May 08, 2025
ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန (ရုံးသစ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း၌ ကျင်းပသည်။
May 08, 2025
ရန်ကုန်ခါနန်နှစ်ခြင်းအသင်းတော် (လှိုင်သာယာ) နှင့် Sweet J Foundation တို့မှ အလှူရှင်များက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ငလျင်ဘေးသင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် အားကစားအဖွဲ့များအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
May 08, 2025
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 08, 2025
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ စဉ့်ကိုင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ချမ်းအေးသာစံမြို့ အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတို့တွင် စခန်းသွင်းသင်ကြားလေ့ကျင့်နေသည့် တက္ကသိုလ် ပါမောက္ခ၊ ဆရာ ဆရာမများနှင့် အခြေခံပညာ ဆရာ ဆရာမများ၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးသည်။
May 08, 2025
မန္တလေးငလျင်ကြီးကြောင့် သေဆုံး၊ ဒဏ်ရာရ ဝန်ထမ်းများနှင့်မိသားစုဝင်များ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့တွင် ရုံးအမှတ် (၂၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဧည့်ခန်းဆောင်၌ ကျင်းပသည်။
May 08, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် အမဲသား၊ ဝက်သားများအား ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ ဧပြီ ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
May 08, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
May 08, 2025
မြို့နယ်အချို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
May 08, 2025
အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
May 08, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များကို ဖွဲ့စည်း၍လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနက ဦးဆောင်သည့် One Stop Service ဌာနဆိုင်ရာအဖွဲ့များ ဖွဲ့စည်း၍လည်းကောင်း၊ နယ်စပ် ဝင်/ထွက်ဂိတ်များ၊ နယ်စပ်ကုန်သွယ်ရေးရုံးနှင့် စခန်းများ၊ အမြဲတမ်းစစ်ဆေးရေးစခန်းများ၊ ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်နှင့် ကုန်ပစ္စည်းသိုလှောင်ရုံများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် လေဆိပ်များ၊ ကမ်းရိုးတန်းဆိပ်ကမ်းများတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်လျက်ရှိရာ သတင်းအချက်အလက်ရရှိမှုသည် အလွန်အရေးပါလျက်ရှိကြောင်း သိရသည်။
May 08, 2025
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းစီစဉ်မှုဖြင့် ဟင်းသီးဟင်းရွက်များအား ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းအိမ်ရာများသို့ ဧပြီ ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသော ဈေးနှုန်းများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
May 08, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတွင် မေ ၇ ရက်အထိ သေဆုံးသူ ၃၇၉၁ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၆ ဦးနှင့် ပျောက်ဆုံးသူ ၈၈ ဦး ရှိသည်။
May 08, 2025
မန္တလေးငလျင်ဘေးသင့်ဝန်ထမ်းများအတွက် လိုအပ်သည့် ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် TZU CHI CHARITY FOUNDATION က ငွေကျပ်သိန်း ၂၀၀၊ ဆန်ခြောက်ပြည်အိတ် ၉၂၀ နှင့် ဆီတစ်လီတာဘူး ၉၂၀ ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ရုံးသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
May 08, 2025
တပ်မတော် (ရေ) က ၂၀၂၅ ခုနှစ် ရေကြောင်းလူငယ်အခြေခံသင်တန်း (၁/၂၀၂၅) နှင့် ရေကြောင်းလူငယ်တန်းမြင့်သင်တန်း (၁/၂၀၂၅) သင်တန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ၏ ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၁၁ ခုတွင် သင်တန်းသား စုစုပေါင်း ၈၀၀ ဖြင့် ဧပြီ ၂၂ ရက်မှစတင်၍ ဖွင့်လှစ်လျက်ရှိသည်။
May 08, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မိတ္ထီလာခရိုင်အတွင်း မြေအောက်ရေအရင်းမြစ်များ ပိုမိုအသုံးချနိုင်ရေးဒေသနေပြည်သူများ စိုက်ပျိုးရေနှင့် သောက်သုံးရေပိုမိုဖူလုံစွာ ထုတ်ယူသုံးစွဲနိုင်ရေးအတွက် ပျော်ဘွယ်မြို့နယ်အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော တမာကိုင်းချောင်း မြေအောက်တမံ (၁)၊ (၁-က)၊ (၂-က) တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
May 08, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဝန်ကြီးဌာနပိုင် မြေနေရာ၌ သမဝါယမဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေးစီစဉ်တည်ဆောက်ပေးနေသည့် အိမ်ရာများကိုလည်းကောင်း၊ အဆိုပါမြေနေရာနှင့် ရုံးသို့ဆက်သွယ်သော လမ်းဖောက်လုပ်နေမှုကိုလည်းကောင်း၊ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စက်ရေတွင်းတူးဖော်နေမှုကိုလည်းကောင်း၊ ကွန်တိန်နာများ စီစဉ်ချထားမည့် မြေနေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လမ်း၊ ရေ၊ မီး၊ မိလ္လာစနစ်များအပါအဝင် ဘာရှာများကို မေ ၁၅ ရက် ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် ၁၇ ရက်တွင် ပြောင်းရွှေ့နေရာချထားပေးရန် မှာကြားသည်။
May 08, 2025
ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်သည် ယနေ့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) သို့ ရောက်ရှိပြီး သင်တန်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
May 08, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးနည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာကောလိပ် (မန္တလေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 08, 2025
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့တွင် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၏ကိုယ်စား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် အမေရိကန်အခြေစိုက် Samaritan’s Purse International Relief ဆေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်ပွဲနှင့် အရေးပေါ်ဆေးရုံ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်သည်။
May 08, 2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျောင်းကုန်းမြို့နယ် ဦးစီးမှူးရုံးတွင် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ရရှိပြီးသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူကာ ဂဏန်း ၁၀ လုံးပါ(Unique ID) နံပါတ်ထုတ်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
