One News သတင်းဌာနမှ သတင်းထောက် ဦးသွင်ထူးအောင်က မေ၂၁ ရက် က နိုင်ငံရေးပါတီနှင့် UEC တို့ တွေ့ဆုံဆွေးနွေးပွဲတွင် လက်ရှိ UEC ဥက္ကဋ္ဌ ဦးသိန်းစိုးက ရွေးကောက်ပွဲဥပဒေ ချိုးဖောက်ခဲ့သည့် NLD ပါတီကို ဖျက်သိမ်း သည်အထိ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ခြင်းကို သတင်းမီဒီယာအချို့က ထုတ်လွှင့်ခဲ့ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်၍ ထိုသို့လုပ်ဆောင်မှုရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း
လူထုရင်ဖွင့်သံ သတင်းဌာနမှ အယ်ဒီတာ ဦးမင်းဂေါင်က လုံခြုံရေးကိစ္စနှင့် ပတ်သက်၍ ပြည်သူများ၏ စိုးရိမ်သံများကို နေ့စဉ်နှင့်အမျှ ကြားနေရပါကြောင်း၊ လုံခြုံရေးကိစ္စဆိုလျှင် နံပါတ်တစ် ရဲတပ်ဖွဲ့နှင့်တပ်မတော်ကို လူတွေပြေးမြင်ကြကြောင်း၊ တကယ်ဆိုလျှင် အုပ်ချုပ်ရေး၏ အခြေခံယန္တရား မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများသည် လည်းအဓိက ပါဝင်ကြကြောင်း၊ အခြေခံ ကျသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ သည် တရားဥပဒေစိုးမိုးရေးနှင့် ဒေသအတွင်းလုံခြုံရေးတွင် အဓိကတာဝန်ရှိ သည့်အတွက် အုပ်ချုပ်ရေးမှူးများကို ပြောင်းလဲပြီး ရွေးချယ်ခန့်အပ်လိုက်သည့် အခါ အချို့ကိစ္စများမှာ မိမိတို့ထံသို့ ပြည်သူများမှ တက်လာသည့်အသံများ vopsiclopèa CRPHI NUG I PDF စသည့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပြီးသား အဖွဲ့အစည်းများနှင့် ဆက်စပ်နေသည့် အုပ်ချုပ်ရေးမှူးများ တက်လာသည်ကိုလည်း တွေ့ရှိရသည့်အတွက် ရပ်ကျေး၏ အခြေခံ အုပ်ချုပ်ရေးယန္တရားအတွက် လိုအပ်သည့် အုပ်ချုပ်ရေးမှူးများကို စနစ်တကျ ပြန်လည်စိစစ်ပြီးရွေးချယ်ရန် ရှိ/မရှိနှင့် စနစ်တကျမှန်ကန်စွာနှင့် တကယ် ပူးပေါင်းဆောင်ရွက်လာသည့် အုပ်ချုပ်ရေးမှူးများ၏ မိသားစုဘဝလုံခြုံရေးကိုလည်း ဘယ်လိုတာဝန်ယူမလဲဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။
၉-၄-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း
(ယမန်နေ့မှအဆက်)
၈၈။ ရဲဘောက်ဂျာနယ်မှ အုပ်ချုပ်မှု အယ်ဒီတာ ဒေါ်သီရိနေလင်းက မိမိတို့နိုင်ငံတွင် လူအများဆုံး အသုံးပြုနေသည့် facebook သည် ဒီမိုကရေစီ မရှိသည်မှာ ကျိန်းသေကြောင်း၊ တပ်မတော် သတင်းမှန်ပြန်ကြားရေး Account ဖြုတ်ချခံရသကဲ့သို့ မိမိတို့၏ Account များလည်း ဖြုတ်ချခံရကြောင်း၊ သို့ဖြစ်၍ မိမိတို့နိုင်ငံတွင် facebook ကဲ့သို့ ကိုယ်ပိုင် server တစ်ခု လုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိ သိလိုကြောင်း၊ လုပ်ဆောင်ရန်ရှိလျှင်လည်း မည်သည့်အခြေအနေ ရောက်နေသည်ကို သိလိုကြောင်း မေးမြန်းသည်။
၈၉။ ဗိုလ်ချုပ်ဇော်မင်းထွန်းက facebcck နှင့် အလားတူ အသုံးချနိုင်သည့် လူမှုကွန်ရက် application မျိုးကို စတင်စမ်းသပ်လုပ်ဆောင်လျက်