဂလာအပေါင်း တို့ စတင်ဖြစ်ပေါ်လာကြသည်။
Mar 07, 2020
နေပြည်တော် မတ် ၇
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးတင်လတ်သည် ယနေ့နံနက် ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ရှိ ဒေသခံဟိုတယ်နှင့် ခရီးသွား လုပ်ငန်းရှင်များနှင့် တောင်ငူခရိုင် Tourism Board အဖွဲ့ဝင်များအား တော်ဝင်ကေတုမတီဟိုတယ်၌ တွေ့ဆုံ သည်။
Mar 07, 2020
ရန်ကုန် မတ် ၇
မြန်မာနိုင်ငံ စားသုံးသူများအသင်း (CAM) မှကြီးမှူးပြီး ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနားနှင့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ညီအစ်ကိုများအသင်းတော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်တို့က အမှာစကား ပြောကြားကြသည်။
Mar 07, 2020
ရန်ကုန် မတ် ၇
ရွှေတိဂုံစေတီတော် ၂၆၀၈ နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးကို ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၈ ရက်အထိ(တပေါင်းလဆန်း ၆ ရက်မှ တပေါင်းလပြည့်နေ့အထိ) ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊ သံဃာ့ပူဇာဟု ဆိုအပ်သော ပူဇော်ခြင်း အမျိုးမျိုးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ ပူဇော် လျက်ရှိသည်။
Mar 07, 2020
နေပြည်တော် မတ် ၇
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ၀င်းမြတ်အေးသည် ယနေ့နံနက်ပိုင်းတွင် ဖျာပုံမြို့ရှိ ကန်တော်မင်္ဂလာ ဘိုးဘွားရိပ်သာ၌ ဘိုးဘွား(၃၅) ဦးအတွက် အလှူငွေ ကျပ် (၅)သိန်း၊ စောင်များနှင့် အခင်းများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စု၀န်ကြီးသည် ဖျာပုံနှင့် ဒေးဒရဲမြို့ တို့တွင် ဖွင့်လှစ်လျက်ရှိသော ကိုယ်၀န်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် (၂)နှစ်အောက် ကလေး သူငယ်များကို ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT)တွင် ပူးပေါင်းဆောင်ရွက်ကြမည့် ရပ်ရွာ အခြေပြု စေတနာလူမှု၀န်ထမ်းသမားများနှင့် တွေ့ဆုံဆွေးနွေး သည်။
Mar 07, 2020
နေပြည်တော် မတ် ၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မူလတန်း ကြိုကျောင်းများမှ ဆရာမများ၊ ဝန်ထမ်းများ နှင့်တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပသည်။
Mar 07, 2020
ပဲခူး မတ် ၇
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့မွန်းလွဲ(၂)နာရီက ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ ပြုလုပ်ခဲ့သည်။
Mar 07, 2020
ကျောင်းကုန်း မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်အုပ်စု၊ လှည်းဆိပ်ကျေးရွာတွင် ကျေးရွာလျှပ်စစ်မီး ဖွင့်လှစ်ပွဲကို ယနေ့နံနက် ၈ နာရီ အချိန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
