May 10, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 10, 2024
အာဆီယံအတွင်းရေးမှူးချုပ်ရုံး (ASEAN Secre-tariat) ၊ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အာဆီယံသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာကော်မတီ (ASEAN COSTI) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် “နည်းပညာလွှဲပြောင်းခြင်းနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ-တရုတ် အလုပ်ရုံဆွေးနွေးပွဲ (ASEAN-China Workshop on Building Up Human Capital in Technology Transfer and Commercialization” ကို မေ ၉ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ Lotte ဟိုတယ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည်။
May 10, 2024
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းကြိုင်းကျေးရွာရှိ အောင်ဇမ္ဗူစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ၍ အသင်းသားတောင်သူ ၁၃ ဦး၏ စိုက်ပျိုးမြေပေါ်တွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲဧက ၁၀၀ နှင့် နေကြာဧက ၁၀၀ စိုက်ပျိုးခဲ့ရာ ယခုအခါတွင် မြေပဲတင်း ၇၀၀၀ ကျော်၊ နေကြာတင်း ၁၀၀၀ ကျော် ထွက်ရှိပြီးဖြစ်သည်။
May 10, 2024
၂၀၂၄ ခုနှစ် နွေရာသီအဆင့်မြင့် အားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်ရှိ နေပြည်တော်အားကစားရုံ၌ကျင်းပရာ နေပြည်တော်အားကစားနှင့် ကာယပညာ ကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
May 10, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံ သံအမတ်ကြီး မစ္စတာ မုံခွန်းဝိစစ်စတန်အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 10, 2024
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်မှ သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အတွေ့အကြုံဖလှယ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ညနေ ၃ နာရီတွင် ရန်ကုန်မြို့ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးတွင်ကျင်းပရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်၊ ဒေါက်တာ တင်မောင်သန်း၊ ဒေါက်တာမြင့်သူမြိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
May 10, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော် “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု” အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်သည်။
May 10, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာ ကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” လူမှုရေးဦးတည်ချက်ကိုချမှတ်၍ အလေးထားဆောင်ရွက်လျက်ရှိသည်။ ပြည်သူများအားလုံး၏ ကျန်းမာရေးကို ရှေးရှုဆောင်ရွက်ရာတွင် မှန်ကန်သည့် စားသောက်နေထိုင်မှုပုံစံများသည် အရေးကြီးသောအချက်များဖြစ်သည်။
May 10, 2024
လာမည့် ရက်သတ္တပတ်တစ်ခုကျော်အတွင်း ကလေးများကျောင်းအပ်နှံကြရတော့မည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်သည် လာမည့်မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိဖြစ်ရာ သားသမီးတို့ ပညာသင်နှစ်အစအတွက် မိဘတို့က ပြင်ဆင်ဖွယ်ရှိသည်တို့ကို ပြင်ဆင်ကြရပြီ။
May 09, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က မြစ်ကြီးနားမြို့ရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
May 09, 2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာ၏အရှေ့ဘက်ရှိ ဆုံရွာကျေးရွာအား ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ သေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည်။
May 09, 2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာ၏အရှေ့ဘက်ရှိ ဆုံရွာကျေးရွာအား ယနေ့နံနက်ပိုင်းတွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး/လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာနေဒေသခံပြည်သူ အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၃၂ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၄ ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိသည်။
May 09, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 09, 2024
၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကို သတ်ဖြတ်၊ လုယက်ခြင်းကို CRPH၊ NUG၊ PDF အမည်ခံ အကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။
May 09, 2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၉ ရက်မှ မေ ၅ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၁၉ ဒသမ ၀၄၃၈ တန်၊ သစ်မာ ၁၇ ဒသမ ၇၉၈၄ တန်၊ အခြား ၁၉၀ ဒသမ ၃၉၇၆ တန် စုစုပေါင်း ၂၂၇ ဒသမ ၂၃၉၈ တန်၊ ယာဉ်/ ယန္တရား သုံးစီး၊ တရားခံ ရှစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
May 09, 2024
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၅ ရက်နှင့် ၆ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၁၄ ဒသမ ၈၇၈ တန်၊ သစ်မာ ၇ ဒသမ ၁၉၃တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၇၀၆၇၄) ကို သစ်တောဥပဒေအရလည်းကောင်း၊ ပြည်မြို့ ရွာဘဲရပ်ကွက်၌ လိုင်စင်မဲ့ Nissan AD Van ယာဉ်တစ်စီးခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀ ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၇၀၆၇၄ ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်လျက်ရှိသည်။
May 09, 2024
မြဝတီမြို့တွင် ချစ်ကြည်ရေးတံတားနှစ်စင်း ပြန်လည်ဖွင့်လှစ်ပြီးနောက် ပုံမှန်အတိုင်း ကုန်သွယ်၊ သွားလာမှုများ စည်ကားအသက်ဝင်နေပြီဖြစ်ကြောင်း ကုန်သည်များနှင့် ဒေသခံများထံ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
May 09, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနတို့မှ ဒုတိယလက်ထောက်ဦးစီးမှူးနှင့်အထက် အမှုထမ်း၊ အရာထမ်းများအား ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ တွေ့ဆုံသည်။
May 09, 2024
အမျိုးသားအပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော် ရုံး အမှတ်(၁၅) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားအပင်မျိုးသစ် အကာအကွယ်ပေးရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် ဗဟိုကော်မတီဝင်များ တက်ရောက်ကြသည်။
May 09, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်အတွင်းရှိ ၂၃၀ ကေဗွီကျိုင်းတုံပင်မဓာတ်အားခွဲရုံနှင့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
