Oct 04, 2023
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Oct 04, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများကို လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းတွင်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့မှ အလင်းဝင်ရောက်လာသူတစ်ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့ရှိ တပ်နယ်ခန်းမ၌ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
Oct 04, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်နည်းပညာတက္ကသိုလ်၌ပြုလုပ်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၆) စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်သည်။
Oct 04, 2023
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ကာဇက်စတန်နိုင်ငံ Astana မြို့၌ အောက်တိုဘာ ၃ ရက်မှ ၆ ရက်အထိ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ပထမအကြိမ်) စွမ်းအင်ဖိုရမ် (First Energy forum of the Shanghai Cooperation Organization) သို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
Oct 04, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၃-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၄-၁၀-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၆၅၉) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၁၁) ရာခိုင်နှုန်းဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူမရှိပါ။
Oct 04, 2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန မန္တလေးကလေးပြုစုရေးဌာန၌ကျင်းပသည့် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်းပေးသည်။
Oct 04, 2023
၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး လက်ဝှေ့ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိဝဏ္ဏသိဒ္ဓိလက်ဝှေ့အားကစားရုံ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြသည်။
Oct 04, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်နယ်စပ်ဒေသ တိုင်းရင်းသားဖွံ့ဖြိုးရေး လူငယ်သင်တန်းကျောင်းစုပေါင်းခန်းမ၌ ဆီဆိုင်မြို့နယ်ရှိဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံသည်။
Oct 04, 2023
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီက ကြီးမှူးကျင်းပသည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Oct 04, 2023
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးတော်မူကြသော သံဃာတော်များနှင့် သီလရှင်ဆရာကြီးများ ဆွမ်းအခက်အခဲအဆင်ပြေစေရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Oct 04, 2023
ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ်သို့ ရောက်ရှိပြီး ခနောင်တိုအရှေ့ရပ်ကွက် ဗဟိုလမ်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝင်းအတွင်း ကွန်ကရစ်ခင်းကျင်းပြီးစီးမှု၊ ဓမ္မပီတိ ခုံးထိပ်တံတားမှ အခြေခံပညာ အထက်တန်းကျောင်းအထိ ကွန်ကရစ်လမ်း တိုးချဲ့ခင်းကျင်းနေမှု၊ ပြည်သူ့ဆေးရုံဝင်းအတွင်း သန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ လမ်းပခုံးသားများ ပြေပြစ်အောင်ဆောင်ရွက်ရေး မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
Oct 04, 2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ဆည်ကြီးကုန်အုပ်စု၊ ကြက်ဖြူတောင် ကျေးရွာတွင် ကုလားအော်ငရုတ်သီးများ စိုက်ပျိုးထားရှိကြောင်း သိရသဖြင့် ဈေးနှုန်းဈေးကွက်အခြေ အနေအား သိရှိနိုင်ပါရန် သွားရောက်၍ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။
Oct 04, 2023
ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား၍ လုပ်ကိုင်နေ သော တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အပြင် ပင်လယ်နှင့်နီးကပ်လျက်ရှိသော ကမ်းခြေဒေသထွက် ရေထွက်ကုန်များသာမက ငါး၊ ပုစွန်၊ ဂဏန်းများလည်းမွေးမြူလျက်ရှိပြီး ရေထွက်ပစ္စည်းများကို ပြည်တွင်းစားသုံးမှုဖူလုံရုံသာမက ပိုလျှံသည်များကို ပြည်ပသို့လည်း တင်ပို့လျက်ရှိနေပါသည်၊၊ ဂဏန်းကောင်များသည် ရေချို၊ ရေငန်စပ်ဒေသများတွင်ပေါက်ဖွား၍ ၎င်းကို မြစ်ဝကျွန်ပေါ် ကမ်းရိုးတန်းတစ်လျှောက် ဒီရေရောက်သည့် နေရာများတွင်လည်းတွေ့ရှိနိုင်ပြီး ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်၊ မြောင်းမြ၊ လပွတ္တာ၊ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဒေးဒရဲမြို့နယ် များတွင်လည်းထွက်ရှိ၍ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်ရှိ TMIL ကုမ္ပဏီ၊ MEF ကုမ္ပဏီ၊ စူပါရွှေရောင် ကုမ္ပဏီတို့တွင်မွေးမြူထားသော အအေးခန်းစက်ရုံများမှဂဏန်းများကို ရန်ကုန်သို့ တင်ပို့လျက်ရှိ ကြောင်းသိရပါသည်၊၊
Oct 04, 2023
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၂၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မုံရွာမြို့ စက်မှုဇုန်ရပ်ကွက် အင်းဖြတ်လမ်း၌ တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီချက်ဆီ ၃၈၉၅၂ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၆၉၆၉၆၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်း ဆိုင်ရာဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် ပေါ်တော်မူဘုရားအနီး၌
Oct 04, 2023
တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ မင်းလမ်းကျေးရွာရှိ ဦးမြဝင်း၏ CP အသားတိုး ဝက်နှင့် CP မျိုးစပ် ဝက်ကောင်ပေါက်များကို ဝယ်ယူနိုင်ရရှိနိုင်ပါသည်။ ၄၅ ရက်သား အသားတိုး ဝက်ပေါက်တစ်ကောင်လျှင် ၁၅၀၀၀၀ ကျပ်ပေးရပြီး နောက် ရက်ပေါင်း ၆၀ ကြာလျှင် ရောင်းတန်းဝင် ဝက်ကြီးတစ်ကောင်အဖြစ် ရောင်းချနိုင်ပါသည်။
Oct 04, 2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ်(၂၂)ရပ်ကွက်၊ ရန်ကုန်-မန္တလေး လမ်းဘေးရှိ ထိပ်တန်း ငါးရှဉ့်ပွဲရုံသည် ၁၉၉၇ ခုနှစ်ကတည်းက လုပ်ငန်းစတင် တည်ထောင်ပြီး ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သည်မှာ ၂၆ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ ငါးလုပ်ငန်းဦးစီးဌာနတွင် ငါးရှဉ့်ဝယ်ယူစုဆောင်းခွင့်လိုင်စင် ရယူထားပြီး ဦးစီးဌာန၏ မူဝါဒနှင့်အညီ ဆောင်ရွက်နေပါသည်။
Oct 04, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့ညနေပိုင်းက ပြင်ဦးလွင်မြို့၌ ဆေးသုတေသနဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့မှ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။
Oct 04, 2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနရှိ အမှုထမ်းဝန်ထမ်းများ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၌ ကျင်းပသည်။
Oct 04, 2023
ဩဂုတ် ၄ ရက်က မီးလောင်ကျွမ်းမှုကြောင့် နှစ်ထပ်စာသင် ဆောင်အားတစ်ထပ်ကျောင်းဆောင်အဖြစ်နှင့် သုံးထပ်စာသင်ဆောင်အား နှစ်ထပ်ကျောင်းဆောင်အဖြစ် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Oct 04, 2023
ကယားပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့ထေးသမရပ်ကွက် ဒေါဆော်ဘီးကျေးရွာသို့သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက လူဦးရေနှင့်အိမ်အကြောင်းအရာ စမ်းသပ်သန်းခေါင် စာရင်းအားတစ်အိမ်တက်ဆင်း ကောက်ယူနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
