Aug 16, 2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် မြန်မာ့ လူ့စွမ်းအား အရင်းအမြစ်ကဏ္ဍအတွက် ပူးပေါင်းကူညီသည့်အနေဖြင့် မြန်မာကျောင်းသား ကျောင်းသူများကို ပညာသင်ဆုများ ပေးအပ်လျက်ရှိရာ ယခု ၂၀၂၀ ပြည့်နှစ် စာရင်းများအရ မြန်မာ ကျောင်းသား ကျောင်းသူပေါင်း ၁၂၉ ဦးအား ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu ၏ ပြောကြားချက်အရ သိရသည်။
Aug 16, 2020
လူငယ်များစာပေကို ချစ်မြတ်နိုးစေရန်၊ စာအုပ်စာပေကို တန်ဖိုးထားတတ်စေရန်၊ စာပေကို ပိုမို ဖတ်ရှု လာစေရန် ရည်ရွယ်ချက်များဖြင့် တည်ထောင် ဖွင့်လှစ်ထားသည့် Yangon Book Plaza ၃ နှစ်ပြည့် စာအုပ်စျေးရောင်းပွဲကို သြဂုတ် ၈ ရက်မှ ၁၆ ရက် အထိ လမ်းမတော်မြို့နယ် သံစျေးရှိ Yangon Book Plaza တွင် နေ့စဉ် နံနက် ၉ နာရီမှ ည ၇ နာရီ အထိ စာအုပ်များကို စျေးလျှော့ရောင်းခဲ့ကြောင်း သိရသည်။
Aug 16, 2020
၁။ (၁၅-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာ၌ -
Aug 16, 2020
လူအများစိတ်ဝင်စားကြသည့် အကြောင်းအရာများ (ဝါ) သတင်းများကို ရယူစုဆောင်းပြီး အခကြေးငွေဖြင့် ပြန်လည်ရောင်းချ ဖြန့်ဖြူးရာမှ သတင်းစာလုပ်ငန်းများ စတင်ခဲ့သည်။ မိမိတို့၏ သတင်းစာများ ရောင်းကောင်းရေးတွင် လူအများစိတ်ဝင်စားကြသည့် သတင်းများပါရှိရေးသည် အဓိကဖြစ်သည့်အလျောက် သတင်းစာထုတ်ဝေသူများ၊ သတင်းစာဆရာများကလည်း ပရိသတ် အကြိုက်လိုက်ကာ ပရိသတ်ဘဝင်ခိုက်မည့်သတင်းမျိုးကို ဦးစားပေးရေးသားသည့် အဝါရောင် သတင်းစာပညာ (Yellow Journalism) လည်း ပေါ်ပေါက်ခဲ့သည်။
Aug 16, 2020
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အရှိန်အဟုန် မကျသေးဘဲ မြင့်တက်နေဆဲဖြစ်သည်ကို မြင်တွေ့ကြားသိရမည်ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ သန်းပေါင်း ၂၀ ကျော် ရှိလာပြီး သေဆုံးသူ တစ်သန်းနီးပါးသို့ ချဉ်းကပ်လာသည်ကို တွေ့ရပါသည်။ ကမ္ဘာ့နိုင်ငံများ အနေဖြင့် ဗိုင်းရပ်စ်ပိုးကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန် ကြိုးစားအားထုတ် နေကြရာ၌ ပြည်သူများ စည်းလုံးညီညွတ်မှု၊ စည်းကမ်းလိုက်နာမှုတို့အပေါ် မူတည်၍ ရောဂါအနည်း အများ ဖြစ်ပေါ်မှုကို မြင်တွေ့နိုင်ပါသည်။
Aug 15, 2020
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည် မြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်ကြီး (၃) တိုက်သို့ ထာဝရဆွမ်း ပဒေသာပင် ငွေကျပ်သိန်း (၅၀) စီ စိုက်ထူလှူဒါန်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။
Aug 15, 2020
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ထာဝရငြိမ်းချမ်းရေး စေတီတော် ဘက်စုံ တည်ဆောက်အချောသပ်မွမ်းမံခြင်း လုပ်ငန်းများအတွက် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက မန္တလေးမြို့ အောင်မြေသာ စံမြို့နယ် ၆၂လမ်းရှိ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
Aug 15, 2020
မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနား ကျင်းပရေး ဉီးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
Aug 15, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် အခက်အခဲ ကြုံတွေ့နေရသည့် မလေးရှားနိုင်ငံ၊ ပီနန်းမြို့ရှိ အထည်ချုပ်စက်ရုံများမှ မြန်မာအလုပ်သမား (၁၇၀) ဦးအတွက် မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့နှင့် ၎င်းတို့၏ ကုမ္ပဏီများမှ ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) စင်းလုံးငှား အထူးလေယာဉ်အား ပြေးဆွဲခဲ့ပါသည်။ အဆိုပါ ကယ်ဆယ်ရေး အထူးလေယာဉ်သည် ယနေ့ (၁၆၃၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြပါသည်။
Aug 15, 2020
၁။ (၁၅-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 15, 2020
(၂၇) ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC အတွင်းရေးမှူးများ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-I)၌ ကျင်းပသည်။
Aug 15, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ မလှိုင်ကုန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က မလှိုင်ကုန်းကျေးရွာ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း ဆိုင်းဘုတ်ရှေ့၌ ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Aug 15, 2020
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် စံပယ်လှကျေးရွာအနီး၌ AA အကြမ်းဖက်သောင်းကျန်းသူ အမာခံတစ်ဦး ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Aug 15, 2020
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျောက်တန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဩဂုတ် ၁၂ ရက်က AA အကြမ်းဖက်အဖွဲ့ဝင်များအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကိုဗစ်အလွန်အဆင့်မြင့်ပညာဘာသာရပ်အသစ်များ (၈)မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေးနှင့်နိုင်ငံရေးသိပ္ပံပညာ
Aug 15, 2020
နိုင်ငံတကာဆက်ဆံရေးပညာဘာသာရပ် (International Relations Subject) နှင့် နိုင်ငံတကာဆက်ဆံရေးပညာဌာန (Department of International Relations) အသစ်ကို ၁၉၈၄ ခုနှစ် ဒီဇင်ဘာလတွင် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့၌ ဖွင့်လှစ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ၃၆ နှစ်ပြည့်တော့မည်ဖြစ်ပါသည်။
Aug 15, 2020
၁။ (၁၄-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာ၌ -
Aug 15, 2020
ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သည့်အနေဖြင့် ကျန်းမာရေး၊ လူမှုကူညီရေးဝန်ထမ်းများနှင့် နေရပ်ရွှေ့ပြောင်းနေထိုင်နေရသူ ၂၆၀၀၀၀ အတွက် အမေရိကန် ဒေါ်လာ တစ်သန်းခန့်တန်ဖိုးရှိ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ(PPE)၊ နှာခေါင်းစည်းနှင့် အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ သိရသည်။
Aug 15, 2020
နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ မဲစာရင်းများအား ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၃ ရက်အထိ ရက်ပေါင်း ၂၀ အတွင်း လာရောက်ကြည့်ရှုသူ ၁၃ သိန်းကျော်ရှိပြီး ၎င်းတို့အနက် ပြင်ဆင်ဖြည့်စွက်တောင်းဆိုရန် လျှောက်ထားသူ ၁၇၀၀၀၀ ကျော်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
Aug 15, 2020
မြန်မာ့စွယ်စုံကျမ်းများ ပြန်လည်ထုတ်ဝေရေးအတွက် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့၏ လုပ်ငန်းတာဝန်ခွဲဝေမှုဆိုင်ရာ မူဘောင် သဘောတူညီချက်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ကုန်သည်လမ်းရှိ စာပေဗိမာန်၌ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တက်ရောက်သည်။
Aug 15, 2020
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ယမန်နေ့တွင် မြင်းခြံဗဟိုအကျဉ်းထောင်နှင့် မြင်းခြံမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးသည်။
