ယနေ့သည် ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်ကိုလွန်မြောက်၍ ၂၀၂၁ ခုနှစ်သို့ -စတင်ကူးပြောင်းရောက်ရှိ သောနေ့ ဖြစ်သည်။ တစ်နှစ်မှတစ်နှစ်သို့ ကူးပြောင်းခြင်းသည် လောကသဘာဝဖြစ်သော်လည်း ယခုနှစ်သစ်သည် မိမိတို့နိုင်ငံကိုအသစ်တစ်ဖန်စတင်သန့်စင်မည့် ထူးခြားသည့် နှစ်တစ်နှစ်ဖြစ်၍ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်ဖြစ်စေရန် ပြည်သူပြည်သားအားလုံး လက်တွဲညီညာ ပူးပေါင်းပါဝင်ကြရမည် ဖြစ်ပါသည်။
နှစ်သစ် ငြိမ်းချမ်းပါစေသတည်း
နှစ်သစ်ကူးခဲ့ပြီ။ ခရစ်နှစ် ၂ဝ၂ဝ ကို ထားရစ်ခဲ့ကာ ၂၀၂၁ သည် မင်္ဂလာ ရှိစွာ ချင်းနင်းဝင် ရောက်လာပြီ။
လွတ်လပ်ရေးကျေးဇူးဆပ်၍တာဝန်ကျေ
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ဇမ္ဗူတစ်ခွင်၌ ဂုဏ်ရောင်ထွန်းပြောင် သည့် လွတ်လပ် သော နိုင်ငံအဖြစ် နှစ်ပေါင်းထောင်ချီရပ်တည်ခဲ့သည်။ သက်ဦးဆံပိုင်ပဒေသရာဇ်စနစ်ဖြင့် နှစ် ပေါင်း ရှည်လျား စွာ ဖြတ်သန်းခဲ့သော်လည်း ကိုယ့်အရှင်၊ ကိုယ့်သခင်နှင့်အတူ လွတ်လွတ် လပ်လပ် ကျေကျေ နပ်နပ် နေခဲ့ကြရသည်။ တစ်ရံတစ်ခါကာလ၌သာ တိုင်းတစ်ပါးမှ ကျူးကျော်မှု အချို့ရှိခဲ့ပြီး ကျူးကျော်လာ လျှင်လည်း ရဲရင့်ပြောင်မြောက်သော စုစည်းမှု အားဖြင့် တွန်းလှန်မောင်းထုတ်နိုင်ခဲ့သည်။ ။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၂၅)ဦးအား မြန်မာသံရုံး၊ မနီလာမြို့မှ စီစဉ်သည့် မြန်မာအမျိုးသား လေကြောင်း လိုင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၈ ၀၀) နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိ ခဲ့ကြပါသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် အထွေထွေ ညီလာခံ ကျင်းပ
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် အထွေထွေညီလာခံ ကို ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပသည်။
ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေ အရာရှိများ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေး
ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေအရာရှိ များ၏ အဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၅ ရက်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်း အဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ဂုဏ်ပြု ဖျော်ဖြေ ပွဲကို သောကြာနေ့ညတွင် ဆက်လက်ဖျော်ဖြေမည်
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ကို ဂုဏ်ပြု သော အားဖြင့် မြန်မာ့အသံ(ရေဒီယို)တွင် ထင်ရှားကျော်ကြားခဲ့သော တေးသီချင်းများ အနက်မှ (၇၅)ပုဒ်ကိုရွေးချယ်ပြီး အပတ်စဉ် သောကြာနေ့တိုင်း MRTV ၏ ည ၈ နာရီသတင်းအပြီးတွင် ထုတ်လွှင့် လျှက်ရှိရာ ဒီဇင်ဘာ ၁၈ ရက် ညတွင် ပွဲစဉ် (၂)ကို ဆက်လက်ဖျော်ဖြေမည် ဖြစ်သည်။
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှုဆိုင်ရာ အရှိန်အဟုန် မြှင့် ဆောင်ရွက် နိုင်ရေး ညှိနှိုင်းဆွေးနွေး
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင် အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီ စောင့်ရှောက် ရေးကော်မတီ (KHCC)တို့၏ စတုတ္ထအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း တွင် လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO)၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ (INGO)၊ အရပ်ဖက်အဖွဲ့အစည်းများ(CSO)၊ ကဏ္ဍခွဲ အလိုက် လုပ်ငန်းအဖွဲ့များ (SSWG) တို့နှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP) (2021-2030) ရေးဆွဲရေးအတွက် အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO)၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGO)၊ အရပ်ဖက်အဖွဲ့အစည်းများ(CSO)၊ ကဏ္ဍခွဲ အလိုက်လုပ်ငန်းအဖွဲ့များ (SSWG) တို့နှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) မှ အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကားပြောကြားရာတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) သည် ၂၀၁၂ ခုနှစ်က ဆောင်ရွက်ခဲ့သည့် ဘက်စုံလွမ်းခြုံနိုင်သောပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေးလုပ်ငန်း (The Comprehensive Education Sector Review - CESR) နှင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၀) တို့၏ အဆက်ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုးမှုပန်းတိုင် (SDG-4)၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက် ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)၊ OECD’s Learning Compass (2030), ယူနက်စကို၏ Future of Education (2030) တို့နှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက် ရခြင်းဖြစ်သည့်အတွက် အကောင်အထည်ဖော်ဆောင်ရွက် သည့် ကာလမှာ ၁၀ နှစ်ဖြစ်ပါကြောင်း၊ အမျိုးသား ပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)ရေးဆွဲရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာ ယနေ့ကျင်းပ သော အစည်းအဝေးသည် ၁၅ ကြိမ်မြောက် အစည်း အဝေးဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲတွင် Power Point ဖြင့် တင်ပြနိုင်ရေးအတွက် မဟာဗျူဟာ (Strategies) နှင့် လုပ်ငန်းအစီအစဉ် (Components) များကို ရေးဆွဲပြုစု ပေးကြပါသော နိုင်ငံတကာအကြံပေးပညာရှင်များနှင့် ပြည်တွင်း ပြည်ပ အကြံပေးပညာရှင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၊ မူကြမ်းရေးဆွဲရေးအဖွဲ့များ၊ ပူးပေါင်းဆောင်ရွက်သူများအားလုံးနှင့် အစည်းအဝေးသို့ တက်ရောက် လာသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ကဏ္ဍခွဲအလိုက်လုပ်ငန်းအဖွဲ့ တို့မှ တာဝန်ရှိပုဂ္ဂိုလ်များကို ကျေးဇူးတင်ရှိပါကြောင်း၊ COVID-19 ကပ်ရောဂါဖြစ်ပွားမှုနှင့်အတူ အခြေခံပညာကျောင်းများ၊ နည်းပညာနှင့်သက်မွေးပညာကျောင်းများ၊ တက္ကသိုလ်များ ဘေးကင်းလုံခြုံ၍ ကျန်းမာပျော်ရွှင်သော အရည်အသွေးရှိ တစ်သက်တာသင်ယူမှု ဝန်းကျင် ကောင်းများဖြစ်ရန် လိုအပ်လာပါကြောင်း၊ အရည်အသွေးရှိပညာရေးစနစ်ကို စဉ်ဆက်မပြတ် သင်ယူနိုင်ရေးနှင့် အထူးသဖြင့် တိုင်းရင်းသားဒေသများ၊ ဝေးလံခေါင်ဖျားဒေသများ၊ ဖွံ့ဖြိုးမှုအားနည်းသော ဒေသများရှိ ကျောင်းသူ ကျောင်းသားများ သင်ယူနိုင်ရေးကိုလည်း ပညာရေးဝန်ကြီးဌာနက ဦးစားပေးပါကြောင်း၊ ယနေ့ ခေတ် ကာလတွင် ဒီဂျစ်တယ်နည်းပညာဖြင့် လေ့လာသင်ယူမှုကို အားပြုဆောင်ရွက်လာရသည်ဖြစ်ရာ High-Tech Learning နှင့် High-Touch Learning တို့ကို အသုံးပြုကာ ပေါင်းစပ်သင်ယူမှုပုံစံ (Blended Learning) ဖြင့် ပြည်ထောင်စုကြီး အတွင်း နေထိုင်သူများအားလုံး၊ ကျောင်းသူ ကျောင်းသားများ၊ သင်ယူသူများ၊ တစ်သက်တာလေ့လာ သူများ ၂၁ ရာစုကျွမ်း ကျင်မှုနှင့်အရည်အသွေးများ ရရှိစေရန် အာမခံနိုင်သည့် အရည်အသွေးရှိသော ကျောင်းများ၊ အဖွဲ့အစည်းများ၊ တက္ကသိုလ်များ ဖြစ်အောင် ပူးပေါင်းဆောင်ရွက် ပေးကြ ပါရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားပါသည်။
ရာသီဥတုပြောင်းလဲမှုတုံ့ပြန်ရေးတွင်ပါဝင်
ကုလသမဂ္ဂ၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ချီလီနှင့်အီတလီတို့နှင့် မိတ်ဖက် ပူးပေါင်း၍ ပါရီသဘော တူညီချက် (၅) နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အဖြစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အွန်လိုင်းစနစ်ဖြင့်ကျင်းပခဲ့သည့် climate Ambition Summit ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဗီဒီယိုဖြင့် မိန့်ခွန်းတစ်ရပ်ပြောကြားပြီး ရာသီဥတုပြောင်းလဲမှု ကို တုံ့ပြန်ဖြေရှင်းရေးအတွက် မြန်မာနိုင်ငံ၏ ကတိကဝတ်များကို ကြေညာ ခဲ့သည်။
