Skip to main content

Feb 17, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာအင်စတိကျု (PANNA INSTITUTE) တို့ ပူးပေါင်းပြီး KAS Myanmar ၏ ပံ့ပိုးမှုဖြင့်ပြုလုပ်သည့် စတုတ္ထအကြိမ် သုတေသန နည်းနာနိဿယ၊ ပြည်သူ့ ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2020

ရန်ကုန် ဖေဖော်ဝါရီ ၁၇

(၈)ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM) အစည်းအဝေးဆုံးဖြတ်ချက်များ အကောင်အထည် ဖော်ရေးအတွက် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA) လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ(NCA-S EAO)၏ နှစ်ဖက် အလုပ်အဖွဲ့ ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆိုင်ရာလုပ်ငန်းအဖွဲ့၏ သတ္တမအကြိမ်မြောက်အစည်းအဝေးကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2020

(၁၇-၂-၂၀၂၀ ရက်နေ့၊ ည (၈:၁၅) နာရီ)

• တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၂၆) နိုင်ငံတွင် ရောဂါဖြစ်ပွားမှု အခြေအနေ၊

• မြန်မာနိုင်ငံတွင် ရောဂါ စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများအား ဗဟိုအဆင့်မှ မြို့နယ် အဆင့် အထိ ဆောင်ရွက်နေမှုများ၊

• မြန်မာနိုင်ငံ ဆေးရုံများတွင် စောင့်ကြည့်လူနာများကို စောင့်ကြပ်ကြည့်ရှု ကုသပေးနေမှုများ၊

• ဓာတ်ခွဲအတည်ပြုလူနာများ၊ ရောဂါပြင်းထန်သည့်လူနာများ ရောက်ရှိပေါ်ပေါက်လာပါက အရည်အသွေးပြည့်ဝစွာ ကုသမှုပေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများ၊

ဆက်လက်ဖတ်ရှုရန်

Feb 17, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၇

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (National Health Laboratory) သည် (၂၀၀၈) ခုနှစ်၊ ဖေဖေါ်ဝါရီ (၂၆) ရက်မှစတင်၍ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ အသိအမှတ်ပြု “အမျိုးသားတုပ်ကွေးရောဂါဌာန အဖြစ်ရပ်တည်ခဲ့ပြီး တုပ်ကွေး ဗိုင်းရပ်(စ်) ပိုးနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်(စ်)ပိုးများကို  ဓာတ်ခွဲစစ်ဆေးခြင်းဖြင့် အသက်ရှု လမ်းကြောင်းမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကုသခြင်း လုပ်ငန်းများတွင် အထောက်အကူပြု ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2020

(၁၇-၂-၂၀၂၀ ရက်နေ့၊ ည (၈:၀၀) နာရီ)

 

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှူခြင်း လုပ်ငန်းများအား အပြည် ပြည်ဆိုင်ရာဝင် ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ပထမအကြိမ် မြန်မာ-ပိုလန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် ပိုလန်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Marcin Przydacz တို့က ဦးဆောင်ကျင်းပကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2020

ရန်ကုန် ဖေဖော်ဝါရီ ၁၇

 

နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ် သည့် အဆင့်မြင့်သံတမန်ရေးရာ ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၆/၂၀၂၀) ၏ သင်တန်းဖွင့်ပွဲ ကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်၍ သင်တန်းဖွင့်အမှာ စကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 17, 2020

နေပြည်တော် ဖေဖော်ဝါရီ ၁၇

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအားလုံး ပါဝင်သော စုံညီခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်း အမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှု(၄)မှုကို စီရင်ချက် ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှု(၆)မှုကို ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

ဆက်လက်ဖတ်ရှုရန်