Dec 24, 2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့ရှိ ဒေါ် ပိုက်မိဘိုးဘွားရိပ်သာသို့ သွားရောက်၍ ရိပ်သာမှ တာဝန်ရှိသူများ၊ ဘိုးဘွားများနှင့် တွေ့ဆုံသည်။
Dec 24, 2025
လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် M Gallery ဟိုတယ်၌ ကျင်းပရာ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများက Video Conferencing ဖြင့် တက်ရောက်ကြသည်။
Dec 24, 2025
ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီအစည်းအဝေး (၁/၂၀၂၅) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၄၆) ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကိုဗစ်-၁၉ အထူးချေးငွေဦးဆောင်ကော်မတီဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Dec 24, 2025
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် မပူပင်မကြောင့်ကြ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်လိုကြသည်။ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတကာနှင့် တန်းတူရည်တူ ရပ်တည်နေထိုင်လိုကြသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသောအခါ လွတ်လပ်ရေးနှင့်ထိုက်တန်သည့် ဖော်ပြခဲ့သော ပြည်သူများ၏ဆန္ဒအတိုင်း၊ နိုင်ငံတော်၏ မျှော်မှန်းထားချက်များနှင့်အညီ သန္နိဋ္ဌာန်ပြုခဲ့သည်။ အကောင်အထည်ဖော်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။
Dec 24, 2025
ဆောင်းရာသီ အပူချိန်ကျဆင်းပြီး အေးမြသည့်ကာလတွင် ကူးစက်ဖြစ်ပွားတတ်သည့် ရာသီတုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူလူထုသိရှိလိုက်နာဆောင်ရွက်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၂ ရက်တွင် သတင်းထုတ်ပြန်ကြေညာထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီဇင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှုအစီရင်ခံစာတွင်ပါရှိသည့် ရာသီတုပ်ကွေးရောဂါပိုး Influenza A (H3N2) Subclade K နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတွင် မတွေ့ရှိသေးကြောင်းနှင့် တွေ့ရှိလာလျှင်လည်း အထူးစိုးရိမ်ရန်မလိုကြောင်း အဆိုပါသတင်းထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
Dec 23, 2025
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင် အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်း တာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိသည်။
Dec 23, 2025
မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ်ကြီးများက ကြီးမှူးကျင်းပသည့် ခရစ်တော်မွေးနေ့ (ခရစ္စမတ်) ကျေးဇူးတော် ချီးမွမ်းခြင်းနှင့် မိတ်သဟာယမိတ်ဆုံစားပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ စိန့်မေရီကာသီဒြယ်ကက်သလစ်ဘုရားကျောင်းတော်ကြီး၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။
Dec 23, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 23, 2025
၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကမ္ဘာလုံးဆိုင်ရာ ရာသီတုပ်ကွေးရောဂါဖြစ်ပွားမှု အစီရင်ခံစာအရ ၂၀၂၅ ခုနှစ် ဆောင်းရာသီဖြစ်သည့် စက်တင်ဘာလမှစတင်၍ ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်သော်လည်းကောင်း၊ အာရှဒေသအပါအဝင် ကမ္ဘာ့ဒေသများတွင် သော်လည်းကောင်း မြင့်တက်လျက်ရှိကြောင်း၊ သို့ရာတွင် နှစ်စဉ်ရာသီတုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုများထက် ပိုမို၍ကူးစက်ဖြစ်ပွားခြင်းမရှိကြောင်း၊ ယခုနှစ်တွင် ကမ္ဘာ့ဒေသအသီးသီး၌ Influenza A (H3N2) ရာသီတုပ်ကွေးရောဂါပိုးသည် အဓိကကူးစက် ဖြစ်ပွားသည့် ရာသီတုပ်ကွေးရောဂါပိုးအမျိုးအစားဖြစ်ပြီး Influenza A (H3N2) Subclade K ရောဂါပိုး ကူးစက်မှုအားလည်း လွန်ခဲ့သော (၆)လအတွင်း ကမ္ဘာ့နိုင်ငံ(၃၄)နိုင်ငံတွင် တွေ့ရှိခဲ့ကြောင်း၊ ၎င်းရောဂါ ပိုးများအား လက်ရှိထိုးနှံနေသည့် တုပ်ကွေးရောဂါ ကာကွယ်ဆေးများ ဖြင့်လည်း ကာကွယ်၍ရနိုင်ကြောင်းနှင့် ပြင်းထန်ရောဂါဖြစ်ပွားလာပါက လက်ရှိအသုံးပြုနေသော ဆေးဝါးများဖြင့် ကုသမှုပေးနိုင်ကြောင်း ဖော်ပြထားရှိပါသည်။
Dec 23, 2025
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ကွမ်ရှီးအသံနှင့် ရုပ်မြင်သံကြားဌာနတို့ ပူးပေါင်းပြီး မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅)နှစ် ပြည့်အထိမ်းအမှတ် ကဗျာနှလုံးသား တူယှဉ်သွား တရုတ်-မြန်မာ ဂန္ထဝင်ကဗျာများရွတ်ဆိုပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ရန်ကုန် Studio –A ၌ ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ တရုတ်နိုင်ငံ ကွမ်ရှီးအသံနှင့်ရုပ်မြင်သံကြားဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Zhengkui ဦးဆောင်သည့် အဖွဲ့ဝင်ခုနစ်ဦးတို့သည် ဒီဇင်ဘာ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ အသီးသီးရောက်ရှိကြသည်။
Dec 23, 2025
ရန်ကုန်မြို့ရှိ မြို့နယ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရေထွက်ကုန်များ အဓိကဖြန့်ဖြူးတင်ပို့ရာ ရန်ကုန်မြို့လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးကြီးမှ တစ်ရက်လျှင် ပျမ်းမျှအားဖြင့် ရေချိုထွက်ကုန်ပိဿာချိန် သုံးသိန်းခန့်ကုန်စည်စီးဆင်းလျက်ရှိကြောင်း ရွှေပိတောက်ဈေးသာယာရေးအဖွဲ့မှသိရသည်။
Dec 23, 2025
ဒီဇင်ဘာကျောင်းပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရားပုထိုး သာသနိကအဆောက်အအုံများတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိကြောင်း ထီးလိုမင်းလိုဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်လှဦးထံမှ သိရသည်။
Dec 23, 2025
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကုသရေးဦးစီးဌာန နောင်ချိုမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် နှီးနွှယ်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် စေတနာရှင်များပူးပေါင်း၍ ဒေသတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကုန်မှစ၍ လုပ်ငန်း(ယာယီ)ရပ်ဆိုင်းထားသော နောင်ချိုမြို့နယ် သုံးဆယ်တိုက်နယ်ဆေးရုံကို ပြန်လည်ပြုပြင်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ကာ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Dec 23, 2025
ရန်ကုန်မြို့ရှိ အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၌ (၃၈)ကြိမ်မြောက် အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖြစ် အသက်(၄၉)နှစ်ရှိ အသည်းရောဂါ လူနာအမျိုးသားနှင့် အသက်(၃၉)နှစ်ရှိအသည်းအလှူရှင် အမျိုးသမီးမောင်နှမတို့အား ဒီဇင်ဘာ ၂၀ ရက်တွင်လည်းကောင်း၊ (၃၉)ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုအဖြစ် အသက်(၅၈)နှစ်ရှိ အသည်းလူနာအမျိုးသမီးနှင့် အသက်(၂၅)နှစ်ရှိ အသည်းအလှူရှင် သားအမိတို့အား ဒီဇင်ဘာ ၂၁ ရက်တွင်လည်းကောင်း ဆောင်ရွက်သည်။
Dec 23, 2025
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယမန်နေ့က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Dec 23, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ နည်းပညာတက္ကသိုလ် (မှော်ဘီ)သို့ရောက်ရှိပြီး တက္ကသိုလ်ပရိဝုဏ်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Dec 23, 2025
(၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေချယ်ရေးစာမေးပွဲကြီးကို ရန်ကုန်မြို့သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျက်ရှိရာ အာဂုံ ပြန်ဆိုတော်မူကြသော စာပြန်သံဃာတော်တို့အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ဖူးမြော်ကြည်ညိုပြီး တိပိဋက ဓရ တိပိဋကကောဝိဒ ဩဝါဒါ စရိယဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာ တော်များ၊ စာထောက်စာမ ဆရာတော်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
Dec 23, 2025
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပျက်စီး/ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် မလျှောက်ထားသေးသူများကို ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။
Dec 23, 2025
အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၄၆)ရှိ ပြည်တွင်းအခွန်များဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Dec 23, 2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အခြေခံပညာအထက် တန်းကျောင်းများ၌ မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
