Feb 18, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၉
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 18, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၉
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် Hanns Seidel Foundation (HSF) ၏ ဌာနေကိုယ်စားလှယ် Mr. Achim Munz အား ယနေ့မွန်းလွဲ ၂ နာရီခွဲ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
Feb 18, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၉
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း NEP Phase-2 အတွက် လိုအပ်သော ကွန်ကရစ်တိုင်ဝယ်ယူနိုင်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီ များနှင့် စာချုပ်များ လက်မှတ် ရေးထိုးခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။
Feb 18, 2020
မုံရွာ ဖေဖော်ဝါရီ ၁၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၁ နာရီက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ကလေးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သော တွေ့ဆုံပွဲသို့ တက်ရောက်သည်။
Feb 18, 2020
ရန်ကုန် ဖေဖော်ဝါရီ ၁၉
မြန်မာနိုင်ငံအစိုးရနှင့် စင်ကာပူနိုင်ငံအစိုးရတို့ ပူးပေါင်းဖွင့်လှစ်သော စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း SMVTI လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ်ရှိ အဆိုပါ ကျောင်းဝင်း၌ ကျင်းပသည်။
Feb 18, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၉
အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များလုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ကော်မတီရေးရာဆောင် အမှတ်(I-20) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 18, 2020
ကင်ဆာအပါအဝင် မကူးစက်နိုင်တဲ့ ရောဂါတွေအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ပေါင်းပြီး လေ့လာဆန်းစစ်မှုလုပ်နေ ပါတယ် (ဒေါက်တာဇော်လင်းထွဋ် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ)
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ(၂၇)၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ (၁၀၆)၊ (၁၀၇)နှင့် အမျိုးသားလွှတ်တော်အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီကို အမိန့်ကြေညာစာအမှတ် ၈/၂၀၁၆ အရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
Feb 18, 2020
မန္တလေး ဖေဖော်ဝါရီ ၁၈
ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ဖြစ်ပွားရာ တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်လည်ခေါ်ယူ၍ မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် ၁၄ ရက်ကြာ ရောဂါကူးစက်မှု ရှိ/မရှိ စောင့်ကြပ်ကြည့်ရှုမှု ခံယူခဲ့ကြသည့် မြန်မာကျောင်းသား ကျောင်းသူ ၅၉ ဦးနှင့် ၎င်းတို့အား ပြန်လည်ခေါ်ယူရာတွင် ဝူဟန်မြို့သို့ လိုက်ပါသွားခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်းသုံးဦးတို့သည် ဖေဖော်ဝါရီ ၁၆ ရက်က ကျန်းမာရေး ကောင်းမွန်စွာဖြင့် ၎င်းတို့နေထိုင်ရာ ဒေသအသီးသီးသို့ ပြန်သွားကြပြီဖြစ်သည်။
Feb 18, 2020
ပုသိမ် ဖေဖော်ဝါရီ ၁၉
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ဆွီဒင်ကြက်ခြေနီအသင်း၏ ပံ့ပိုးမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်း/ခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီအများနှင့် မြို့နယ် ကြက်ခြေနီအသင်းခွဲများ၏ အမှုဆောင်များအတွက် ကြက်ခြေနီ အသိပညာပြန့်ပွားရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၌ ကျင်းပသည်။
Feb 18, 2020
ဂန့်ဂေါ ဖေဖော်ဝါရီ ၁၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဒေသခံများ တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဂန့်ဂေါ မြို့နယ်၊ နှမ်းခါးကျေးရွာရှိ ကျေးရွာခန်းမ၌ တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် မကွေးတိုင်း ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာတို့က အဖွင့်အမှာစကားပြောကြားပြီး ဒေသခံရပ်မိရပ်ဖ (၁၂)ဦးတို့က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက် များကို တင်ပြတောင်းခံကြ ကြောင်း သိရသည်။