ဆီကြမ်းမှသည် ဆီသန့်ဆီချောဆီသို့
မြန်မာနိုင်ငံတွင် ဟင်းချက်ဆီအဖြစ်အသုံးပြုသော ဆီအမျိုးအမည်များမှာ မြေပဲဆီ၊ နှမ်းဆီ၊ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုပ်ဆီ၊ ဖွဲနုဆီ၊ သံလွင်ဆီနှင့် ရောနှောဆီများဖြစ်ကြသည်။ အချို့သော စားသုံးဆီများကို ပြည်တွင်း၌ပင်ထုတ်လုပ်ပြီး အချို့ကို ပြည်ပနိုင်ငံများမှ မှာယူတင်သွင်းကြရပါသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အားလုံးသည် အပင်ထွက်ဆီများသာ (Vegetable Oils) ဖြစ်ကြပါသည်။
