Jul 03, 2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် စုပေါင်းခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းများ၊ အမှုထမ်းများနှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းသားသမီးများ တက်ရောက်ခဲ့ကြသည်။
Jul 03, 2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်ဖြစ်သည့် ခွန်သာရပ်ကွက်နှင့် ဆင်ကုန်းရပ်ကွက်သို့ ယမန်နေ့ နံနက်ပိုင်းက မြစ်ရေတိုးဝင်လာပြီး အိမ်ထောင်စုအချို့အား တာဝန်ရှိသူများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
Jul 03, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၁)၏ အနောက်ဘက်ရှိ သတ်မှတ်နေရာ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဦးစီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Jul 03, 2024
ဇူလိုင် ၃ ရက်တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကကြီးမှူး၍ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဒက္ခိဏသီရိမြို့နယ် မိုးဝေလမ်းနှင့် ရတီလမ်းကြား၊ ရွှေပြည်တော်ဝင် လမ်းမကြီးဘေး တွင် ကျင်းပသည်။
Jul 03, 2024
ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့သို့သွားရောက်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ် H.E. Mr. IGOR KRASNOV နှင့် တွေ့ဆုံဆွေးနွေးသည်။
Jul 03, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာနရုံးအမှတ် (၄) ၌ကျင်းပသည့် အမျိုးသားအဆင့် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲရလဒ်များအရ အသေးစိတ်ညှိနှိုင်း အစည်းအဝေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
Jul 03, 2024
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။
Jul 03, 2024
(၂၆-၆-၂ဝ၂၄) ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာပါ ဘဏ်များနှင့်ပတ်သက်သည့် ဖော်ပြချက်များတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန်တောင်းဆိုမှုများ စသည့်ရေးသားဖော်ပြချက်များမှာ မြန်မာပြည်သူများ၏အကျိုးစီးပွားကို ထိခိုက်စေသည့်အပြင် မြန်မာနိုင်ငံနှင့်ပြည်ပနိုင်ငံများအကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေသဖြင့် အဆိုပါရေးသားချက်အပေါ် ပြင်းထန်စွာကန့်ကွက်ပါကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့ပါသည်။
Jul 03, 2024
အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက် (စနေနေ့)
Jul 03, 2024
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ဖွဲ့စည်းခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် နိုင်ငံတော်ကသတ်မှတ်ခဲ့ပါသည်။ မြန်မာနိုင်ငံရှိလူဦးရေ၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ပြီး နိုင်ငံအတွက်အဖိုးတန်သော လူသားအရင်းအမြစ် များဖြစ်ပါသည်။ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူညီမျှ အခွင့်အရေးရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာနှင့် ယဉ်ကျေးမှုနယ်ပယ်များတွင် ခွဲခြားဆက်ဆံမှုကင်းစွာ ပါဝင် ဆောင်ရွက်ခွင့်ရှိသူများ ဖြစ်ပါသည်။
Jul 03, 2024
မြန်မာအမျိုးသမီးများနေ့ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃) ရက်
Jul 03, 2024
မြစ်များသည် အများအားဖြင့် တောင်ကုန်းတောင်တန်း၊ အရည်ပျော်နေသော ရေခဲမြစ်များမှ မြစ်ဖျားခံကာ မြေနိမ့်ပိုင်းသို့ စီးဆင်းသွားသည်။ မြန်မာနိုင်ငံရှိ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်မြစ်ကြီးသုံးသွယ်သည် မြင့်မားသော တောင်ကုန်းတောင်တန်းများမှ စီးဆင်းလျက်ရှိသည်။ ယခုမိုးရာသီကာလ အရှိန်ရလာသောအခါတွင် တောင်ကုန်းတောင်တန်းများမှ စီးဆင်းလာသော အဆိုပါမြစ်ရေများကြောင့် မြေပြန့်ဒေသများတွင် ရေကြီးရေလျှံအန္တရာယ်များနှင့် ကြုံတွေ့နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။
Jul 03, 2024
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံ၍ တွက်ချက်ထုတ်ပြန်သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့စာရင်းအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၆ ဒသမ ၂ သန်းရှိသည့်အနက် အမျိုးသားဦးရေ ၂၆ ဒသမ ၈ သန်းနှင့် အမျိုးသမီးဦးရေ ၂၉ ဒသမ ၄ သန်းရှိနေသည်။ အမျိုးသမီးဦးရေသည် ရာခိုင်နှုန်းအားဖြင့် ၅၂ ရာခိုင်နှုန်းကျော်ဖြစ်ရာ နိုင်ငံ့လူဦးရေ၏ထက်ဝက်ကျော် အင်အားရှိနေခြင်းပင်ဖြစ်သည်။
Jul 02, 2024
ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ဧရာဝတီမြစ်ရေမြင့်တက်လျက်ရှိပြီး မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများအတွင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။
Jul 02, 2024
ကချင်ပြည်နယ်အတွင်း မေခနှင့် မလိခမြစ်အထက်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေသည် ဇွန် ၃၀ ရက်နေ့နံနက်ပိုင်းမှစတင်ပြီး မြင့်တက်လာခဲ့ရာ ဇူလိုင် ၁ ရက်နေ့တွင် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာရှိသည့်အနက် မြစ်ရေသည် ညအချိန်တိုင်းတာချက်အရ ၁၄၀၆ စင်တီမီတာအထိ အမြင်ဆုံးမြင့်တက်လာခဲ့သဖြင့် မြို့ပေါ် (၂၈) ရပ်ကွက်တွင် (၁၇) ရပ်ကွက်နှင့် အာလမ်ကျေးရွာတို့တွင် ရေဝင်ရောက်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူများအား ဘေးလွတ်ရာ အမြန်ဆုံးကယ်ဆယ်နေရာချထားပေးနိုင်ရေး ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်၍ ရေဝင်ရပ်ကွက်များအား အပိုင်းလိုက်တာဝန်ခွဲဝေချထားပြီး ရေယာဉ်၊ ကားများ စနစ်တကျစုဖွဲ့၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာများရှိ လူမှုကူညီရေးအသင်းများက ညအချိန်အထိ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးခဲ့ကြသည်။
Jul 02, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 02, 2024
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ဓားပြတိုက်၊ သတ်ဖြတ်၊ ပြန်ပေးဆွဲလုပ်ရပ်များနဲ့ မစ္ဆရိယအမှောင်ဖုံးနေတဲ့ အကြမ်းဖက်သမားများရဲ့တော်လှန်ရေး” ခေါင်းစဉ်ဖြင့် ဇူလိုင် ၃ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။
Jul 02, 2024
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၈ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ရာတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်၏ ဝန်စည်တစ်ခုအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် ရေမွှေးမျိုးစုံ ၄၂ ပုလင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၅၇၄၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအသစ် ဖွဲ့စည်းရေးအတွက် ကိုယ်စားလှယ်လောင်းအဆိုပြုလွှာများ ဖိတ်ခေါ်ခြင်း
Jul 02, 2024
၁။ သတင်းမီဒီယာဥပဒေပုဒ်မ ၁၃ အရ “မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ” ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၃၁-၁၀-၂၀၂၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၄၄/၂၀၂၁ ဖြင့် ဖွဲ့စည်းခဲ့ရာ ကောင်စီ၏သက်တမ်းသည် ၃၀-၁၀-၂၀၂၄ ရက်နေ့တွင် ၃ နှစ် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။
