Skip to main content

Mar 27, 2024

ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း

ဆက်လက်ဖတ်ရှုရန်

Mar 27, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမားနေရာတွင် မစ္စတာ အဘ်ဟေး တာကူးရ်အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2024

မြန်မာနိုင်ငံသည် ကွဲပြားခြားနားသော ပထဝီအနေအထား၊ အသွေးအရောင်မတူသည့် တိုင်းရင်းသားလူမျိုးများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ထောင်စုနိုင်ငံဖြစ်၍ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် အရေးသုံးပါးသည် အရေးအကြီးဆုံးအချက် ဖြစ်ပါသည်။ တပ်မတော်သည် သမိုင်းကြောင်းတစ်လျှောက်တွင် ထိုအရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး တိုင်းပြည်တာဝန်များကို ကျရာကဏ္ဍမှ ကျေပွန်စွာထမ်းရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 27, 2024

ယနေ့မြန်မာနိုင်ငံတွင် ကျင့်သုံးနေသည့် ပါတီစုံဒီမိုကရေစီစနစ်သည် ပြည်သူများ၏ လိုလားတောင့်တချက်နှင့်အညီ တပ်မတော်က အဆင့်ဆင့်ပုံဖော်တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ ယခင် တပ်မတော်အစိုးရလက်ထက်တွင် နိုင်ငံကိုဒီမိုကရေစီအကူး အပြောင်းကာလများအတွင်း နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီကျင့်သုံးပုံများကိုလေ့လာကာ ပြုပြင်ပြောင်းလဲမှုများပြုလုပ်၍ ပြည်သူများအားလုံး၏ဆန္ဒဖြစ်သည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က တည်ခင်းဧည့်ခံသည့် ၂၀၂၄ ခုနှစ်၊ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ပန်းတင်ကျေးရွာကို မတ်လ ၂၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့်ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန်စွပ်စွဲရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးဖြစ်သူ Mr. Marcoluigi Corsi ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2024

(၇၉) နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်သည့် “တွဲလက်တူစုံ ချစ်ရိပ်မြုံ” ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့ကြသည့် အနုပညာရှင်များနှင့် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2024

၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် (၇၉) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတက်ရောက်ရန် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့်ဇနီးများအား ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က သွားရောက်၍တွေ့ဆုံဂါရဝပြုနှုတ်ဆက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2024

မကွေးဗဟိုအကျဉ်းထောင်တွင် အကျဉ်းသားများကို ဝက်ကျွေးသည့်ဆန်များ ချက်ကျွေးနေသည်ဟု DVB TV News Facebook Page က မတ် ၂၀ ရက်တွင် မဟုတ်မမှန်လုပ်ကြံရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2024

(၁၃)ကြိမ်မြောက် နျူကလီးယားနည်းပညာ အခြေခံသည့်ဆန်းသစ်တီထွင်မှုဖိုရမ် (၂၀၂၄) (XIII International Forum ATOMEXPO 2024) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2024

၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်းခန်းမ ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2024

(၇၉)နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသော အားဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအား ထောက်ခံခြင်းနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၏ အပျော်တမ်းခြင်းလုံး အလှခတ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA ရုံး၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2024

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရှိ တပ်မတော်ပန်းခြံ၌ ရေပန်းများ၊ မီးအလှများ တပ်ဆင် ထားရှိပြီး တပ်မတော်နေ့အထိမ်းအမှတ် မီးရှူးတိုင်၊ ပထမ၊ ဒုတိယ၊ တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့သော အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရား မင်းမြတ်သုံးပါးရုပ်တုတို့အား အများပြည်သူ မည်သူမဆို အခမဲ့ဝင်ရောက်ကြည့်ရှု အပန်းဖြေလေ့လာနိုင်ရန် တပ်မတော်ပန်းခြံအား မတ် ၂၈ ရက်မှ ၃၁ ရက်အထိ နေ့စဉ် ညနေ ၅ နာရီခွဲမှ ည ၉ နာရီခွဲအထိ ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2024

၂၀၂၄ ခုနှစ် (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်း အနားကျင်းပပုံများကို မတ် ၂၇ ရက် ညနေ ၅ နာရီ ၁၅ မိနစ်မှ စတင်၍ MRTV-HD ၊ MRTV Parliament Channel ၊ MRTV NRC Channel ၊ MITV ၊ MWD – HD Channel ၊ MWD Variety– HD Channel ၊ ၊ Channel Light ၊ 5 Plus ၊ Readers’ Channel ၊ Sky Net Up to Date နှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM ၊ FM ပုဂံ၊ Star FM ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ရွှေ FM၊ ပတ္တမြား FM ၊ ချယ်ရီ FM နှင့် MRTV App: အပါအဝင် Online တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2024

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့်အဖွဲ့ကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Mar 26, 2024

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အောင်သာကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာအဆောက်အအုံဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါကျေးလက် ကျန်းမာရေးဌာနခွဲ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးပါမောက္ခ ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်