ဒီမိုကရေစီနှင့် ရွေးကောက်ပွဲများ
ဒီမိုကရေစီစနစ်ကို ပြည်သူ့အုပ်ချုပ်ရေးစနစ်ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ဒီမိုကရေစီစနစ်တွင် အစိုးရကို ပြည်သူက ရွေးကောက်တင် မြှောက်ကြရသည်။ တစ်နည်းအားဖြင့် ပြည်သူ့ကိုယ်စား တိုင်းရေးပြည်မှုများကို စီမံခန့်ခွဲမည့် ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူများက ဆန္ဒမဲပေးရွေးချယ်ကြရ၏။ ထို့ကြောင့် ဒီမိုကရေစီစနစ်သို့ သွားမည်ဆိုလျှင် ရွေးကောက်ပွဲ လမ်းကြောင်းကို မလွဲမသွေဖြတ်သန်း ကြရမည်ဖြစ်သည်။
