ဒီမိုကရေစီထက်အရေးကြီးသော တည်ငြိမ်မှုနှင့်အတူ ငြိမ်းချမ်းရေးအတွက် စစ်ပြင်နေမှုများ နားစွင့်ပါ
ကျွန်တော်တို့နိုင်ငံက လူတွေမှာမတူကွဲပြား၊ ခြားနားစိတ်အထွေထွေ၊ အယူအဆအမျိုးမျိုးနဲ့ အမြင်မတူတာတွေကို တူအောင်လုပ်မယ်ဆိုတဲ့ စေတနာနဲ့တကွ ဉာဏ်ပညာမရှိသရွေ့ ကျွန်တော်တို့ နိုင်ငံကြီးဟာ ဒီမိုကရေစီနဲ့မထိုက်တန်သေးပါဘူး။ အားကြီးရင်အားသေးတဲ့သူအပေါ် နိုင်စားလုပ်ချင်ကြတယ်၊ အချောင်သက်သက် ချမ်းသာချင်တဲ့ လောဘအားကြီးလွန်းတော့ အဂတိလာဘ်ပေးလာဘ်ယူက ကူးစက်ရောဂါအကြီးစားကြီးတစ်ခုလို၊ လိုချင်တာမရလို့ ဒေါသအားကြီးလာတဲ့အခါ မိမိကိုမထောက်ခံတိုင်း သတ်မယ်ဖြတ်မယ်ချည်း၊ အရာရာကိုထိန်းချုပ်နိုင်စွမ်းမရှိ အာဃာတအငြိုးအတေးကြီးသူတွေ၊ စိတ်နဲ့ခံစားလွယ်ပြီး အသိဉာဏ်နဲ့ မဆင်ခြင်တတ်သူတွေဟာ ဒီမိုကရေစီနဲ့တန်ပါရဲ့လား၊ ဒီမိုကရေစီနဲ့မတန်တဲ့သူတွေကြောင့် မငြိမ်းချမ်းခြင်းဖြစ်လာတယ်၊ ကမ္ဘာကြီးလည်း ထို့အတူ.. ကမ္ဘာသူ၊ ကမ္ဘာသားတွေမှာ ယခုအခါတတိယကမ္ဘာစစ်မီး ဖြစ်မယ့်အရေးကျီးလန့်စာစားဖြစ်နေကြရတယ်။ စစ်မက်ဆိုတဲ့ကပ်ဘေးကြီးကို ကြောက်နေရတဲ့ ဘဝများစွာကြားမှာ စစ်ပြင်သူကလည်း ပြင်နေကြပြီဖြစ်တဲ့အခါ..။
