စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် တီထွင်မှုက များစွာအရေးပါ
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် စိုက်ပျိုးရေးကဏ္ဍသည် အရေးပါသောကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အဓိကထားသောစိုက်ပျိုးရေးနိုင်ငံဖြစ်ပါသည်။ အဓိကအကြောင်းရင်းများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးခြင်း၊ ခေတ်မီနည်းပညာများရရှိမှုနည်းပါးခြင်း၊ ကူညီပံ့ပိုးမှုစနစ်များအားနည်းခြင်းစသည်တို့ကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိချက်များအရ သုတေသီများက ပြောကြားကြပါသည်။
