Skip to main content

Mar 03, 2020

ဇလွန်       မတ်    ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် မာရ်အောင်မြင် ပြည်တော်ပြန်မြတ်စွာ ဘုရားကြီး၏ ၁၃၈၁ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကို မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ မြောက်ဘက်စောင်းတန်း မုခ်ဦးရှေ့၌ ယမန်နေ့ ညနေ ၅ နာရီ အချိန်တွင် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

နေပြည်တော် မတ် ၂

နေပြည်တော် ရေပန်းဥယျာဉ်သို့ လာရောက်လည်ပတ်ကြသော ပြည်သူ များ စိတ်ချမ်းမြေ့စွာ အပန်းဖြေနိုင်ရန် အတွက် ထိုင်းနိုင်ငံ မှပညာရှင်များနှင့်ပူးပေါင်း၍ ပထမဦးဆုံးဖွင့်လှစ်မည့် Wedding Park ကို မကြာမီဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

မုံရွာ မတ် ၂

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မဟာ ဓာတ်အားလိုင်းနှင့် သုံးမိုင်အတွင်းရှိပြီး လျှပ်စစ်မီးသုံးစွဲခွင့် မရရှိသေးသောကျေးရွာ ၅၅၉ ရွာကို ကမ္ဘာ့ဘဏ်ချေးငွေဖြင့် လျှပ်စစ် မီးလင်းရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန် စီစဉ်လျက်ရှိကြောင်း တိုင်းဒေသကြီး လျှပ်စစ် အင်ဂျင်နီယာရုံး မှ တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးကြီး ဦးမျိုးသန့်ထွန်းထံမှ သိရသည်။

"အခုမီးလင်းရေးလုပ်ဆောင်ပေးမယ့် ခရိုင် ခြောက်ခုအတွင်းမှာရှိတဲ့ ကျေးရွာ ၅၅၉ ရွာ က မဟာဓာတ်အားလိုင်းနဲ့ သုံးမိုင်အကွာရှိတဲ့ ကျေးရွာတွေဖြစ်ပါတယ်”ဟု အင်ဂျင်နီယာမှူး ကြီး ဦးမျိုးသန့်ထွန်းက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

မြန်မာ့ပညာရေးသမိုင်းတွင် ရန်ကုန်တက္ကသိုလ်သည် အစဉ်အလာကြီးမားသည့် တက္ကသိုလ်ကြီးတစ်ခုဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် စတင်တည်ထောင်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် နှစ် ၁၀၀ ပြည့် မြောက်တော့မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

ဖားဆောင်း မတ် ၃

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူထုတွေ့ဆုံပွဲနှင့် မြို့မြေငှားဂရန် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီခွဲက ဖားဆောင်းမြို့ ဖားစည်သံလွင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

ရန်ကုန် မတ် ၂

ဟိန္ဒူမိသားစုများ၏ အဋ္ဌမအကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်းရှိ အမျိုးသားသွေးလှူဘဏ်၌ ကျင်းပသည်။

သွေးလှူဒါန်းပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်သီတာအောင် (အမျိုးသားသွေးလှူဘဏ်တာဝန်ခံ) က သွေးလှူဒါန်းခြင်းမှရရှိလာမည့် အကျိုးကျေးဇူးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် သွေးလှူဒါန်းပွဲကျင်းပရေးအဖွဲ့မှ Shri Saras Gupta က အမှာစကားပြောကြားပြီး ၁၀ ကြိမ်နှင့်အထက် သွေးလှူရှင်များနှင့် မိတ်ဆက် ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

ရန်ကုန် မတ် ၂

အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့နှင့် မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့တို့ ပူးပေါင်း၍ အမျိုးသားအဆင့် ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းဆွေးနွေးပွဲ (National Workshop on Financial Management & Controls) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဝိုင်အမ်စီအေခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

နေပြည်တော် မတ် ၃

2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးအား ယနေ့ နံနက် ၉ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီး ဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

မကွေး     မတ်    ၃

မကွေးတိုင်းဒေသကြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းပြုစုခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးဆိုင်ရာ သင်တန်းကို မကွေးမြို့စုပေါင်းရုံး အစည်းအဝေးခန်းမ၌ယနေ့ နံနက် ၉ နာရီက ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

ရန်ကုန် မတ် ၃

မြန်မာနိုင်ငံအတွင်းရှိ ဈေးများနှင့်ဈေးပြင်ပတွင် ရောင်းချလျက်ရှိသော အစားအသောက် များ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် လက်တွေ့ကျသော နည်းဗျူဟာဖော်ဆောင်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ” ဖွင့်ပွဲကို ယမန် နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

နေပြည်တော် မတ် ၃

ပဋိပက္ခအတွင်း အမျိုးသမီးများအားအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 03, 2020

နေပြည်တော်  မတ်  ၃

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မ ခွဲများ အပေါ် လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့ နိုင်ငံများ၏COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေမှာ ကမ္ဘာ့ဒေသအသီးသီးတွင် ရောဂါဖြစ်ပွားသောနိုင်ငံများ ဆက်တိုက်များပြားလာခဲ့ကြောင်းနှင့် နိုင်ငံပြင်ပမှရောဂါကူးစက်မှုများ သာမက နိုင်ငံတွင်း၌ပါရောဂါကူးစက်မှုများ ရှိလာကြောင်း သိရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် ဖေဖော်ဝါရီလ၂၈ ရက်နေ့ကတည်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒေသတွင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအားလုံးတွင် ရောဂါကူးစက်ဖြစ်ပွားမှု အလွန်မြင့်မားသည့် အဆင့်အဖြစ် တိုးမြှင့်သတ်မှတ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

၂၀၂၀ ပြည့်နှစ် နွေရာသီရေရှားပါးကျေးရွာများ သောက်သုံးရေ ရရှိရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၀ ရက်က နေပြည်တော်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တွင် ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက “နွေရာသီ ရေရှားပါးမှု ပြဿနာကို ဖြေရှင်းရာတွင် သောက်သုံးရေဖြန့်ဝေခြင်းကဲ့သို့ လတ်တလော ဆောင်ရွက်မည့် အစီအစဉ်များသာမကကျေးရွာများ၏ ရေရှားပါးရခြင်း အဓိကအကြောင်းရင်းများကို ဖော်ထုတ်ပြီး ဖြေရှင်း နိုင်မည့် ကာလတို၊ ကာလလတ် အစီအမံများကို ရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရန်” မှာကြားသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

နေပြည်တော်၊ မတ် ၂

တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကို ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မတ်(၁)ရက် ရက်စွဲဖြင့် အသိပေးချက် တစ်ရပ်ထုတ်ပြန်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

ရန်ကုန် မတ် ၂

မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)က ကြီးမှူးကျင်းပသည့် ၂၀၂ဝခုနှစ် ပွန်ဂဲလ်(ခေါ်) ကောက်သစ်စားပွဲနှင့် တောင်သူလယ်သမား ဦးကြီးများ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏလမ်းဆုံအနီး သုဝဏ္ဏဘူမိ Event Park ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2020

ရန်ကုန် မတ် ၂

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ The Global New Light of Myanmar သတင်း စာတိုက်သို့လာရောက်ပြီး သတင်းစာအရည်အသွေး တိုးတက်ရေးအတွက် စာတည်းအဖွဲ့နှင့် တွေ့ဆုံဆွေး နွေးသည်။

ဆက်လက်ဖတ်ရှုရန်