အမိကမ္ဘာမြေ သန့်ရှင်းကျန်းမာဖို့ ပလတ်စတစ်သုံးစွဲမှု လျှော့ချကြပါစို့
ကျွန်ုပ်တို့ကမ္ဘာမြေသည် မိမိဝင်ရိုးပေါ်တွင် ၂၄ နာရီလျှင် တစ်ပတ်နှုန်းဖြင့် လည်ပတ်ရင်း နေကို ၂၃၁ ဒီဂရီတိမ်းစောင်း၍ လှည့်ပတ်ကာ ဥတုရာသီ မျှမျှတတ အလှည့်ကျဖြစ်ပေါ်စေပြီး လူသားတို့စားဝတ်နေရေးအတွက် လိုအပ်ချက်များဖြစ်သည့် လေ၊ ရေ၊ မြေ၊ အစားအစာတို့ကို အစဉ်ဖြည့်ဆည်းပေးလျက်ရှိပါသည်။ အမှန်စင်စစ်ဆိုသော် ဤကမ္ဘာမြေသည် ကျွန်ုပ်တို့လူသားများအတွက် အဖိုးမဖြတ်နိုင်သည့်အပြင် ကျေးဇူးကြီးမားလှသည့် ခိုလှုံစရာ မိခင်ရင်ခွင်ကြီးပင်ဖြစ်ပါသည်။
