Skip to main content

May 21, 2024

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တောင်ကြီးမြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ မြို့နယ်ရုံးအတွင်း၌ ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများ၊ လဲလှယ်လျှောက်ထားသူ ပြည်သူများကို ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားကတ်ပြားစိစစ် ဆောင်ရွက်ပေးနေမှု၊ ယင်းသို့ဆောင်ရွက်ပြီးပါက e-ID စနစ်အတွက် Biographic/ Biometric ကောက်ယူကာ UID နံပါတ်တစ်ပါတည်း ဆောင်ရွက်ထုတ်ပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကာ တာဝန်ရှိသူများကို လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “မိဘများ၏ အတ္တစွဲကြောင့် စာသင်ကျောင်းနှင့် ပိုမိုဝေးကွာခဲ့ရသော မြန်မာပြည်မှ အနာဂတ်လူငယ်များ” ခေါင်းစဉ်ဖြင့် မေ ၂၂ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ပြောင်းရွှေ့ခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း

ဆက်လက်ဖတ်ရှုရန်

May 21, 2024

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးမျိုးမောင်၊ ဦးခင်မောင်ကြီး၊ ဦးသိန်းကိုကို၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၁/၂၀၂၄ (မန္တလေး) နှင့် ၂/၂၀၂၄ (ပဲခူး)၊ တရားမအထူးအယူခံမှုအမှတ် ၄၅/၂၀၂၃ (ရန်ကုန်)၊ ၄၆/၂၀၂၃ (မန္တလေး)၊ ၄၇/၂၀၂၃(မန္တလေး)၊ ၄၈/၂၀၂၃ (မန္တလေး) ၊ ၄၉/၂၀၂၃(ရှမ်း)၊ ၇/၂၀၂၄(ရန်ကုန်)နှင့် ၁၀/၂၀၂၄(ဧရာဝတီ)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု(၂)မှုနှင့် တရားမအထူးအယူခံမှု(၇)မှုတို့ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၉/၂၀၂၄ (မကွေး)၊ ၁၁/၂၀၂၄(မန္တလေး)၊ ၁၂/၂၀၂၄ (ရန်ကုန်)၊ ၁၆/၂၀၂၄(မန္တလေး) နှင့် ၁၇/၂၀၂၄ (မန္တလေး)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှု တို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။             

ဆက်လက်ဖတ်ရှုရန်

May 21, 2024

ကဆုန်လပြည့် (ဗုဒ္ဓနေ့) ဆိုင်ရာ မင်္ဂလာအခမ်းအနားများကို ဘာသာရေးဆိုင်ရာ ထုံးတမ်းအစဉ်အလာများနှင့်အညီ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ၂၀၂၄ ခုနှစ် မေ ၂၂ ရက် နံနက် ၆ နာရီမှစတင်၍ မန္တလေးမြို့ ကျုံးလေးပြင်လေးရပ်တွင် သံဃာတော် ၁၀၂၇၂ ပါးအား နန်းမြို့ရိုးတစ်ဖက်လျှင် သံဃာတော် ၂၅၆၈ ပါးစီဖြင့် ဆွမ်း၊ ဆွမ်းဟင်း၊ နဝကမ္မဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ပူဇော်ပွဲ ကျင်းပမည်ဖြစ်ရာ ထိုသို့ ကျင်းပပုံများကို MRTV - HD Channel ၊ MRTV Parliament Channel ၊ MWD-HD Channel၊ MWD- Variety HD Channel၊ MWD EDUCATION , KNOWLEDGE & SPORTS Channel ၊ Channel LIGHT Channel၊ Sky Net Buddha Channel နှင့် Channel -9 တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မေ ၁၇ ရက်က အေးရှားဝေါလ်ကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ ငါးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာ ပါရှိလာသည့် အိန္ဒိယနိုင်ငံထုတ် လျှပ်စစ်ပစ္စည်း PVC Coated Copper Wire ၅၃၇၆၂ ဒသမ ၀၈ ကီလို ဂရမ်နှင့် သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် HUA DU Plane Cutting Machine လုပ်ငန်းသုံး ဖြတ်စက်(အကြီး) လေးလုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၀၃၄၀၉၅၇) ကိုလည်းကောင်း၊

ဆက်လက်ဖတ်ရှုရန်

May 21, 2024

ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာအခမ်းအနားအစီအစဉ်များကို ဘာသာရေးဆိုင်ရာ ထုံးတမ်းအစဉ်အလာများနှင့်အညီ ၂၀၂၄ ခုနှစ် မေ ၂၂ ရက်တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်နှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တို့တွင် ခမ်းနားထည်ဝါစွာနှင့် စည်ကားသိုက်မြိုက်စွာ စီစဉ်ကျင်းပမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့က ကြီးမှူးကျင်းပသော တတိယအကြိမ် ယဉ်ကျေးလိမ္မာသင်တန်း အမှတ်စဉ် (၃/၂၀၂၄) ဖွင့်ပွဲကို ယနေ့တွင် ရန်ကုန်တိုင်း​ဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်(၂၁) ရပ်ကွက် တိုင်တစ်ရာအရှေ့ ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးထွန်းထွန်းဦး တက်ရောက်၍ အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် အမိနိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက မည်သို့သောအခြေအနေဖြင့် ကြုံတွေ့နေရသည့်တိုင် နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများချိတ်ဆက်ကာ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosco- smos State Cooperation မှ အာကာသယာဉ်မှူး၏ အာကာသနည်းပညာဆိုင်ရာ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် အဆိုပါတက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ဘားအံ၊ လပွတ္တာ၊ အောင်ပန်း) တို့၌ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်းနှင့် လက်ကိုင်ဖုန်းပြင်သင်တန်းဖွင့်ပွဲများအား ယနေ့ နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းများ၌ ကျင်းပဆောင်ရွက်ခဲ့ရာ အောင်ပန်းမြို့ သင်တန်းကျောင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကလည်းကောင်း၊ ဘားအံမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစောမြင့်ဦးကလည်းကောင်း၊ လပွတ္တာမြို့ သင်တန်းကျောင်းတွင် ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးကလည်းကောင်း အသီးသီးတက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်ရှိ ရွှေတပင်ပျိုးဥယျာဉ်အတွင်း အပူပိုင်းဒေသအထူးစိမ်းလန်းစိုပြည်ရေးနှင့် သစ်တောစိုက်ခင်းများ တည်ထောင်ရန် သစ်မျိုး ၁၈ မျိုးဖြင့် ပျိုးပင်ပေါင်း တစ်သိန်းကျော် ပျိုးထောင်ထားရှိမှု အခြေအနေနှင့် ကန်ရေပျိုးဥယျာဉ်အတွင်း ရေဝေရေလဲစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်းနှင့် လူထုဖြန့်စိုက်ပျိုးရန်အတွက် သစ်မျိုး ၂၀ ဖြင့် ပျိုးပင် ၁၁၀,၀၀၀ ကျော် ပျိုးထောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

တရားလွှတ်တော်ရှေ့နေများကောင်စီ(မန္တလေး)ရုံးခွဲ ဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် လမ်း ၃၀ ၊ ၆၈ x ၇၀ လမ်းကြားရှိ အဆိုပါရုံးခွဲ၌ မေ ၁၈ ရက် နံနက်ပိုင်းက ကျင်းပရာ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နှင့်ပြည်ထောင်စုရှေ့နေချုပ်၊ တရားလွှတ်တော် ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦး တက်ရောက်ဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးအာကာလင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနှင့်အတူ မေ ၁၈ ရက် နံနက်ပိုင်းတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၁၈ ရက်နေ့ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း၌ မေလ ၂၂ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ကနဦးတွင် အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ မေလ ၂၄ ရက်နေ့တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

ဆက်လက်ဖတ်ရှုရန်

May 21, 2024

လာမည့်မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိသည် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည်။ “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသော ဆောင်ပုဒ်ဖြင့် ပညာရေးဝန်ကြီးဌာနက နှိုးဆော်ထားသည်။ ပညာသင်ယူတတ်မြောက်ထားသူတိုင်း မိမိတတ်မြောက်သည့်ပညာဖြင့် မိမိဘဝကို ကောင်းမွန်စွာ တည်ဆောက်နိုင်ကြမည်ဖြစ်ရာ မိဘအုပ်ထိန်းသူတိုင်းက ပညာသင်အရွယ်ကလေးအားလုံးကို ကျောင်းအပ်နှံပေးကြရန်လိုသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2024

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄)ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 20, 2024

နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များက ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာမှ ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်သတင်းအမှားများဖြင့် ဝါဒဖြန့်ရေးသားလျက်ရှိသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်