Skip to main content

Sep 18, 2024

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ်အဆောက်အဦများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုကို လူသားတံတိုင်းအဖြစ် အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ၎င်းတို့ အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် ၎င်းတို့၏အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန် လိုအပ်ကြောင်း။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2024

မြန်မာနိုင်ငံသည် ၄-၃-၁၉၅၅ ခုနှစ်တွင် အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၂၉ ကို လက်ခံကျင့်သုံးလိုက်နာဆောင်ရွက်ခဲ့ပြီး အဓမ္မခိုင်းစေမှုပပျောက်စေရေးဆောင်ရွက်ရာ၌ မြန်မာနိုင်ငံအစိုးရကို ပိုမိုထိရောက်စွာအထောက်အကူပြုနိုင်ရန် ၂၀၀၂ ခုနှစ်တွင် ILO ဆက်သွယ်ရေးအရာရှိတစ်ဦးကို မြန်မာနိုင်ငံတွင် လက်ခံထားရှိရန် မြန်မာနိုင်ငံအစိုးရနှင့် ILO တို့အကြား နားလည်မှုစာချွန်လွှာတစ်ရပ် (Memorandum of Understanding-MoU) ကို လက်မှတ်ရေးထိုးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2024

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်တောင်းမြို့နယ် ပုပ္ပားမှ တောင်ကလပ်သို့သွား ကားလမ်း မိုင်တိုင်(၁၈/၀)တွင် ရာဂီမုန်တိုင်းကာလ မိုးများစွာရွာသွန်းမှုကြောင့် (၁၂.၉.၂၀၂၄)ရက်နေ့ နံနက်ပိုင်းက မြေထိန်းနံရံ အနည်းငယ်ပြိုကျခဲ့ပြီး ကတ္တရာလမ်းသားပဲ့ကျမှု ဖြစ်ပွားခဲ့ရာ အဆိုပါလမ်းပိုင်းအား ဘိုးတော်ထွက်ပွဲကာလ ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်စေရန်အတွက် မြို့နယ်လမ်းဦးစီးဌာနမှ ယာယီအစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ပေးခဲ့ရာ စက်တင်ဘာ ၁၇ ရက်နေ့တွင် ပြုပြင်မှုလုပ်ငန်းများ ပြီးစီး၍ မော်တော်ယာဉ်များ အန္တရာယ်ကင်းစွာသွားလာနိုင်ကြပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2024

“နှောင်” ရုပ်ရှင်ဇာတ်ကားကြီးမှ အကယ်ဒမီနေတိုးအပါအဝင် အနုပညာရှင်အဖွဲ့သားများသည် စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက တိုင်ဖွန်းမုန်တိုင်းရာဂီ၏ အရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် ရေးကြီးရေလျှံမှုများဖြစ်ပေါ်ကာ ရေဘေးဒဏ်ခံခဲ့ရသည့် တပ်ကုန်းမြို့အနီးပတ်ဝန်းကျင်မှ ရေဘေးသင့်ပြည်သူများ ယာယီနေထိုင်လျက်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ ငွေတောင်တောရကျောင်းတိုက်သို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများ၊ အခြေခံစားသောက်ကုန်များနှင့် အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2024

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသည့် ဒေသများအတွက် အိန္ဒိယနိုင်ငံအစိုးရမှ ပေးပို့သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းများသည် ယနေ့ညနေ ၄ နာရီခွဲတွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မာနိုင်ငံအစိုးရသို့ လွှဲပြောင်းပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2024

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “NUG ၊ CRPH ရဲ့ တော်လှန်ရေးအလှူငွေ အရိုးအရင်းကောက်ဗန်းပြထောက်ပံ့ငွေနဲ့ ဘဝစတေးခံနေရတဲ့ PDF လူငယ်များ” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2024

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်း စက်တင်ဘာ ၁၁ ရက်မှ ၁၂ ရက်အထိ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ရေဘေးသင့်ခဲ့သည့် ဝန်ထမ်းများနေထိုင်ရာ တပ်ကုန်းမြို့ ဘုရင့်နောင်ရပ်ကွက်၊ မြို့လယ်ကျောင်း ရေဘေးကယ်ဆယ်ရေးစခန်း၊ မြို့ဦးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်း၊ နောင်သင်္ခါကျေးရွာနှင့် ကင်းသာလမ်းခွဲတို့သို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ) ဦးဝင်းသူနှင့် တာဝန်ရှိသူများ သွားရောက်၍ ရေဘေးသင့်ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2024

နေပြည်တော်ကောင်စီ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ (၂) ၌ ကျင်းပရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုး၊ ဌာနဆိုင်ရာများ၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2024

အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ အမျိုးသားအဆင့် အရည်အသွေးအခြေခံအဆောက်အအုံ ခိုင်မာအားကောင်းစေခြင်းဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ချောမွေ့စေရေးနှင့် ထုတ်ကုန်အရည်အသွေးမြှင့်တင်ပေးသော စံချိန်စံညွှန်းများ ထွက်ပေါ်လာရေး၊ နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးထောက်ခံချက်ထုတ်ပေးနိုင်ရေး၊ စံချိန်စံညွှန်းများကို လွယ်ကူစွာဝယ်ယူသုံးစွဲနိုင်ရေးနှင့် လက်တွေ့ကျကျ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ရေးတို့ ဆွေးနွေးညှိနှိုင်းရန်အတွက် စံချိန်စံညွှန်းလုပ်ငန်းကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2024

ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းကျော်အောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းမှ ရေဘေးသင့်ပြည်သူများ ယာယီနေထိုင်လျက်ရှိသည့် ပျဉ်းမနားမြို့ သုခစိုးဟိုတယ်ဝင်းအတွင်းရှိ ဘိုးဘွားရိပ်သာနှင့် အုန်းတောပရိယတ္တိစာသင်တိုက်များသို့ စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2024

တိုင်ဖွန်းမုန်တိုင်း ရာဂီ၏ အရှိန်ကြောင့် ရေဘေးဒဏ်ခံခဲ့ရသော နေပြည်တော်ကောင်စီနယ်မြေနှင့် တပ်ကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ သင်္ကန်းဒွိစုံ ၆၀၀၊ သင်္ကန်းခြင်း ၃၁ ခြင်းအပါအဝင် ရဟန်းအသုံးအဆောင်ပစ္စည်းများနှင့် အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် အလယ်ရွှေဂုံတိုင်ရပ်ကွက် ရွှေမင်းဝံသာသနာ့ရိပ်သာ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2024

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ကျင်းပမည့် သတ္တမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ရေထွက်ကုန်စည်ပြပွဲ (VII Global Fishery Forum & Seafood Expo Russia) တက်ရောက်ရန် စိန့်ပီတာစဘတ်မြို့၌ ရောက်ရှိနေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၆ ရက်က စိန့်ပီတာစဘတ်မြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ရုံး အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ စက်တင်ဘာ ၁၈ ရက်တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် အာဆီယံ-မဲခေါင်မြစ်ကော်မရှင်ရေဖူလုံရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ လာအိုနိုင်ငံသို့ ထွက်ခွာသွားရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2024

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဥက္ကဋ္ဌ H.E. Mr.Nakharin Mektrairat ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် “The Constitutional Courts and Equivalent Insti-tutions in Strengthening Con-stitutional Justice for Sust-ainable Society” ခေါင်းစဉ်ဖြင့် ကျင်းပမည့် အာရှဒေသဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများ အသင်း (Association of Asian Constitutional Courts and Equivalent Institutions- AACC) ၏ (၆) ကြိမ်မြောက် ညီလာခံနှင့် ဘုတ်အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးသို့ တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပ‌ဒေဆိုင်ရာ ခုံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2024

The ASEAN Coordinating Centre for Humanitarian Ass-istance on Disaster Manage-ment (AHA Centre) မှ ရေဘေးသင့်ဒေသများအတွက် လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်းများသည် ထိုင်းနိုင်ငံ Disaster Emer-gency Logistics System for ASEAN (DELSA) Warehouse မှတစ်ဆင့် မြန်မာအမျိုးသားလေကြောင်းလိုင်း MNA UB-2020 လေယာဉ်ဖြင့် ယနေ့နံနက် ၁ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2024

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသော ဒေသများအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2024

မကြာမီရက်များက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုများကြောင့် ကွန်ပျူတာတက္ကသိုလ် (တောင်ငူ) ဝင်းအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ပင်မစာသင်ဆောင်၌ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများသည် ယာယီရေဘေးရှောင်နေထိုင်လျက်ရှိရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ယနေ့မွန်းလွဲပိုင်းက ယင်းနေရာသို့ သွားရောက်၍ ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2024

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်းရာဂီနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းငယ်တို့၏ အရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပေါ်လာမည့် မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုနှင့် မြေပြိုနိုင်မှုအခြေအနေများကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၉ ရက်နေ့တွင် ကျယ်ကျယ်ပြန့်ပြန့် အသိပေးနှိုးဆော်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 18, 2024

ဥရောပအရှေ့ပိုင်းနှင့် အလယ်ပိုင်းရှိ နိုင်ငံများတွင် ဘောရစ်မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများဖြစ်ပြီး လူများသေဆုံးမှုနှင့် လူထောင်ချီ၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရသည်။ အိုးအိမ်၊ လမ်း၊ တံတားများ၊ ဓာတ်အားလိုင်းများ ပျက်စီးပြီး ဆည်တစ်ခုကျိုး၍ ဆည်အောက်မြို့ရွာများ ရေလွှမ်းသည်။ ဘောရစ်မုန်တိုင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များကို ဩစတြီးယား၊ ချက်၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယားတို့ ကြုံတွေ့ခဲ့ရာ ‘‘ရာသီဥတုပြောင်းလဲမှုသည် ဥရောပတွင် အလွန်လျင်မြန်စွာ ဖြစ်ပေါ်လျက်ရှိကြောင်းနှင့် ကြောက်စရာကောင်းသော အကျိုးဆက်များကို ရင်ဆိုင်နေရပြီဖြစ်ကြောင်း’’ ရိုးမေးနီးယားသမ္မတက ကောက်ချက်ချခဲ့သည်ဟု နိုင်ငံတကာသတင်းများတွင် တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 17, 2024

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် လူငယ်တစ်ဦး ပြည်သူ့စစ်မှုထမ်းဆောင်ရန် တိမ်းရှောင်သဖြင့် ပခုက္ကူမြို့နယ်၊ အမှတ်(၃)ရပ်ကွက် ၎င်းလူငယ်၏ လေဖြတ်နေသော မိခင်ဖြစ်သူကို တာဝန်ရှိသူများက ဓားစာခံအဖြစ် ဖမ်းဆီးထားသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် လုပ်ကြံရေးသားလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်