Skip to main content

၂၀၂၅–၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲရလဒ်များနှင့် အရည်အသွေးပညာရေး ဖော်ဆောင်မှု

ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကို ပုံဖော်ပေးသည့် အခြေခံအင်အားဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်ပါသည်။ ယနေ့ကမ္ဘာတွင် ပညာရေး၏အောင်မြင်မှုကို စာမေးပွဲအောင်ချက် သို့မဟုတ် အမှတ်ကောင်းရရှိမှု တစ်ခုတည်းဖြင့် တိုင်းတာခြင်းမဟုတ်တော့ဘဲ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု၊ သင်ယူသူ၏ စွမ်းဆောင်ရည်နှင့် စစ်ဆေးအကဲဖြတ်မှုတို့ အပြန်အလှန်ညီညွတ်မျှတစွာ ချိတ်ဆက်လည်ပတ်နိုင်မှုကို အရေးပါသော အရည်အသွေးညွှန်းကိန်းတစ်ရပ်အဖြစ် ပိုမိုအလေးထားလာကြပါသည်။

အိမ်နီးချင်းမိတ်ဆွေကောင်းမှ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ်သို့

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် လွန်ပရာဘန်မြို့သို့ ခရီးဆက်ကြရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတရုံးဝန်ကြီး ဦးဆောင်သည့် လာအိုအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာဖြင့် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပို့ဆောင်နှုတ်ဆက်ကြသည်။

ဘင်းမ်စတက်နှင့် လင်းလက်တော့မည့် မြန်မာပြည်

မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် စီးပွားရေးအသိုက်အဝန်းအနေဖြင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဟုဆိုလျှင် အရှေ့တောင်အာရှနိုင်ငံများအသင်း သို့မဟုတ် အာဆီယံ (ASEAN) ကိုသာ ပြေးမြင်လေ့ရှိကြသော်လည်း လက်ရှိတွင် အာဆီယံထက်ပင် ထိရောက်ပြီး အလားအလာရှိသော မဟာဗျူဟာမြောက်အဖွဲ့ဖြစ်သည့် အခြားပလက်ဖောင်းတစ်ခုကိုပါ မလွဲမသွေ ရှုမြင်အသုံးချကြရတော့မည်ဖြစ်ပါသည်။

ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သို့ . . .

“အကြောင်းအမျိုးမျိုးကြောင့် နောက်ကျကျန်ခဲ့သည့် နယ်မြေများကို ဖွံ့ဖြိုးတိုးတက်မှုများ ကွာဟမှုမရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အချို့နယ်မြေများသည် အစွန်အဖျားဒေသများ မဟုတ်သော်လည်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့်ဒေသများလည်းရှိကြောင်း၊ ထို့ကြောင့် အဆိုပါဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း”

လူငယ်လူရွယ်ထုအတွင်း ခြိမ်းခြောက်အန္တရာယ်ပေးနေသော မူးယစ်ဆေးဝါး

လောကတွင် အကောင်းဆုံးအချိန်အခါ၊ အကောင်းဆုံးအရွယ်၊ အကောင်းဆုံး အရည်အသွေးရှိသော လူသားမျိုးဆက်မှာ လူငယ်လူရွယ်များပင်ဖြစ်သည်။ ထိုလူငယ်လူရွယ်များ၏ဘဝများ အမှောင်ဖုံးမသွားစေရန်နှင့် တောက်ပသော အနာဂတ်ပိုင်ရှင်များဖြစ်လာစေရန် မူးယစ်ဆေးဝါး၏ အန္တရာယ်မှ ကာကွယ်စောင့်ရှောက်ခြင်းသည် လူ့အဖွဲ့အစည်းတစ်ခုလုံး၏ အဓိကတာဝန်ပင်ဖြစ်ပါသည်။

လယ်မှာ အပုပ် ယာမှာ အသုတ်

မြန်မာနိုင်ငံ၌ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်နေသည့် ကျေးလက်နေပြည်သူများမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး လယ်ယာလုပ်ငန်းများကို အောင်မြင်စွာလုပ်ဆောင်နိုင်ရေး၊ စိုက်ပျိုးသီးနှံများ လျာထားဧကပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးမှာ လွန်စွာအရေးကြီးပါသည်။

မြေဆီစိုခိုက် ထာဝရဇရပ်တွေ စိုက်ကြပါစို့

အပင်သည် ကျွန်ုပ်တို့အား အစားအစာ၊ အမိုး၊ အကာ၊ အိုးအိမ်၊ အသုံးအဆောင်နှင့် အဝတ်အထည်ကို ပေး၏။ အသီး၊ အရွက်၊ အမြစ်၊ အခေါက်၊ သစ်ဥတို့အား ဆေးဝါးအဖြစ်လည်း သုံးခွင့်ပြုပြန်သေးသည်။ ထို့အပြင် မိမိအား ခုတ်၊ လှဲ၊ သတ်၊ မီးရှို့ဖျက်ဆီးခဲ့လျှင်လည်း ရန်တုံ့မူခြင်း အလျဉ်းမရှိ သည်းခံတရားအား ကျွန်ုပ်တို့ကို ပေးပြန်သည်။ ဤသည်ကား အပင်များ၏ ကျွန်ုပ်တို့အပေါ်တွင် ထားရှိသည့် ကြီးမားမွန်မြတ်သော ကျေးဇူးတရားပေတည်း။ (မြတ်ဗုဒ္ဓ)

နိုင်ငံ့စီးပွားရေးအင်အားစုဖြစ်သည့် MSME များ၏ အရေးပါမှု

မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေးမောင်းနှင်အားတွင် အဓိကကျောရိုးအဖြစ် ရပ်တည်နေကြသည်မှာ စီးပွားရေးအဖွဲ့အစည်းလုပ်ငန်းကြီးများသာမက ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Micro, Small and Medium-sized Enterprises - MSMEs) များလည်း အပါအဝင်ဖြစ်ပါသည်။ ထိုလုပ်ငန်းများ၏ အခန်းကဏ္ဍနှင့် တန်ဖိုးကို အသိအမှတ်ပြုသည့်အနေဖြင့် နှစ်စဉ် ဇွန်လ ၂၇ ရက်နေ့ကို “ကမ္ဘာ့ MSME နေ့ (World MSME Day)” အဖြစ် ကမ္ဘာတစ်ဝန်းလုံးတွင် သတ်မှတ်ကျင်းပကြပါသည်။

လူသားတိုင်းအတွက် ကြိုတင်ကာကွယ်မူးယစ်ဆေးဝါးအန္တရာယ် အပိုင်း (၃)

ပရီကာဆာထိန်းချုပ်ဓာတုပစ္စည်းများ ထိန်းချုပ်ရေး အဓိကဦးစားပေး ကမ္ဘာ့မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန် ပရီကာဆာဓာတုပစ္စည်းများ ထိန်းချုပ်ရေးကို ဦးစားပေးဆောင်ရွက်ရန်မှာ အဓိကဖြစ်နေပြီး ပရီကာဆာထိန်းချုပ်ရေးနှင့်ပတ်သက်၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဥပဒေ၊ နည်းဥပဒေများ ကွဲပြားခြားနားမှု၊ အိမ်နီးချင်းနိုင်ငံများနှင့် ရှည်လျားသော နယ်နိမိတ်ထိစပ်နေမှုအပေါ် အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အဓိကလိုအပ်သည့် ပရီကာဆာဓာတုပစ္စည်းများ (Precursor Chemicals) သည် နယ်စပ်ဒေသများမှတစ်ဆင့် တရားမဝင်နည်းလမ်းမျိုးစုံနှင့် ဝင်ရောက်လျက်ရှိခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်း၍ အထူးစစ်ဆင်ရေးများကိုလည်း ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။
Subscribe to ဆောင်းပါး