Dec 17, 2023
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ကို တပ်မတော်ကလေကြောင်းဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး ဓါတုလက်နက်ဗုံးများ အသုံးပြုမှုကြောင့် တော်လှန်ရေးရဲဘော်တချို့ အဆိပ်သင့်တာတွေ ဖြစ်ခဲ့တယ်လို့ ABSDF စစ်ကြောင်း ၁ သတင်း ပြန်ကြားရေးတာဝန်ခံဆီက ပြောကြားသည်ဟု မဟုတ်မမှန် ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Dec 17, 2023
ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်) (CHID ဘဏ်)၏ ဒသမအကြိမ် နှစ်ပတ်လည်အထွေထွေ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ဒဂုံမြို့နယ်ရှိ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)၌ ကျင်းပရာ CHID ဘဏ် နာယက ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ CHID Bank ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုဘဏ်မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဘဏ်ဒါရိုက်တာအဖွဲ့ဝင်များ၊ ဘဏ်အစုရှယ်ယာရှင်များ၊ Win Thin & Associates မှ စာရင်းစစ်နှင့်တာဝန်ရှိသူများ၊ ဘဏ်မှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Dec 17, 2023
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၏ ပထမရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၂၁ သန်းရှိပါသည်။ သီးနှံရာသီပြက္ခဒိန်၏ ရလဒ်များပေါ်ထွန်းရာသီဖြစ်သည်နှင့်အညီ လယ်ယာထွက်ကုန်များစွာ လှိုင်လှိုင်တင်ပို့လာနိုင်တော့မည့်ကာလ ဖြစ်ပါသည်။ ယခုရက်သတ္တပတ်အတွင်း ဆန်၊ ဆန်ကွဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်းဖြူ၊ မြေထောက်ပဲ၊ မြေပဲဆံ၊ နှမ်း၊ ပြောင်း၊ ရော်ဘာ၊ သစ်သီးဝလံ၊ ဝဥ၊ ဂျင်းခြောက်၊ သီဟိုဠ်၊ ငရုတ်၊ ကွမ်းသီး၊ မန်ကျည်းသီးများ တင်ပို့နိုင်ခဲ့ပါသည်။
Dec 17, 2023
နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) (၂၉) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်းသဘင် ကျင်းပမည်
Dec 17, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၁၃ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ သထုံမြို့မှ ပဲခူးမြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် ပုစွန်တစ်ကောင်စားအုန်းဆီ ၁၈ လီတာပါ ပုံး ၆၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hilux ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀၀၀) ကိုလည်းကောင်း၊ ဒီဇင်ဘာ ၁၄ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် (သွင်းကုန်) ၌ ဝန်စည်များအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ဖုန်းအားသွင်းကြိုး ၁၀၄၄ ခုအပါအဝင် ကုန်ပစ္စည်း ၂၆ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၃၇၇၇၉၀) ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၃၇၇၇၉၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Dec 17, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကွန်ပျူတာတက္ကသိုလ် (ပြည်) ၌ သုတေသနနှင့် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး စာသင်ခန်းများအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို လှည့်လှည်ကြည့်ရှုအားပေးသည်။
Dec 17, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းအဝေးခန်းမ (၁) ၌ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
Dec 17, 2023
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဟာအောင်မြေမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်တို့မှ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများအား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့များက ယနေ့နံနက်ပိုင်းတွင် သတ်မှတ်နေရာများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
Dec 17, 2023
မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေး (၄/၂၀၂၃) ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
Dec 17, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်ရှိ ၃၃/၁၁ ကေဗွီ, ၁၀ အမ်ဗွီအေ အောင်ဆန်းဓာတ်အားခွဲရုံကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Dec 17, 2023
ဆုံးရှုံးနိုင်ခြေမြင့်မားသော မှုခင်းများနှင့်ဆက်နွှယ်သည့် ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေဖော်ထုတ်ခြင်း အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပရာ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
Dec 17, 2023
ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြန်မာအစိုးရအသိအမှတ်ပြု Myanmar GDE Con-sortium တည်ထောင်ရန်အတွက် စိစစ်ရွေးချယ်ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Dec 17, 2023
ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တနိုင်းမြို့ နယ်မြေခံတပ်ရှိ ရဲမာန်အောင်ခန်းမ၌ ပြုလုပ်ရာ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
Dec 17, 2023
ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) က ကြီးမှူးကျင်းပသည့် (၄၉) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်သမိုင်းဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရွှေတိဂုံစေတီတော် အလယ်ပစ္စယံရှိ ရခိုင်ပြည်နယ်ဓမ္မာရုံ၌ ကျင်းပသည်။
Dec 17, 2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်၌ ၁၀၈ ရက်တိုင်တိုင် ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်နေသော ဘာဏကဆရာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
Dec 17, 2023
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးကိစ္စရပ်များကို ကြည့်ရှုသည်။
Dec 17, 2023
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပွဲတော်
Dec 17, 2023
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Dec 17, 2023
ဦးသစ်လင်းအုန်းအား ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ ခန့်အပ်
