May 05, 2024
မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန်ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်းလိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
May 05, 2024
နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုပိုမိုများပြားပါသည်။ အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့်ယားဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန်မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် ပြင်းထန်စွာခံစားရပါက အသက်အန္တရာယ်ထိခိုက်နိုင်ပါသည်။
May 05, 2024
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ပြုသူများ
May 05, 2024
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ကနောင်ခန်းမ၌ ယာယီရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
May 05, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဇနီးတို့ကို အမှူးထား၍ ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော် မင်္ဂလာအခမ်းအနားကို မေ ၃ ရက်နှင့် ၄ ရက်တို့တွင် ကျင်းပသည်။
May 05, 2024
(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီနာယက၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ကြည့်ရှုအားပေးသည်။
May 05, 2024
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထား၏ (၁၄၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြန်မာ့မီးရထားရုံးချုပ် နေပြည်တော် ဘူတာကြီးဝင်းအတွင်းရှိ ဘဝသံသရာခန်းမ၌ ကျင်းပသည်။
May 05, 2024
နိုင်ငံတော်အစိုးရသည် ချမှတ်ထားသည့် နိုင်ငံရေးဦးတည်ချက်နှင့်အညီ “ပြည်သူလူထု၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားကို ထာဝစဉ် ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသော်လည်း အဖျက်သမားသောင်းကျန်းသူများက အစဉ်အဆက်နှောင့်ယှက်ဖျက်ဆီးခဲ့သည်ကို သမိုင်းကြောင်းတစ်လျှောက် တွေ့ရမည်ဖြစ်သည်။
May 05, 2024
လွတ်လပ်ရေးအကြိုကာလ မြန်မာနိုင်ငံတစ်ဝန်းရှိ မီးသတ်အစည်းအရုံးများကို စုစည်းရန် ၁၉၄၆ ခုနှစ် မေလ ၅ ရက်နေ့တွင် ပထမဆုံးအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံးညီလာခံကို ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ အဆိုပါညီလာခံသို့ နိုင်ငံတစ်ဝန်းရှိ ခရိုင် ၁၉ ခရိုင်မှ မြို့နယ်အဆင့် မီးသတ်အစည်းအရုံးခွဲများရှိ စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့ ကိုယ်စားလှယ် ၁၉၇ ဦးတို့ တက်ရောက်ခဲ့ကြပြီး အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းလည်း တက်ရောက်မိန့်ခွန်းပြောကြားခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ မီးသတ်တပ်ဖွဲ့များ ပထမဆုံးအကြိမ် ညီညာစွာစုရုံးနိုင်ခဲ့သည့် ထိုနေ့ကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်မေလ ၅ ရက်နေ့သည် “မီးသတ်တပ်ဖွဲ့နေ့” ဖြစ်လာခဲ့ရာ ယခုနှစ်တွင် ၇၈ နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
May 04, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
May 04, 2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ပျားစခန်းကျေးရွာအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် မေလ ၂ ရက်နေ့တွင် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၃ ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်များ ပျက်စီးခဲ့သည်ဟု လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရပါသည်။
May 04, 2024
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ယာယီနေရပ် စွန့်ခွာသူများနေထိုင်သည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းသို့ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး အသက် ၁ နှစ်ခွဲ၊ အသက် ၃ နှစ်နှင့် အသက် ၅ နှစ် အရွယ်ကလေးငယ်များ အပါအဝင် ဒေသခံပြည်သူ ၁၅ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။
May 04, 2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ခရိုင်ပြည်သူ့ဆေးရုံ၊ မိုင်းဆတ်မြို့ ပြည်သူ့ဆေးရုံနှင့် ပုံပါကျင်မြို့ တိုက်နယ်ဆေးရုံတို့၌ ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ခြင်ခိုအောင်းနိုင်သော ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းစသည့် ဆေးရုံဝန်း အတွင်း/အပြင်၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။
May 04, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များတွင် အခြေခံပညာ Grade-12 နှင့် အဆင့်မြင့်ပညာ (တက္ကသိုလ်) သင်ရိုးများ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရုံးအမှတ် (၃၅) ရှိ လောကနတ်ခန်းမ၌ ကျင်းပသည်။
May 04, 2024
ရာသီဥတုဖြစ်စဉ်များကြောင့် ထိခိုက်ခံရနိုင်မှု လျော့ပါးစေရေးဆိုင်ရာလုပ်ငန်းစီမံချက် စတင်အကောင်အထည်ဖော်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး အကောင်အထည်ဖော်ဆောင်ရွက်မည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။
May 04, 2024
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အလုံမြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ ဝန်ထမ်းများက ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေးနေမှုလုပ်ငန်းစဉ် အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုအားပေးသည်။
May 04, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ကျောင်းဆောင်တွင် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ကေသရအား ဖူးမြော်ကြည်ညို၍ သာသနာရေး ဆိုင်ရာများကို လျှောက်ထားသည်။
May 04, 2024
တပ်မတော် (ရေ) က ၂၀၂၄ ခုနှစ် ရေကြောင်းလူငယ် အခြေခံနှင့်တန်းမြင့်သင်တန်းများကို လေ့ကျင့်သင်ကြားလျက်ရှိရာယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေရှိ နေပြည်တော်စခန်း တန်းခွဲ (၁) ရေကြောင်းလူငယ်စခန်းတွင် လှေလှော်ရွက်တိုက် ဘာသာရပ်ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးရှိ အင်းယားရေကြောင်း လူငယ်စခန်းတွင် ရေတပ်အချက်ပြ ဆက်သွယ်ရေးဘာသာရပ်ကိုလည်းကောင်း၊ ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် စစ်ရေးပြဘာသာရပ်ကိုလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် အခြေခံရေတပ်သား ဘာသာရပ်ကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် အခြေခံရေတပ်သား ဘာသာရပ်ကိုလည်းကောင်း၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းတွင် ရေကြောင်းလမ်းညွှန် ဘာသာရပ်ကိုလည်းကောင်း တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
May 04, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် အွန်လိုင်းမှ တွေ့ဆုံသည်။
May 04, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov အား နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
